April 29, 2012

iPhone 5 ကို ဇွန်လအတွင်း ရောင်းချနိုင်ရန် စက်ရုံ အလုပ်သမားသစ်များ ခေါ်ယူ


iPhone 5 ကို ဇွန်လအတွင်း ရောင်းချနိုင်ရန် စက်ရုံ အလုပ်သမားသစ်များ ခေါ်ယူပြီးခဲ့သည့် ရက်သတ္တပတ် က Apple ကုမ္ပဏီ၏ မျိုးဆက် သစ် စမတ်ဖုန်း အမျိုးအစား iPhone 5 ကို လာမည့် ဇွန်လ အတွင်း စတင်ရောင်း ချတော့ မည် ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ယခုအခါ iPhone 5 များကို တာဝန်ယူထုတ်လုပ်ရာ Foxconn စက်ရုံအနေဖြင့် ဝန်ထမ်းအသစ် ၁၈,ဝ၀ဝ ခန့်ကို ခန့်အပ်တော့မည်ဖြစ်ကြောင်းသိရှိရသည်။ 
Apple ကုမ္ပဏီနှင့် နီးစပ်သူများ၏ အဆိုအရ iPhone 5တွင် အသုံးပြု ထားသည့် ထိတွေ့မျက်နှာပြင်မှာ ထိတွေ့စနစ်အများစုကို LCD အတွင်း၌ တစ်ပါတည်းထည့်သွင်းထားခြင်းဖြစ်ပြီး Multi-layer Touch Panel နည်းပညာကို အသုံးပြုထားမည်ဟုသိရသည်။ ထို့ပြင် 3D ရုပ်ထွက်ကို အထောက်အပံ့ ပေးနိုင်မည့် ဖုန်းမျက်နှာပြင်မှာ ယခင် iPhone များထက်ပို၍ ပါးလွှာသည့် ဒီဇိုင်းတည်ဆောက်ရာတွင် အားသာမှု များ ဖြစ်စေမည်ဟု ဆိုထားသည်။ သို့ရာတွင် Apple အနေဖြင့် iPhone 5 အား ၄င်းတို့နောက် ဆုံးထုတ်လုပ်ခဲ့သည့် iPhone 4S စမတ်ဖုန်းနှင့် ကွဲပြားအောင်ထုတ်လုပ်နိုင် မှသာ ဈေးကွက်အောင်မြင်မှုရရှိမည်ဟု သုံးသပ်ထားကြသည်။
ZZ
itTimes

No comments:

Post a Comment