Microsoft ကုမ္ပဏီ၏ operating system သစ်ဖြစ်သော Windows 8 ကို လာမည့်အောက်တိုဘာလကုန်တွင် အသုံးပြုသူများထံ အရောက်ပို့ပေးမည်ဖြစ်ကြောင်း Microsoft မှ အတည်ပြုပြောကြား လိုက်သည်။ Microsoft ကုမ္ပဏီ၏ဘဏ္ဍာရေးမှူးဖြစ်သူ Tami Reller က Windows 8 သည် သြဂုတ်လပထမပတ်တွင် ထုတ်လုပ်သူများလက်သို့ ရောင်းချရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းတို့နှစ်စဉ် ကျင်းပပြုလုပ်သည့် ကမ္ဘာတစ်ဝန်း စီးပွားဖက်များတွေ့ဆုံပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။ အချို့လုပ်ငန်းကြီးများအနေဖြင့် အဆိုပါ operating system သစ်အသုံးပြု ကွန်ပျူတာများ သို့မဟုတ် ARM အခြေခံ Windows RT ကွန်ပျူတာများကို အောက်တိုဘာလအစောပိုင်းတွင် ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။ ယင်း operating system ရရှိချိန်နှင့် တစ်ပြိုင်တည်းမှာပင် Microsoft ၏ Windows RT အသုံးပြု Surface tablet ကိုလည်း တစ်ပြိုင်နက်တည်း ဖြန့်ချိဖွယ်ရှိကြောင်းလည်း သိရသည်။ ဇွန်လ ၂ ရက်နေ့နောက်ပိုင်းက Windows 7 ကွန်ပျူတာဝယ်ယူထားသူများသည် အမေရိကန်ဒေါ် လာ ၁၄.၉၉ ဖြင့် Windows 8 သို့ အဆင့်မြှင့်တင်အသုံးပြုနိုင်မည်ဖြစ်ပြီး Windows XP, Windows Vista နှင့် Windows 7 အသုံးပြုသူအားလုံးသည် အမေရိကန်ဒေါ်လာ ၄၀ ဖြင့် operating system သစ်သို့ အဆင့်မြှင့်တင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း Microsoft မှကြေညာထားသည်။ Windows 8 အဆင့်မြှင့်တင်မှု အစီအစဉ်နှစ်မျိုးစလုံးကို သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အာရှ-ပစိဖိတ်ဒေသများ၌ ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ရေးသားသူ -ဟေမာ Ref: CNET Asia myanmarinternetjournal |
July 17, 2012
Windows 8 ကို အောက်တိုဘာလကုန်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း Microsoft အတည်ပြုပြောကြား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment