April 29, 2012

Windows 8 Operating System မူကွဲသုံးမျိုး မိုက်ကရိုဆော့ဖ် ထုတ်ဖော်ပြသ


Windows 8 Operating System မူကွဲသုံးမျိုး မိုက်ကရိုဆော့ဖ် ထုတ်ဖော်ပြသကွန်ပျူတာဆော့ဖ်ဝဲ ကုမ္ပဏီကြီး မိုက်ကရိုဆော့ဖ်သည် ယခုခေတ်စားနေ သည့် သင်ပုန်း ကွန်ပျူတာ များတွင် အသုံးပြုနိုင်သည့် ၄င်းတို့၏ Windows 8 Operating System အပါအဝင် ကွန်ပျူတာများ အတွက်OS မူသုံးမျိုးကို မကြာမီက ထုတ်ဖော်ပြသခဲ့သည်။ ကုမ္ပဏီ၏ Windows ဆော့ဖ်ဝဲဌာနမှ ဆက်သွယ်ရေး အကြီးအ ကဲ ဘရန်ဒွန်လီဘလန့်က ကုမ္ပဏီ၏ ဘလော့ဂ်၌
" ကျွန်တော်တို့ဟာ အသုံးပြုသူတွေ အဆင်ပြေအောင် အကောင်း ဆုံးကြိုးစားထားပါတယ်။ Windows 8 OS ဟာမူကွဲသုံးမျိုး နဲ့ ထွက်လာမှာပါ"ဟုအတည်ပြုကြေညာခဲ့သည်။ Windows 8 OS ကို အိမ်သုံးတစ်ကိုယ်ရေသုံးကွန်ပျူတာနှင့် လက်ပ်တော့များအတွက် တစ်မျိုး၊ ပရော် ဖက်ရှင်နယ်သမားများနှင့် ကွန်ပျူတာ ပညာရှင်များ အတွက် Windows 8 Pro ဟု တစ်မျိုး၊ စွမ်းအင်သုံးစွဲမူနည်း သည့် အပေါ့စား Ultrabook လက်ပ်တော့များနှင့် သင်ပုန်းကွန်ပျူတာများအတွက် Windows RT တစ်မျိုး ဖြန့်ချိမည်ဖြစ်သည်။ မိုက်ကရိုဆော့ဖ်သည် Windows 8 OSကိုဖြန့်ချိမည့်နေ့ရက်ကိုမူ အတည်မပြုသေး ကြောင်း သိရသည်။
—Ref: Telegraph
7Day News

No comments:

Post a Comment