လုပ်ပုံလုပ်နည်းမပြောခင် ဒီလိုမျိုးအဖြစ်က ဘယ်လိုအခြေအနေမျိုးမှာ
ဖြစ်တတ်လဲလို့ အရင်ပြောပါမယ်၊ ကျွန်တော်တို့ အင်တာနက်ဆိုင်တွေသွားသုံးရင်
Facebook ကိုဝင်ကြပါတယ်၊ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဟိုဟာလည်းပိတ်ထား
ဒီဟာလည်းပိတ်ထားဆိုတော့ အင်တာနက်ဆိုင် တော်တော်များများက
ကျော်ပြီးပေးသုံးကြပါတယ်၊(ကျော်တယ်ဆိုတာကတော့ အလွယ်ပြောတာပါ၊
ကျော်နည်းတွေအများကြီးရှိတဲ့ထဲက နားလည်းသွားအောင် တစ်ခုကိုရှင်းပြပါမယ်၊
မြန်မာနိုင်ငံက ပိတ်ထားတဲ့ site ကို နိုင်ငံခြား proxy ထည့်လိုက်တာနဲ့
ပိတ်ထားတဲ့ site က ပွင့်သွားပါတယ်၊ အလွယ်ပြောရရင် အင်တာနက်ကို
နိုင်ငံပြောင်းသုံးလိုက်သလိုပါပဲ)၊ အဲ ... အဲဒီလိုကျော်တာက Facebook
နဲ့ကျတော့ ကွိုင်တက်ပါရောဗျာ၊ ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်တော်တို့
Facebook သုံးနေကျဆိုင်က ကျော်ပြီးမသုံးပါဘူး၊ နောက်ကျတော့ အပြင်တစ်နေရာရာ
သွားရင်း အင်တာနက်ဆိုင်ဝင်ထိုင်မယ်ဗျာ အဲဒီဆိုင်က
ကျော်ပြီးသုံးတယ်ဆိုပါတော့၊ အဲဒီမှာကွိုင်ပြီလေ၊ Facebook က စဉ်းစားမယ်၊
မနေ့တစ်နေ့ကပဲ ဒီအကောင့်က မြန်မာနိုင်ငံကဝင်သုံးထားတယ်၊ အခုကျတော့
နိုင်ငံခြားက ဝင်သုံးဖို့လုပ်နေပါလားဟ၊ မရိုးသားဘူး
အကောင့်ခိုးဖို့လုပ်တာနေမယ်၊ ဒီတော့ အကောင့်ပိုင်ရှင်ဟုတ်မဟုတ်
စစ်လိုက်ဦးမှဟ၊ (နားလည်အောင်ရေးတာနော် တစ်ကယ်တော့ အဲလို program
ရေးထားတာပါ၊ စဉ်းစားတာမဟုတ်ပါဘူး ... ဟီး )၊ အဲဒီလိုနဲ့ Facebook က
ဘာတွေမှန်းမသိ လာမေးတော့တာပဲဗျာ၊ ဒီကလူတွေက အင်္ဂလိပ်စာဖတ်ရမှာ
ပျင်းကပျင်းနဲ့ သူတို့ကမေးတော့ အင်္ဂလိပ်လိုတွေ အဲဒီမှာစတွေ့တော့တာပဲ
(ဓာတ်တိုင်နဲ့ မခိုင်နဲ့ :P )၊ တစ်ကယ်တော့ သူငယ်ချင်းအကောင့်ကို
သူများခိုးသွားမှာစိုးလို့ Facebook ကလုပ်ပေးတာပါ၊ စေတနာတွေပါ၊
မသိတဲ့လူတစ်ချို့ကတော့ Facebook ကိုတော်တော်လေး တင်းနေကြလေရဲ့ ဟီး ... ၊
လောကကြီးမှာ ဒီလိုအထင်လွဲမှုတွေလည်းရှိနိုင်တယ်ဗျ ... နော်၊ အဲကျရင်လည်း
စေတနားထားမြဲထားပါလို့ မှာလိုက်ပါရစေ၊ စေတနာမှန်ရင်
ကြာကြာအထင်လွဲမနေနိုင်ပါဘူး (အဲ Out of Topic တွေဖြစ်ကုန်ပြီ ... :P )၊ ကဲ
Facebook က မေးလာပြီဆိုတော့လည်း ဖြေရတာပေါ့ဗျာ၊ အောက်မှဖတ်လိုက်နော် ...
(ပုံတွေထဲကအတိုင်းပဲလုပ်နော်)၊

အပေါ်က ပုံလေးကိုတော့ နဲနဲပြောဦးမှဖြစ်မယ်ထင်တယ်၊ Identify photos of
friends ကိုဘာလို့မနှိပ်သလဲဆိုတော့ အဲဒါက ကိုယ့် facebook အကောင့်ထဲက
သူငယ်ချင်းတွေ တင်ထားတဲ့ပုံတွေကိုလာပြတယ်ဗျာ၊ ပြီးတော့ သူတို့ကဘယ်သူဆိုတာ
ကိုယ်ကပြောပေးရတယ်၊ ကိုယ်နဲ့ရင်းနှီးရင် ပြောလို့ရတာပေါ့၊
ကိုယ်နဲ့မရင်းနှီးရင်တော့ဘယ်သိပါ့မလဲ၊ နောက်ပြီးတော့ သူတို့က
သူတို့ပုံမဟုတ်ပဲ တစ်ခြားပုံတွေတင်ထားရင် ဘယ်လိုလုပ်သိမလဲဗျာ၊
ဟုတ်တယ်မဟုတ်လား၊ ပြီးတော့ အဲဒီမေးခွန်းက အချိန်အကန့်အသတ်ရှိတယ်၊
အဲဒီအချိန်အတွင်း မဖြေနိုင်ရင် မရဘူး။
ပုံထဲမှာ ကျွန်တော်အကောင့်ကိုဖျက်ထားတာက မသုံးတဲ့အကောင့်မို့လို့ပါ ...
ဒီပုံမှာ Star ပြထားတဲ့ Resend? ဆိုတာလေး ရှိပါတယ်၊ အဲဒါလေးကို မှတ်ထားပါ၊ အောက်အဆင့်တွေရောက်ရင် အဲဒီအကြောင်းပြောပါမယ်။
G Mail ထဲက အင်းဘောက်ထဲမှာ Facebook က ပို့ထားတဲ့ မေးလ်ရောက်နေပါလိမ့်မယ်၊
မရောက်နေဘူးဆိုရင်တော့ အခုနပြောခဲ့တဲ့ Resend? ကိုနှိပ်ပေးလိုက်ပါ၊
ရောက်လာပါလိမ့်မယ်၊ Resend? နှိပ်လို့မှမရောက်လားဘူးဆိုရင်တော့ Inbox
တစ်ခုထဲတင်မဟုတ်ပဲ၊ Spam တို့ Trash တို့ထဲကိုပါ သွားစစ်ကြည့်ပါ၊ Filter
တွေကြောင့် အဲဒီထဲတွေကို ရောက်နေနိုင်ပါတယ်၊ အပေါ်ပုံမှာလည်း
အနီလိုင်းလေးတားပြီး ဖျက်ထားတာရှိပါတယ်၊ အဲဒါက ကျွန်တော့်ရဲ့ Security Code
ပါ၊ အဲဒီကုဒ်သိရင် ကျွန်တော့်အကောင့်အခိုးခံရမှာမို့လို့ ဖျက်ထားတာ ဟီး
... ၊ ဘယ်နှစ်ခါပို့ပို့ Security Code ကတော့ ဒီတစ်ခုတည်းဖြစ်နေတဲ့အတွက်
သူများတွေလည်း မသိစေပါနဲ့၊ မဟုတ်ရင်တော့ ကိုယ့် Facebook အကောင့်
အခိုးခံရပြီသာမှတ်တော့၊ :)
အပေါ်ပုံမှာလည်း ဖျက်ထားတာလေးတွေ ရှိတယ်ဗျ၊ နားလည်ပေးကြပါနော် ... :)
အပေါ်ကပုံမှာ ကိုယ့်အကောင့်ကို ဝင်သုံးသွားတဲ့ နေရာကို
ကမ္ဘာ့မြေပုံမှာပြပေးထားတယ်ဗျာ၊ တစ်ကယ်တော့ အဲဒီက ဝင်သုံးတာမဟုတ်ပါဘူး၊
ကျော်ပြီးသုံးလိုက်လို့ အဲဒီလိုဖြစ်တာပါ၊ This is Okay
ကိုနှိပ်လိုက်ရင်တော့ နောက်လည်း အဲဒီ နိုင်ငံအနေနဲ့ ကျော်သုံးမယ်ဆို
အခုလိုလုပ်စရာမလိုပဲ တိုက်ရိုက်သုံးလို့ရပါပြီ။
ဒါဆိုရင်တော့ သူငယ်ချင်းတို့ Facebook အကောင့်လေးပြန်ရပါပြီ ...
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ ...
အခုတစ်လော အဖြစ်များနေလို့ ရေးလိုက်ရတာပါ ...
ဖြစ်နေတဲ့လူများရှိရင်လည်း ဒီမေးလ်လေးကို ပို့ပေးလိုက်ကြပါဦး ...
from:::::ချစ်သူမြို့တော်

No comments:
Post a Comment