ကျွန်တော်သိသော Android အကြောင်း (၃)
အားလုံး မင်္ဂလာပါလို့  ဦးစွာ နှုတ်ခွန်းဆက်ပါရစေ။
ယခုအပိုင်းမှာတော့ ကျနော် Android Run Time မှာပါဝင်တဲ့ Dalvik Virtual
Machine ရဲ့  အလုပ်လုပ်ပုံကို အနည်းငယ်တင်ပြဆွေးနွေးလိုပါတယ်။
Dalvik VM ဆိုတာဘာလဲ?
Dalvik VM ဆိုတာ ၂၀၀၅ ခုနှစ်လောက်မှာ Android mobile ကိရိယာများအတွက် အထူးသီးသန့် ဒီဇိုင်းထုတ်ပြီး Google မှ Engineer ဖြစ်သူ Dan Bornstein ဦးဆောင်သော အဖွဲ့  က တည်ဆောက်ထားတဲ့ Virtual Machine ဖြစ်ပါတယ်။
Java Virtual Machine ( JVM )
ဒီနေ ရာမှာ ကျနော် Java Virtual Machine ကို Android mobile devices
များအတွက် သီးသန့် အထူးထုတ်လုပ်ထားတဲ့ထုတ်လုပ်ထား Dalvik Virtual
Machine နှင့် အနည်းငယ် နှိုင်းယှဉ် တင်ပြလိုတာကြောင့် JVM ကို ဦးစွာ
ရှင်းလင်းတင်ပြပါရစေ။
အောက်က ပုံကို တချက်ကြည့်ပေးပါ။

သင်ကြိုက်နှစ်သက်ရာText Editor (ဥပမာ -Notepad လိုမျိုး
ရေးသားပြင်ဆင်နိုင်တဲ့ ပရိုဂရမ်တစ်မျိုး) မှာ ကျနော်တို့  Java Program
တခုကိုေ၇းသားနိုင်ပါတယ်။
example HelloWorld java program
public class HelloWorld{
public static void main (String[] args){
System.out.println(“Hello World”);
}
}
ကျနော်တို့  ဒီဥပမာ Java Program လေးကိုကို Text Editor
တခုခုမှာရေးသားလိုက်ပါတယ်။ ပြီးတော့ ကျနော်တို့  class name နဲ
့နာမည်တူအောင် ပေးပြီး classname.java (HelloWorld.java) ဆိုပြီး
သိမ်းလိုက်ပါတယ်။ ဒါကို ကျနော်တို့ က source code လို့  ခေါ်ပါတယ်။ ဒီ
source code file မှာ ပြင်ဆင်ခွင့်ရေးသားခွင့်ရှိပါတယ်။ အဲဒီ source code
ကို java compiler က compile လုပ်လိုက်တဲ့အခါမှာ classname.class
ဆိုပြီး file တဖိုင်ကျလာပါလိမ့်မယ်။ source file ကို compile
လုပ်တဲ့အခါ ရရှိလာတဲ့ file ဟာ bytecodes ဖြစ်ပါတယ်။ ဒီ bytecodes ဟာ
Operating System (OS ) နားလည်တဲ့ အဆင့်တော့မရောက်သေးပါဘူး။
Source code ကို ရေးသားရာမှာ တခုခုမှားယွင်းခဲ့ရင် compile
လုပ်တဲ့အခါမှာ errors တွေပြပါလိမ့်မယ်။ တကယ်လို့ မှားယွင်းခဲ့ပြီး errors
ပြခဲ့ရင်တော့ bytecodes ဖြစ်တဲ့ classname.class (HelloWorld.class)
ဟာကျလာမှမဟုတ်ပါဘူး။ ဒီ errors ကိုတော့ compile time errors လို
့ခေါ်ပါတယ်။ ဒီအဆင့်က ဘယ်လို ဥပမာပေးရမလဲဆိုတော့ English Grammar
ရေးသားတာနဲ့ ဥပမာပေးပါ့မယ်။ English စာမှာဆိုရင် စာကြောင်း တကြောင်းရဲ
့အစကို အကြီးနဲ့ ရေးသားရမယ် စာကြောင်း (၀ါကျ) အဆုံးမှာ full stop (.)
ပါဝင်ရမယ်။ စသည်ဖြင့် နည်းဥပဒေတွေရှိပါတယ်။ ဒီလိုပဲ Java programming
ကိုရေးသားရာမှာ လိုက်နာရမည့် syntax rules တွေရှိပါတယ်။(ဒီအကြောင်းကို
နောက်ပိုင်း Java tutorials များမှာဆက်လက်လေ့လာနိုင်ပါတယ်)
တကယ်လို့ မှန်ခဲ့တယ်ဆိုပါစို့ … classname.class (HelloWorld.class)
ဖိုင်လေးကျလာပြီဆိုရင် အဲ *.class file ကို Java Virtual Macnhine (JVM
) က interpret လုပ်လိုက်တဲ့အခါမှာ OS နားလည်တဲ့ executable file
ဖြစ်ပြီး မိမိရေးသားခဲ့တဲ့ ပရိုဂရမ်အတိုင်း ကွန်ပျူတာက
လုပ်ဆောင်ပေးမှာပါ။ ဥပမာ program မှာ Hello World ကိုရိုက်ထုတ်ဖို
့ရေးသားထားလို့  Hello World ကို ရိုက်ထုတ်ပေးပါလိမ့်မယ်။
တကယ်လို့ များ interpret (run)လုပ်လိုက်တဲ့အချိန် errors တွေပြခဲ့ရင်
ဒါဟာ Run Time errors ပါ။ ဒါကို ဘယ်လို ဥပမာပေးရမလဲဆိုတော့ ကျနော်တို
့Microsoft World မှာ စာရိုက်တာနဲ့  ဆင်တူပါတယ်။ MS world ကျနော်တို
့English စာ ၀ါကျရေးသားရာမှာ စာလုံးပေါင်းမှားရင်၊ အကြီးအသေးမှားရင်၊
စားလုံးထားသိုနေရာထားမှု (space) များမှားတဲ့အခါ အနီရောင် အစိမ်းရောင်
အတွန့် ကလေးတွေ ပြတာ သတိထားမိမှာပါ။ ဒါဟာ programming မှာဆို syntax
မှားတာပေါ့။ အဲလိုမှားပြီး Run လို့ ကတော့ compile လုပ်တဲ့အဆင့်မှာကို
errors တွေတက်မှာပါ။ တခါတလေ ကိုရေးသားတဲ့အခါမှာ လုံးဝ အဲလို အနီရောင်
အတွန့်  မျဉ်းလေးတွေမပြ ဘူးဆိုတိုင်း မှန်တယ်မထင်ပါနဲ့ ။ ဥပမာ ကျနော်က I
am Aung Aung. လို့ များ ရေးသားခဲ့ရင် ဘာအမှားမှ ပြမှာမဟုတ်ပါဘူး။
ဘာလို့ လဲဆိုတော့ ရေးသားပုံ grammar ကမှန်နေတာကိုးဗျ။ ဘယ်နေရာမှာ
မှားမလဲဆိုတော့ ကျနော့်ကိုသိတဲ့လူတွေဖတ်တဲ့အခါ ဟ မင်းက Aung Aung
မဟုတ်တာYe’ Paing Phyo ပါကွဆိုပြီးပြန်ပြောပါလိမ့်မယ်။ ဒါမျိုးကို Run
Time errors လို့ ခေါ်ပါတယ်။ ဒီနေရာမှာ compile time errors နှင့် run time
errors ကို ရှင်းလင်း နားလည်စေချင်တာပါ။
JVM ဟာ OS platform အတော်များများအတွက် ရရှိနိုင်တာမို့  Java ဟာ
platform လွတ်လပ်မှုရှိတယ်လို့ ဆိုနိုင်တာပေါ့။ ဒါကြောင့် သင်ဟာ Windows
OS မှာ compile လုပ်ထားတဲ့ HelloWorld.class ဖိုင်လ် ကို JVM တင်ထားတဲ့
ကြိုက်တဲ့ OS မှာ interpret လုပ်နိုင်ပြီပေါ့။
အားလုံးကို ပြန်ခြုံငုံ ပြောရရင်တော့ Text editor တခုခုမှာ java
program (classname.java) ရေးသားထားတဲ့ source code ကို compile
လုပ်တဲ့အခါ byte codes (classname.class) ရပါတယ်။ အဲ .class file ကို JVM
က interpret လုပ်လိုက်မှ OS နားလည်တဲ့ executable file/program
ရလာတာပါ။
Dalvik VM ကို ရှိနှင့်ပြီးသား Java Virtual Machine (JVM )
ထက်ပိုမိုကောင်းမွန်အောင်၊ အထူးသဖြင့်
ကြိုးမဲ့မိုဘိုင်းကိရိယာများအတွက် ရည်ရွယ်
ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Mobile device တွေဟာ သယ်ယူရ
အဆင်ပြေလွယ်ကူစေရန် အရွယ်အစား အားဖြင့် သေးငယ်အောင် ထုတ်လုပ်ရတာ
ဖြစ်တဲ့အတွက် Battery life, processign power, memory management
ပြဿနာတွေကရှိနေဆဲဖြစ်ပါတယ်။ Dalvik ကို အဓိကအားဖြင့် battery life
ကြာချိန်နှင့် မောင်းနှင်တွက်ချက်နိုင်စွမ်းအား processing power တို
့ကဲ့သို့ သော mobile devices များ၏ အကန့် အသတ်များအတွက် အဆင်ပြေစေရန်
ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်လောက်မှာ Google က Dan Bornstein ဦးဆောင်တဲ့ Engineer အဖွဲ
့ဟာ Dalvik VM ဖြင့် JVM ကို အစားထိုးနိုင်ဖို့ အသည်းအသန်
ကျားကုတ်ကျားခဲ ကြိုးပန်း ဖန်တီးရလဲဆိုတာ နောက်ကွယ် မှာအကြောင်းအရင်း
တခုရှိနေသေးလို့ ပါပဲ။ ဒါဆို အဲဒါဘာများဖြစ်မလဲ? LICENSE ခွင့်ပြုမှု
ကိစ္စကြောင့်ဖြစ်ပါတယ်။ အမှန်တကယ်တော့ Java Programming Language, Java
tools and Java Libraries တွေဟာ မည်သူမဆို ရယူသုံးစွဲနိုင်သော (Open
Source) ဆိုပေမယ့် Java Virtual Machie (JVM) ကတော့ Free မဟုတ်ပါဘူး။
ဒီကိစ္စကလဲ Dalvik ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်း တရပ်ပါပဲ။ ဒါပေမယ့်လည်း
ခုချိန်ခါမှာတော့ Sun အဖွဲ့ ကြီးမှ Java ဖြင့်တည်ဆောက်ထားသော VM ကို
အစားထိုးစရာအဖြင့် Open JDK နှင့် Apache Harmony တို
့လည်းရှိနေပြီဖြစ်သည်။ ဒီနေ ရာမှာသတိထားမိရမှာက လူသားတွေရဲ
့တီထွင်ဖန်တီးလိုမှုဖြစ်ပါတယ်။ Open Source အဖွဲ့ စည်းတွေဟာ ကန်
့သတ်မှုတွေကိုကျော်လွှားနိုင်ဖို့  အသစ်တီထွင်ဖန်တီးနိုင်ဖို့ ကို
အမြဲတမ်းကြိုးစားကြပါတယ်။ လူသားတွေရဲ့ တီထွင်ဖန်တီးမှုဟာလဲ အကန်
့သတ်တွေမရှိတဲ့အခါ ပိုမိုတောက်ပြောင်လာအုံးမှာပါပဲ။
Dalvik VM & Java VM
Java မှာ source file ကို text editor တခုခုမှာရေးသားပြီး java
compiler ( javac HelloWorld.java) ကိုသုံးပြီး Java byte codes အဖြစ်
ပြောင်းလဲကာ compile လုပ်ပါတယ်။ ထို့ နောက် Java byte code ကို Java VM
ပေါ်တွင် run (java HelloWorld) ယူသည်။ Android OS ပေါ်တွင်မှု မတူတော့သည့်
ကိစ္စများရှိလာသည်။ source file (*.java) ကို compiler ဖြင့် java byte
codes (*.class) ဖိုင်ရယူသည်အထိက အတူတူုဖြစ်ပါတယ်။ သို့ သော်
ထိုအဆင့်တွင် Dalvik compile ကို ထပ်ဖြတ်ပြီး Dalvik byte code အဖြစ်
ထုတ်ယူပြီး ရရှိလာတဲ့ Dalvik byte code ကိုမှ Dalvik VM ပေါ်တွင်
အလုပ်လုပ်စေခြင်းမျိုးဖြစ်ပါတယ်။

ကျနော် တို့ ဒီနေ ရာမှာ သတိထားရမှာက Dalvik byte code ရအောင် java က နေ
တိုက်ရိုက်မထုတ်ယူပဲ Dalvik compiler ကို
တဆင့်ခံသုံးထားတယ်ဆိုတာကိုပါ။ ဒီလို တဆင့်ခံသုံးထားတာကြောင့်
အကျိုးဆက်များ ဖြစ်လာပါတယ်။ ဥပမာ- java byte code ဖြစ်စေတဲ့ ( Python/ Ruby
စသည့်) မည်သည့် programming language မဆို Android Application များ
ရေးသားနိုင်သွားခြင်းမျိုးဖြစ်သည်။
Java မှာ အဓိကအားဖြင့်အောက်ပါအတိုင်း …
Java Standard Edition (J2SE) – Desktop application များရေးသားရာတွင် အသုံးပြုသည်။
Java Enterprise Edition ( J2EE) – Enterprise System , e-Commerce
ကဲ့သို့ သော လုပ်ငန်းကြီးများ အတွက် application များရေးသားရာတွင်
အသုံးပြုသည်။
Java Micro Edition (J2ME/ Java ME) – java phone များ mobile application များအတွက်ဖြစ်သည်။
Android တွင် ပါဝင်ပေါင်းစပ်သော java libraries များမှာ Java Standard
Edition နှင့်အနီးစပ် ဆုံးဖြစ်သည်။ ၄င်းတို့ ၂ ခု၏ အဓိက ကွာခြားသော
အချက်မှာ J2SE မှ user interface libraries ကို ဖယ်ထုတ်လိုက်ပြီး
Android အဓိက user interface librarires
များကိုဖြည့်သွင်းထားခြင်းဖြစ်သည်။ သို့ သော Java ၏ standard features
များကို ထောက်ပံ့ပေးထားသည်နှင့် တပြိုင်နက်တွင် features အသစ်များကိုလည်း
Android တွင် ဖြည့်စွက် ထည့်သွင်းထားပေးပါသည်။ နောက် တပိုင်းမှပဲ
Application Framework များ နှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေးပါတော့မယ်။
Post By: Ye` Paing Phyo
Ref: www.dalvik.com, The Basic Principle of Developing Android Applications (Sayar Win Hein)
No comments:
Post a Comment