အရင် ကျနော်သိသော Android အကြောင်း အပိုင်းမှာ တုန်းက
နည်းပညာပိုင်း ဆိုင်ရာ အသုံးနှုန်းပိုင်း အနည်းငယ်သာ ပါဝင်အောင်
ရေးးသားခဲ့ပြီး မည်သူမဆို ဖတ်ရှု့လို့ ရနိုင်မယ့် အခြေအနေမျိုး
တင်ပြခဲ့ပါတယ်။ ယခု အပိုင်း (၂) မှာတော့ နည်းပညာပိုင်းဆိုင်ရာ
စကားလုံးများ အသုံးအနှုန်းများ အနည်းငယ်ပိုမို ပါဝင်လာမှာဖြစ်တယ်ဆိုတာ
ဦးစွာပထမ အသိပေးပါရစေ။ ယခု အပိုင်း (၂) မှာ Android ကို ဘယ်လို
ဘယ်ပုံဖွဲ့ စည်းထားလဲဆိုတာကို ကျနော်သိသလောက် အတက်နိုင်ဆုံးတင်ပြ
ရေးသားသွားမှာပါ။ လိုအပ်ချက်တွေရှိနေခဲ့ရင် မှားယွင်းနေတာများရှိရင်လဲ
စာဖတ်သူတို့ ရဲ့ အတွေ့အကြုံကိုလဲ ချက်ခြင်းဝေမျှပေးဖို
့ထောက်ပြဝေဖန်ပေးဖို့ ကြိုတင်ပန်ကြားအပ်ပါတယ်။ ဒါမှ ပိုပြီးမှန်ကန်
ကောင်းမွန်တဲ့ အချက်အလက်တွေ လူအများဆီကိုရောက်နိုင်မယ်လို့  ကျနော်ထင်ပါတယ်။
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။
ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့ 
စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့
သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer
တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ
့စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည်
သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ
ကောင်းစွာ အလုပ်လုပ်မှာပါ။
Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API
(Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့
ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ
အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့
အဆင့်ဖြစ်လို့ ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ
CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို့ ရမယ် မရဘူး
စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating
System) တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို
ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ
Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux
ဟာလဲ Free and Open Source ဖြစ်ပါတယ်။ ပြီးတော့ Linux က ပေါ့ပါးတယ်။
လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။
Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile ဖုန်းတွေ၊
tablet computers တွေ network routers, televisions , vedio game
consoles, desktop computer, mainframes နဲ့ super computer တွေအထိ)
အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware
အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS
တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို
အတိုင်းအတာ တခုအထိချုံ့ နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features
အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တော့ပါဘူး။
အားလုံး သိပြီးတဲ့အတိုင်း Linux ရဲ့ Low Level အပိုင်း
အတော်အများများကို ပေါ့ပါးတဲ့ C programming language code တွေနဲ
့ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android
application တို့ ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင်
နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile
OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါတယ်။
နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ
ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ
တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ
လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application
တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application
တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့
တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို
ကင်းရှင်းသွားပါတယ်။ Adroid ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ
အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ
မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel
developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events
Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ
့drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ
လောက်မှာတော့ Android ရဲ့ MainLining Project ကိုစတင်ခဲ့ပြီး ၄င်းတို့ ရဲ
့ ရည်ရွယ်ချက်ကတော့ Adriod ရဲ့ drivers များ Patch များ နဲ့ Features
များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို
့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
Android မှာ Linux ကဲ့သို့ ပင် Mobile devices (ေ၇ွ့ လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက်
မှတ်ဥာဏ်
ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management) :
မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအားရှင်းလင်းခြင်း၊
အမြဲတမ်းသုံးလေ့ရှိသော applicaiton များလုပ်ငန်းဆောင်တာများကို
မှတ်သားထားပြီး ရှာဖွေလုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ
ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ
မှတ်ဥာဏ်ပိုင်းဆုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။
ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management) : မလိုအပ်တဲ့လုပ်ငန်းဆောင်တာများအား
memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက်
စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း screen resolution
ကိုထိန်းချုပ်စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန်
ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု
ကြာချိန်ကိုမြင့်တင်နိုင်ဖို့ ရေးဆွဲးထားသည့် Management tool တခုပါပဲ။
ကွန်ယက်ချိတ်ဆက်သုံးစွဲနိုင်တဲ့ networking စတဲ့စွမ်းအင်မြင့်
Features များလဲပါဝင်ပါတယ်။ Android ဟာ GSM/EDGE, CDMA, IDEN, EV-DO,
UMTS, Bluetooth, Wifi, LTE နှင့် Wimax အစရှိတဲ့ ကွန်ယက်ချိတ်ဆက်မှု
နည်းပညာများကို အထောက်အပံ့ပေးပါတယ်။
အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts ( graphic ရုပ်ပိုင်းဆိုင်များအဆင်ပြေစေရန်)၊
Storage (data တွေသုံးဖို့ အတွက် ပေါ့ပါးတဲ့ Relational database
အမျိုးစား ဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း)။ Multiple Language
Support, Web Browser, JavaSupport , Multitasking,Multi touch, Screen
capture ,Additional Hardware support, Media/Streaming Media support,
Video calling စတဲ့ Features များကိုရရှိနိုင်ပါတယ်။
တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ်ဖွဲ
့စည်းထားတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခု နှင့် တခုဟာလည်း သည်းခြားစွာ
ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခု နှင့် တခုပေါင်းစပ် အလုပ်
လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကတော့ Android Operating
System ကို ဘယ်လိုအလွှာ အဆင့်ဆင့်နဲ့  ဖွဲ့ စည်းထားသလဲ
ဆိုတာကိုပြသတဲ့ပုံ ( Android Stack) ပါပဲ။

Android ဟာ ၄င်းရဲ့  တကယ့် core system services တွေဖြစ်တဲ့ လုံခြုံမှု
(security)၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိမ်းချုပ် စီမံခန့် ခွဲမှု (Memory
management)၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စီမံခန့် ခွဲမှု (Power
Management)၊ လုပ်ငန်းဆောင်တာ စီမံခန့် ခွဲမှု (process management)၊
ကွန်ယက်ချိတ်ဆက်မှုဆုdင်ရာ (nework stack)၊ hardware များ နိုးကြွားလုပ်ဆောင်နိုင်စေမယ့် (driver model) စသည်တို့ အတွက်
Linux Kernel 2.6 ကိုစတင်ပြီး ရယူသုံးစွဲခဲ့ပါတယ်။ Apache 2.0 license
အောက်မှာ ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ linux ရဲ့ low level
အပိုင်းအတော်များများဟာ C code တွေဖြစ်တာကြောင့် hardware များကို
ကောင်းစွားသိရှိပြီး လွယ်ကူပေါ့ပါးစွာ ပေါင်းစပ်အလုပ်လုပ်နိုင်ပါတယ်။
Android အတွက် applications များ၊ လိုအပ်တဲ့ services များ
ဖန်တီးရေးသား တဲ့အခါမှာ ၄င်း apps များနှင့် services များဟာ Andorid OS
ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android
သာမန်အသုံးပြုသူ(end user)ဟာ ဒီ Application Layer ပေါ်မှ apps များ၊
services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို
့သတိထားမိမှာမဟုတ်ပါဘူး။
ဥပမာ ကျနော်တို့  Contact Book application
တခုရေးသားတယ်ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊
ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။
ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services
များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို
သိထားရမှာပါ။ အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေသိမ်းဖို
့အတွက် SQLite လို libraries တွေ စတဲ့ libraries တွေအသုံးပြုရမှာပါ။
ဆိုလိုချင်တာက applcation layer မှာရေးသားမယ် applications တွေဟာ Native
Libraries တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ
့ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်တာပါ။ ၄င်း Native
Libraries တွေဟာ C/C++ လို programming နဲ့ ရေးသားထားပြီး open source
ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင်လေ့လာနိုင်တဲ့အပြင်
ရယူသုံးစွဲပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီအကြောင်းတွေကို အရင်အပိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။
SQLite :application အားလုံးအတွက် ပေါ့ပါးပြီး စွမ်းအင်မြင့်မားတဲ့
Relational Database Engine ရရှိနိုင်ပါတယ်။ Features တော်တော်များများ
စုံလင်စွာ ပါရှိတဲ့ SQL Database အမျိုးအစားပါ။
Surface Manager
WebKit-
modern web browser engine တမျိုးပါ။ Safari ၊ Chrome နှင့် အခြား browser
များတွင်သုံးထားသော web rendering engine မျိုးဖြစ်ပါတယ်။
Open GL -3D graphic libraries များပါ။ Open GL ES 1.0 APIs ကိုအခြေခံထားတာပါ။
FreeType-bitmap and vector font rendering
Surface
Manager- Application ပေါင်းစုံက ၂ ဖက်မြင် ၃ ဖက်မြင်
အလွှာများအဆင်ပြေပြေ ပေါင်းစပ် အလုပ်လုပ်နိုင်ဖို့ ၊ သက်ဆိုင်ရာ
subsystem တွေအထိ display access ကို စီမံခန့် ခွဲနိုင်တဲ့ libraries
ဖြစ်သည်။
Media libraries များမှာလဲ လူသုံးများတဲ့ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင်
ဖိုင်တွေရဲ့ format တွေဖြစ်တဲ့ ( MPEG4, 3GP, MP3, JPG, PNG စတဲ့
ဖိုင်အမျိုးစားများ ထောင့်ပံ့တဲ့ libraries များဖြစ်သည်။
SSL -Secure Socket Layer လုံခြုံမှုဆိုင်ရာ libraries များ ဖြစ်သည်။
Libc - ဆိုတာကတော့ System C libraries များဖြစ်ပါတယ်။
အထက်ဖော်ပြပါ libraries များကို နဂိုအရှိတိုင်း တိုက်ရိုက်အသုံးချနိုင်ပါတယ်။
ဒါပေမယ့်တချို့  mobile ကိ၇ိယာ ထုတ်လုပ်သူများက မိမိတို
့ထုတ်လုပ်မယ့် hardware များနှင့်ကိုက်ညီစေရန် စံထား C Library
များကို ပြန်လည်ရေးသားပြီး အသုံးပြုသော မူကွဲ တစ်မျိုး အဖြစ် Bionic
ကို ထည့်သွင်း သုံးစွဲပါတယ်။ Bionic ကို သုံးစွဲရတာ အကြောင်း ၂
ရပ်ကြောင့်ပါ။
နည်းပညာအပို်င်းအရ moblie devices များကို သယ်ယူရအဆင်ပြေစေရန်
သေးငယ်အောင် ထုတ်လုပ်ရပါတယ်။ mobile devices များဟာလည်း battery
မှစွမ်းအင်ကို ရယူသုံးစွဲနေရတဲ့အချိန် battery များရဲ
့စွမ်းအင်သိုလောင်နိုင်မှု ကိုလည်း ချက်ခြင်းကြီး
တိုးတက်အောင်မလုပ်နိုင်သေးတဲ့အချိန်မျိုးမှာ အတက်နိုင်ဆုံး အဆင်ပြေစေရန် ၄င်းတို့ အတွက် ရည်ရွယ်ပြီး Bionic ကိုထည့်သွင်းထားပါတယ်။
ခွင့်ပြုမှု - ၄င်းကို ပြုပြင်ယူကာသုံးလိုသူများအတွက် အဆင်ပြေသော license မျိုးရှိခြင်း တို့ ကြောင့် Bionic ကိုထည့်ထသွင်းထားပါတယ်။
Android Run time ကိုတော့ JVM နဲ့  အနည်းငယ် နှိုင်းယှဉ်တင်ပြလိုတာကြောင့် နောက်တပိုင်းမှ ရေးသားပါတော့မယ်။
Post By: Ye` Paing Phyo
The Basic Principle of Developing Android Applications (Sayar Win Hein)
No comments:
Post a Comment