ကျွန်တော်သိသော Android အကြောင်း (၄)
ပထမတော့ ကျနော် Android SDK & Java SDK installation လုပ်ပုံ နဲ
့Hello World Program တခုရေးပြီး မိတ်ဆက် မလို့ ပါပဲ။ ဒါပေမယ့် Android
အကြောင်းကို ပိုပြီးနက်နက်နဲနဲသိစေချင်တာနဲ့ ဒါလေးရေးဖြစ်သွားတာပါ။
ယခုအပိုင်းမှာ Activities တွေအကြောင်းကို ပြောချင်ပါတယ်။ ၄င်းဟာ
ဘယ်လောက်အရေးကြီးကြောင်း မပြောလိုပေမယ့် လေ့လာဖတ်ရှု့ရင်းနဲ့ Mobile device
တွေအတွက် အသက်တခုပဲဆိုတာ သဘောပေါက်လာမယ်ထင်ပါတယ်။
Activities ဆိုတာဘာလဲ?
Activity
ဆို Android Application တခုရဲ့ component တခုလို
့ပြောလို့ ရပါတယ်။ အလွယ်ဆုံးပြောရရင် အသုံးပြုသူ (user) ဟာ Application
တခုကိုသုံးနေတဲ့အချိန်မှာ Screen ပေါ်မှာပေါ်နေတာ မြင်နေရတာကို Activity
တခုလို့ ပြောလို့ ရပါတယ်။ ဥပမာ ကျနော်ကသူငယ်ချင်းတစ်ယောက်ရဲ့ 
ဆက်သွယ်ရန်လိပ်စာ (Contact Address)
တခုကိုရေးမှတ်နေတယ်ဆိုပါစို့ ။ အဲဒီအချိန်မှာ မြင်နေရတဲ့ screen ဟာ
Activity
တခုပါ။ Application တခုမှာ Activities တွေအများကြီးရှိနိုင်ပါတယ်။
ပြီးတော့ ကျနော်တို့ ကလဲ Activities တွေကို တခုကနေ တခုကို အပြန်အလှန်
ကူးပြောင်းအသုံးပြုနေပါတယ်။ user နဲ့ လုံးဝ interaction ရှိတဲ့သဘောပါ။
ဒါကို လွယ်ကူတဲ့ ဥပမာ တခုပေးရမယ်ဆိုရင် ကျနော်တို့ Website
ကြည့်ရှု အသုံးပြုချင်းနဲ့  ဥပမာပြနိုင်ပါတယ်။ ကျနော်တို့ website
တခုကို ကြည့်ရှု အသုံးပြုတဲ့အခါမှာ ၄င်းမှာ webpage တွေအများကြီးရှိတာ
သတိထားမိမှာပါ။ ဒီ Webpage တွေကို ကျနော်တို့ က activities တွေအဖြင့်
မြင်ကြည့်ရအောင်လား။ ပြီးတော့ ကျနော်တို့ Webpage တခုကနေ တခုကို
ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လှည့်ပတ်ကြည့်ရှုကြပါတယ်။ Website တခုမှာ
Home Page ရှိသလိုပဲ ကျနော်တို့ ရဲ့ Android app တခုမှာလဲ main activity
ဆိုတာရှိပါတယ်။ Main Activity ဟာ ကျနော်တို့ application ကို စတင်
launch လုပ်လိုက်တဲ့အခါ ပေါ်လာတဲ့ screen ပေါ်မြင်ရတဲ့ activity ပါပဲ။
Website တွေမှာ Webpage အချင်းချင်း Links ဖြင့်
ချိတ်ဆက်ညွှန်းတာသတိထားမိမှာပါ။ ဒီလိုပါပဲ Android app တွေမှာလဲ activity
တခုကနေ တခုကို ချိတ်ဆက် အလုပ်လုပ်နေပါတယ်။ ဥပမာ ကျနော်က
ဓါတ်ပုံရိုက်တဲ့ application ကိုသုံးနေတယ် ရိုက်ပြီးတော့ save
လုပ်တယ်။ နောက် Edit လုပ်ချင်ရသေးတယ် အဲလို တခုကနေတခုကို
ကူးပြောင်းချိတ်ဆက်နေတာကိုဆို လိုချင်တာပါ။ နောက်ပြီး Website
တခုကနေပြီး အခြား website တခုကို Link ချိတ်ဆက်ပြီး ညွှန်းတာကိုလဲ
သတိပြုမိမယ်ထင်ပါတယ်။ ဒီလိုပါပဲ Android app တခုကနေ တခုကို
ပြောင်းလဲချိတ်ဆက်ကာ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ ကျနော် တို့ Facebook
application တခုကိုသုံးနေတယ်ဆို ပါစို့ ။ ကျနော်တို
့ဓါတ်ပုံတင်ချင်တယ်ဆို camera application ကိုချိတ်ဆက်ပြီး
ခုဏရိုက်ထားတဲ့ပုံကို တင်မလား ဒါမှမဟုတ် အသစ်ရိုက်မလားဆိုပြီး
application တခုကနေတခုကို ပြောင်းလဲ ချိတ်ဆက်ကာ ခေါ်ယူအသုံးပြုပါတယ်။
နောက် ဥပမာ တခုပေးရလျှင် camera application မှာ ဓါတ်ပုံကို email ပို
့ရန်အတွက် mail app တခုကိုခေါ်သုံးသည်။ ထို mail app မှ mail ပို့ မည့်
လိပ်စာအတွက် contact book app မှ contact list ကိုရယူအသုံးပြုသည်။
ဒီလို အသစ်အသစ် သော activity တွေဟာ user ရဲ့ interact
ပေါ်မူတည်ပြီးပြောင်းလဲနေပါတယ်။ Activity တခုအသစ်ပေါ်လာတိုင်း
အရင်အသုံးပြုခဲ့တဲ့ Activity ဟာ pause state ဖြစ်သွားပါတယ်။
ဘာကြောင့်လဲဆိုတော့ mobile မှာ screen သေးလေး တခုသာ
ပိုင်ဆိုင်တာကြောင့် တခုနဲ့ တခုကို အစားထိုးပြသနေရတာ
ကြောင့်ပဲဖြစ်ပါတယ်။
Activity Life Cycle
-------------------------
ကျနော်တို
့Android Application တခုကို ပထမဆုံး စဖွင့်လို်က်ပြီဆိုပါစို့ ။
ဒါActiviy တခုကို mobile device မှာ launch လုပ်လိုက်ခြင်းဖြစ်ပါတယ်။
ဒီလိုလုပ်လိုက်တဲ့အခါမှာ Mobile OS ပေါ်မှာ Linux Process
တခုကိုဖန်တီးရယူခြင်း၊ User Interface Object များအတွက် Memory ကို
ဖဲ့ယူသုံးစွဲရခြင်း Screen တခုလုံးကို Set up လုပ်ရခြင်း စသည်ဖြင့်
activity ဖြစ်လာဖို့ ဒီလို Resource တွေ မျှယူသုံစွဲရပါတယ်။ ယခုလို
အဆင်ဆင့် ဖန်တီးထားတဲ့ actvity ဟာ ခဏလေး သာ ကြည့်ဖို့ ဖြစ်သွားပါတယ်။
ဘာလို့ လဲဆိုတော့ အသုံးပြုသူ (user) ဟာ နောက် activity တခုကို
ကူးပြောင်းသွားမှာဖြစ်ပါတယ်။ အသုံးပြုသူ ကလဲ နောက်ထပ် အသစ်သစ်သော activity
ကိုသာ ကူးပြောင်း ကာသုံးစွဲနေမှာဖြစ်ပါတယ်။ ဒီလို အဆင့်အဆင် ဒုက္ခခံ
ဖန်တီးထားတဲ့ activity တွေဟာ ခဏကြည့်ပြီး ပြန်ပိတ် ပြန်ပြီးဖွင့် နေရရင်
Mobile ရဲ့ စွမ်းဆောင်ရည်နဲ့ကတော့ လုံးဝ မဖြစ်နိုင်တော့တာ အသေချာပါပဲ။
ဒီလို တွေ ဖြစ်ပျက် ဖြစ်ပျက်ဖြစ်နေတဲ့ Activity Life Cycle ကို့ Activity
Manager ဖြင့် ထိန်းချုပ်ရပါတယ်။
What is Activity Manager?
Activity Manager ဆိုတဲ့အတိုင်း
Component Activity တွေကို စီမံခန့် ခွဲပါတယ်။ Activity Manager က
Activities များကို ဖန်တီးခြင်း၊ ဖျက်သိမ်းခြင်း ထိန်းချုပ်
စီမံချင်းများကို လုပ်ဆောင်ပါတယ်။ ကျနော်တို့  app တခုကို စပြီး
ဖွင့်လိုက်ပြီဆိုတာနဲ့  Activity Manager ဟာ Activity တခုကို
ဖန်တီးလိုက်ပြီး Screen ပေါ်ကို တင်ပေးလိုက်ပါတယ်။ နောက် ကျနော်တို
့နောက်ထပ် Activity တခုကို ကူးပြောင်းတဲ့အခါ Activity Manager ဟာ ပထမ
activity ကို ခတ္တ သိမ်းရာ Holding Place ပေါ်တင်လိုက်ပြီး နောက်ထပ်
activity တခုကိုဖန်တီးပေးပါတယ်။ တကယ်လို့ အသုံးပြုသူဟာ ယခင် Activity
ကို ပြန်သွားပါက အစအဆုံးပြန်လည် ဖန်တီးနေစရာမလိုတဲ့အတွက် ပိုမို
မြန်ဆန်စွာ launch လုပ်နိုင်မှာပါ။ activity တွေဟာ Pause state
မှာရှိနေပေမယ့်လဲ Memory ကိုတော့အနည်းနဲ့ အများကတော့
ယူသုံးနေအုံးမှာဖြစ်ပါတယ် ဒါကြောင့် မလိုအပ်တော့ဘူးလို့ ထင်တဲ့
မသုံးတာ ကြာတဲ့ Activity တွေကို AM ကနေ ဖျက်သိမ်း( destroy )
လုပ်လိုက်ပစ်ပါတယ်။ ထို့ ကြောင့် memory Free space ပိုမို ရရှိလာပြီး
Performace ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ UI ရဲ့  speed လဲသိသာစွာကောင်းမွန်တိုးတက်လာပါတယ်။ ဒါဟာ Activity Manager ရဲ့ အကျိုးကျေးဇူးတွေပေါ့။
Starting State
-----------------
Starting State ဆိုတာ mobile
device ရဲ့ Memory ပေါ်မှာ app မရှိသေးဘူးဆိုတဲ့သဘောပါပဲ။ app တခုကို
စဖွင့်လိုက်တဲ့ သဘောပေါ့။ အဲချိန်မှာ callback Method အများကြီး တပြိုင်ထဲ
run လေ့ရှိတဲ့အတွက် developer အနေနဲ့ callback method များကို
ကြိုတင်ပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီလိုအဆင့်တွေပြီးရင်တေ့ Running state ကို ရောက်သွားပါပြီ။
ဒီလို starting state ကနေ running state ကိုရောက်ဖို့ အတွက် computing
power ကို OS နဲ့ အတူ သုံးစွဲပါတယ်။ ဒီလိုပဲ Battery ကိုလဲ
အတူအသုံးပြုကြတယ်။ computing time ဘက်ကကြည့်မယ်ဆို
အတော့်ကိုသုံးစွဲတဲ့အချိန်ပေါ့။ ကျနော်တို့ app တခုရဲ့ activity
တခုကိုသုံးနေပြီး နောက်တခုကို ကူးပြောင်းတဲ့အခါ ပထမ activity က
holding place ပေါ်ရောက်သွားတာ အပေါ်မှာပြောခဲ့ပါတယ်။ ဘာကြောင့် တခါတည်း
destroy မလုပ်ဘဲ ဒီနောက်ကွယ်က activity တွေချန်ထားရလဲ ဆိုတော့ staring
state ကနေ running state ကိုရောက်ဖို့  Resource တွေအရမ်းသုံးရတယ်။
ကရိကထ နိုင်တယ်ဆိုရမှာပေါ့။ user က သူပြန်သုံးတဲ့အခါ ဒီလိုသာ
အစအဆုံးပြန်ပြီး စနေရရင် Performace ပိုင်းအရ ပြဿနာ ရှိနေပြီပေါ့။
ဒါကြောင့် တခါတည်း Destroy မလုပ်ပဲ ချန်ထားတာပါ။
Running State
---------------------
တခါတလေ Focus activity လို့ ခေါ်လေ့ရှိပါတယ်။ ကျနော်တို့ Android app
တခုခုကို အသုံးပြုနေတဲ့အချိန် ကျနော်တို့ စာရိုက်နေတာလဲဖြစ်မယ်
Website ကြည့်နေတာလဲဖြစ်မယ်၊ ဓါတ်ပုံရိုက်နေတာလဲဖြစ်မယ်၊ အဲလိုချိန်မှာ
User နဲ့ လုံးဝ Interact ရှိနေပါတယ်။ User သုံးနေတဲ့ Activity ကတော့
Focus Activity ပါပဲ။ အဲလိုချိန်မျိုးမှသူက Focus ဖြစ်နေတဲ့အတွက် Memory
နှင့် အခြား Resource များ တွေကို လက်ဝါးကြီးသိမ်းပိုက်ထားတဲ့အချိန်ပေါ့။
ဒီချိန်မှာ သူက ခရာကျတယ်လေ။ ဒါပေမယ့် အချိန်တချိန်မှာ Running State Focus
Activity တခုပဲရှိပါတယ် ဘာလို့ လဲဆိုတော့ အသုံးပြုသူက နောက်ထပ်
Screen တခုကိုပြောင်းလဲ သုံးပြုတာနှင့်တပြိုင်နက် ပထမ Activity လို့ 
ဟာ Focus မဟုတ်တော့ပါဘူး။ သူက Pause State ကို ပြောင်းလဲသွားရတယ်။
ဒါတွေအားလုံးကို Activity Manager က ကောင်းကောင်း
နောက်ကွယ်ကလုပ်ဆောင်ပေးနေတာပါ။
တခါတလေလဲ Running state Focus Activity ဆိုတိုင်း အရမ်းကြီး
အလုပ်ရှုတ်နေတဲ့ activity လို့ တရားသေ မယူဆ စေချင်ပါဘူး။ တခါတလေ running
focus activity တောင်မှ user ဆီက input ကိုစောင့်ဆိုင်းနေရတဲ့ အချိန်
အဲလိုမျိုး အခိုက်အတန့် မျိုးလဲ ရှိတက်တာပဲလေ။ ဒီလိုပဲ
stopped state မှာရှိနေတဲ့ activity ဟာလဲ ဘာမှ အလုပ်မလုပ်တော့ လို
့ပုံသေကားခြပ် ပြောလို့ မရနိုင်ပါဘူး။ ဒီလိုသတ်မှတ်ဖို့ ဆိုတာက
activty ဟာ focus state တွင်ရှိခြင်း မရှိခြင်း screen ပေါ်တွင်
ရှိခြင်းမရှိုခင်းတို့  အပေါ်မှာသာ အခြေခံခြင်းဖြစ်ပါတယ်။
Pause Statement
---------------------
အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ တကယ်လို့ Activity တခုဟာ Focus အဆင့် သုံးနေတဲ့အဆင့်မှာမဟုတ်တော့ရင်တောင်မှ Screen ပေါ်မှာရှိနေသေးပါတယ်။ Pause State မှာတော့ Resources တွေကတော့ ၄င်း activity အတွက် ဦးစားပေးအဆင့်တွင်ပင်ရှိပါသေးသည်။ ဘာကြောင့်လဲဆိုတော့ ၄င်းကို လုံးဝဖျက်သိမ်းလိုက်ခြင်းမရှိသေးသောကြောင့်ဖြစ်ပါသည်။
Stopped State
-------------------
၎င်း အဆင့်မှာ Activity
ဟာ Screen ပေါ်မှာရှိမနေတော့ပေမယ့် Memory ရဲ
့နေရာတခုမှာတော့ရှိနေပါသေးတယ်။ Pause state လောက် ဦးစားပေး
အဆင့်မဟုတ်ရင်တောင် Stopped Activity ဟာ လက်ရှိ အလုပ်လုပ်နေဆဲ Running
Focus state Activity တခုက ခေါ်ယူတဲ့အခါမှာ Focus Activity တခုအဖြင့်
Screen ပေါ်သို့ ပြန်လည်ရောက်ရှိလာနိုင်ပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ
ခေါ်ယူသုံးစွဲမှု မရှိဘူး မရှိနိုင်တော့ဘူးလို့  Activity Manager
ထင်ရင် လုံးဝ destroy လုပ်ပြီး Memory ပေါ်က ဖယ်ရှားလိုက်ပါတယ်။ Memory
ပေါ်မှာ Free space လိုအပ်မှုပေါ်ကိုကြည့်ပြီး AM က
အလုပ်လုပ်ဆောင်ပေးနေတာပါ။
ဥပမာ တခုပေးရမယ်ဆိုရင် ပြဇာတ်ပွဲ တခုဆိုပါစို့ ။ ပထမဆုံး
ပွဲထွက်ဖို့ တော်တော်ကြာတယ်ဗျ။ ကျနော်ကတော့ဘယ်သူပါ ဘာသီချင်းဆိုမှာဘာညာနဲ
့အချိန်တော်တော်ကြာတယ် ဒါ Android App တခုကို Launch လုပ်လိုက်တာနဲ
့ဆင်တယ်။ ။ state စင်မြင့် ကို Screen လို့ ယူစလိုက်ပါ။ စင်မြင့်
ပေါ်မှာကပြ အသုံးတော်ခံ (performance) လုပ်နေတဲ့သူက Running state focus
activity ပေါ့။ အဲချိန် ကြည့်ရှု့ နေတဲ့ မင်းပရိတ်သတ်နဲ့ တသားထဲကြနေတာ
user က activity တခုနဲ့  interact လုပ်နေတဲ့နဲ့ ဆင်တူပါတယ်။။ အဲသူ
ကပြလို့ ပြီးတော့ ခဏ နားပါတယ်။ နောက်တစ်ယောက် က
စင်မြင့်ပေါ်မှာဖျော်ဖြည်ပေါ့။ အဲချိန်မှာ ပထမကတဲ့လူက ကလကာ ရဲ့ နောက်မှာ
အင်္ကျီလဲ ခဏနားပေါ့ဗျာ။ သူ့ ကို Pause state လို့ ပြောလို့ ရတယ် သူ
Memory ပေါ်မှာပဲရှိသေးတယ်လေ သူပြန်ဖျော်ဖြည်ဖို
့အဆင်သင့်ဖြစ်နေတဲ့အနေထားပေါ့။ သူအလှည့် သူပြန် ကပြမယ်ပေါ့။ တကယ်လို
့သူကပြဖို့ တာဝန်ပြီးပြီဆို ရင် သူအ၀တ်လဲပြီး နားကောင်းနားမယ်
ကပွဲကိုပရိတ်သတ်နဲ့ အတူကြည့်ချင်ကြည့်နေမယ်။သူ ကဇာတ်ရုံကနေ
အိမ်ပြန်သွားရင်တော့ ဒါdestroy state ကိုရောက်သွားတာပါ။ ကျနော်တို
့အပေါ်မှာပြောခဲ့သလိုဆို သူကိုမလိုအပ်တော့လို့ Stopped လုပ်ပြီး
memory ပေါ်ကနေလုံးဝဖယ်ရှားလိုက်တာပါ။ တကယ်လို့ destroy လုပ်ပြီးမှ
ပြန်ခေါ်မယ်ဆို အစအဆုံး Launch ပြန်လုပ်ရမှာမို့ Resource ကော အချိန်ကော
ပေးရမှာပေါ့။ အိမ်ကလူ ပြန်ခေါ်ပြီး လာပြန်ကဆိုသလိုဖြစ်နေမယ်ထင်တယ်။
Destroy State
-------------------
ဒီအဆင့်မှာတော့ destroy
လုပ်လိုက်ပြီးတဲ့ activity ဟာ memory ပေါ်မှာ မရှိနေတော့ပါ။ AM က
မလိုအပ်တော့ဘူးထင်လို့ သူက Activity လုံးဝ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
Developer တစ်ယောက်အနေနဲ့  ကိုယ်ရေးသားမယ့် app တခုမှာ save process
ကို pause state မတိုင်ခင်ရေးသားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို
့လဲဆိုတော့ app တခုရဲ့ component activity ကို destroy မလုပ်ခင်
မသိမ်းဆည်း ရသေးတဲ့ အချက်အလက် data တွေကို သိမ်းဆည်းပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ pause state မှာ ရှိတဲ့ activity ဟာလဲ destroy
လုပ်ခံရနိုင်ပါတယ်။ ဒါကြောင့် အရေးပါတဲ့ save process ကို pause state
မတိုင်ခင်ရေးသားသင့်တယ်လို့  ကျနော်ထင်ပါတယ်။
နောက်တပိုင်းကျမှာပဲ Intent များ Content Providers များ Background service များအကြောင်းကို ဝေမျှရေးသားလိုပါတယ်။
Post By: Ye` Paing Phyo
The Basic Principle of Developing Android Applications (Sayar Win Hein)
No comments:
Post a Comment