ယင်းမြှင့်တင် မှုများတွင် Gmail အတွင်း မေးလ်များကို သိမ်းဆည်းနိုင်မှု ၇ GB မှ ၁၀ GB သို့လည်းကောင်း၊ ယခင်က Docs ဖိုင်များသာ Upload သာပြု လုပ်နိုင်သည့် Google Docs အား အဆင့်မြှင့်တင်၍ Upload နှင့် Download ပြုလုပ်နိုင်သော Google Drive အဖြစ် လည်းကောင်း ပြောင်းလဲ ခဲ့သည်။
ယခင်က သိမ်းဆည်းမှု ပမာဏ ပိုယူလိုသူများမှာ တစ်နှစ်လျှင် တခါသာ အွန်လိုင်း ငွေပေးချေ မှုစနစ်ဖြင့် ပေးဆောင်ရသော်လည်း ယခုအခါ အွန်လိုင်းငွေပေးချေမှု စနစ်ဖြင့် တစ်လတစ်ခါ ပေးဆောင်ရန် အဖြစ် သတ်မှတ် လိုက်ပြီး ပေးဆောင် ရသော နှုန်းထားများ ကိုလဲ ပြောင်းလဲလိုက်ကြောင်း Google ၏ထုတ်ပြန်ချက် များအရ သိရသည်။
No comments:
Post a Comment