June 27, 2012

ဟောက်ခြင်းနှင့် ကင်ဆာ ဆက်စပ်မှု

အိပ်စက်နေစဉ် ဟောက်တတ် ခြင်းဟာ သင့်ရဲ့ အိမ်ထောင် ဖက်ကို စိတ်အနှောင့်အယှက်
ဖြစ်စေတယ်ဆိုရုံ မျှသာမကဘဲ ကင်ဆာဖြစ်ပွား မှုနှင့် လည်း ဆက်စပ်နေကြောင်း တွေ့ရပါ တယ်။
အမေရိကန်မှသုတေသီများဟာ ဟောက်ခြင်းအပါအဝင် အိပ်စက်နေ စဉ် အသက်ရှူမှုဆိုင်ရာ ပြဿနာ များဟာ ခန္ဓာကိုယ်တွင်းရှိ အောက် စီဂျင်ပမာဏကို ကျဆင်းစေကြောင်း တွေ့ခဲ့ရတယ်။ ဒီလေ့လာမှုကို ပြုလုပ် ခဲ့တဲ့ Wisconsin - Madison တက္ကသိုလ်မှ သုတေသီများဟာ လူ ၁၅၀ဝ ဦးကို ကင်ဆာဖြစ်ပွားမှုနှုန်း လေ့လာခဲ့ရာ ပြင်းထန်တဲ့ အိပ်စက် နေစဉ် အသက်ရှူမှု မူမမှန်ခြင်း (Severe Sleep Disordered Breathing) ရှိသူများဟာ နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်သူများထက် ကင်ဆာဖြစ်ပွားမှုနှုန်း ၄.၈ ဆ ပိုများ ကြောင်း၊ ကင်ဆာဖြစ်ပွားနိုင်မှု ဖြစ်တန်စွမ်းဟာ ဟောက်ခြင်းရဲ့ ပြင်း ထန်မှုအပေါ် မူတည်ကြောင်း သိရပါ တယ်။
သုတေသီများ ယူဆတာက တော့ သွေးတွင်းအောက်စီဂျင်ပမာဏ နည်းပါးခြင်းကြောင့် ကင်ဆာအလုံး အကျိတ်များဖြစ်ပွားလာမှုကို အားပေး များပြုလုပ်ရန် လိုအပ်သေးပေမယ့် ကင်ဆာဖြစ်ပွားနေတဲ့ လူနာမှာ ဟောက်ခြင်းအပါအဝင် အိပ်စက်စဉ် အသက်ရှူမှုဆိုင်ရာပြဿနာများရှိတယ် ဆိုရင် အဲဒီပြဿနာကို ကုသခြင်းအား ဖြင့် ကင်ဆာလူနာကို အသက်ပိုရှည် အောင် ပြုလုပ်နိုင် ကောင်းလုပ်နိုင် လိမ့်မည်ဖြစ်ကြောင်း သိရပါတယ်။
ခိုင်မွန်ကျော် Ref : Ray Dupont
Health Digest

No comments:

Post a Comment