June 27, 2012

ကမ္ဘာ့အကြီးဆုံးအာကာသကြည့်မှန်ပြောင်း ဖြင့် စကြဝဠာကို လေ့လာတော့ မည်

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၅နိုင်ငံက ကမ္ဘာ့ အကြီးဆုံး အာကာသ
ကြည့်မှန်ပြောင်းကြီးကို တောင်အမေရိကတိုက် ၊ချီလီနိုင်ငံ၊ ဆာရိုတောင်ထိပ် မှာ ပူးပေါင်း တည်ဆောက် တော့မယ်လို့ ဇွန်လ ၁၂ရက်က သတင်းထုတ်ပြန် လိုက်ကြပါပြီ။
ဒီအဝေးကြည့်မှန်ပြောင်းမှာ ပေ ၁၃၀(မီတာ၄၀)လောက်ရှိတဲ့ ပုံရိပ် တွေကို ရှင်းလင်းပြတ်သားစွာ မြင်ရမှာမို့လို့ ဒီလိုမျိုးအာကာသကြည့်မှန်ပြောင်းကနေ ကြယ်တာရာတွေ၊ ဂြိုဟ်တွေ၊ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ၊ နေတွေ၊ လတွေ၊ တွင်းနက် ကြီးတွေ၊ နဂါးငွေ့တန်းတွေကအစ စကြဝဠာထဲက အရာမှန်သမျှကို အသေးစိတ် လေ့လာနိုင်တော့မှာပါ။
ဒီမှန်ပြောင်းကြီး ကို ပေပေါင်းတစ်သောင်း (မီတာသုံး ထောင်)ကျော်မြင့်တဲ့ တောင်ထိပ်ပေါ်မှာ တင်ထားမှာမို့လို့ မြင်ကွင်းတွေကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ လေ့လာနိုင်ပါတယ်။ ၂၀၂၂ခုနှစ်ဆိုရင် ဒီမှန်ပြောင်းကို သုံးပြီး အွန်လိုင်းပေါ်ကတောင်မှ ကြည့်လို့ရပြီလို့ဆိုပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ယူရိုသန်း၁၀၈၀ တောင်မှ ကုန်ကျလိမ့်မယ်လို့ တွက်ဆ ထားကြပါတယ်။  
(ESO, 13 June) ကျော်မိုးဟိန်း
Pyi Myanmar

No comments:

Post a Comment