April 29, 2012

ကမ္ဘာ့ ပထမဆုံး 3D ၀တ်စုံ ၀တ်ဆင်ကစားမည့် လိုင်ယွန်

ကမ္ဘာ့ ပထမဆုံး 3D ၀တ်စုံ ၀တ်ဆင်ကစားမည့် လိုင်ယွန်


ကမ္ဘာ့ ပထမဆုံး 3D ၀တ်စုံ ၀တ်ဆင်ကစားမည့် လိုင်ယွန် လိုင်ယွန် အသင်းနှင့် အဲဒီးဒက်စ်တို့မှ ပူးပေါင်းပြီး 3D ဒီဇိုင်း ပုံစံ ဖန်တီး ထားသည့် အသင်း ၀တ်စုံးအား လာမည့် ၂၀၁၂-၁၃ ဘောလုံး ရာသီတွင် ထုတ်လုပ် ၀တ်ဆင် ကစားရန် သဘောတူ ညီမှု ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ၀တ်စုံထဲတွင် 3D မျက်မှန်ဖြင့် ကြည့်ရှုမှ သာမြင်နိုင်မည့် ပုံရိပ်များ ထည့်သွင်း ချုပ်လုပ် ထားပြီး ဘောလုံးလောက ၏ ပထမဆုံး 3D ဒီဇိုင်းဖြင့် ချုပ်လုပ်သည့် ၀တ်စုံ လည်း ဖြစ်လာခဲ့သည်။
အဆိုပါ ၀တ်စုံအား ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်မှ လိုင်ယွန်မြို့ တွင် မွေးဖွားသည့် ၁၈၉၀တွင် ရုပ်ရှင်ထုတ်လုပ်ရေး အတွက် ဦးဆောင်ဖန် တီးခဲ့သည့် လူမီရီ ညီအစ်ကိုအား ဂုဏ်ခြင်းအားဖြင့် ဖန်တီး ထုတ်လုပ်ခြင်း လည်း ဖြစ်သည်။ အကျီင်္၏ အရောင်မှာ အနက်ရောင်ဖြစ်ပြီး ပခုံးနှစ်ဖက် တွင် အဖြူရောင် အစင်းကြောင်းများ ပါရှိကြောင်း သိရသည်။ လိုင်ယွန် အသင်း နည်းပြမှ ယခုဝတ်စုံသစ်မှာ အသင်းအတွက် ကံကောင်းခြင်း လက်ဆောင်များ ပေးလိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
Soccer

No comments:

Post a Comment