July 17, 2012

Copy / Paste လုပ်ရတာလည်းမလွယ်ပါဘူးဗျာ။

ဒီပိုစ့်လေးကို မရေးတော့ဘူးလို့ နေတာ ၀န်ခံစရာလေးတွေရှိလို့ ရေးလိုက်တာပါ။
ကျတော့် Mail ထဲကို "သာလွန်အောင် မင်း Blog အမည်ကို Copy/Paste လို့ပြောင်းလိုက်ပါလား။ မင်းက Copy/Paste တွေသိပ်များနေတယ်။" လို့ အကြံ ပေးလာပါတယ်။
ဝန်ခံစရာလေးတွေကတော့ ကျတော်ဟာ ကွန်ပျူတာ ပညာရှင်လည်း မဟုတ်သလို ကွန်ပျူတာ ဘာသာရပ်နဲ့ ဘွဲ့ ရထားသူလည်း မဟုတ်ပါဘူး။ ကွန်ပျူတာ တက္ကသိုလ် တက်နေတဲ့သူလည်းမဟုတ်ပါဘူး။
ကျတော့် ရဲ့ Profile ကိုရှာပြီး ကြည့်လိုက်ရင်သိမှာပါ။
ပြီးတော့ ကျနော်ဒီ Blog ကို လူပြိန်းနည်းနဲ့ တည်ဆောက်ထားတာပါ။

Blog လေးလုပ်ထားတဲ့ ရည်ရွယ်ချက်ကတော့ 
(၁) နည်းပညာများကို လေ့လာသင်ယူရင်း မှတ်တမ်း သဘောမျိုး လုပ်ထားတာပါ။
(၂) လာလည်ကြတဲ့ Reader တွေကို ကျနော် Message လေး တစ်ခုပေးလိုတဲ့ စေတနာပါ။
ကျတော် Copy လုပ်ပြီး ပြန် Shared လိုက်တဲ့ ပိုစ်လေးတွေကို Reader တွေကဖတ်ပြီး မူရင်း Link ကို သွားဖတ်ဖို့ Message ပေးလိုတာပါ။ ဒါမှ  Reader တွေ အခြားပိုစ့် တွေကိုဖတ်ပြီး ဗဟုသုတ တွေပိုပြီးရစေချင်တဲ့ စေတနာပါ။
ကျနော် အပေါ်က Link တွေကို ဆိုဒ်အလေးခံပြီးအလှတင်ထားတာမဟုတ်ပါဘူး။
Reader တွေအတွက်တင်ထားပေးတာပါ။ Reader တွေကိုအခြား Blogger တွေရဲ့ ပိုစ့်တွေကိုလည်းဖတ်စေချင်တဲ့  စေတနာနဲ့ပါ။

ကျတော်တို့ Blogger တွေဟာ ပိုစ့်တစ်ခုကိုတင်မယ်ဆိုရင် အ၇င်ဆုံး မိမိ စက်မှာ အနာခံ စမ်း ပြီး သေချာမှတင် ရတာပါ။ ကျနော့် စက်လည်း ဘယ်နေ့ လစ်မလည်းမသိဘူး။
ကျတော့်ကို မေးတဲ့ မေးခွန်းတွေကို လည်းသိရင်ဖြေပေးပါတယ်။ မသိရင် ၊ မသေချာရင်တော့ မဖြေပါဘူး။
အမှားကို အမှန်ထင်သွားမှာစိုးလို့ပါ။

နံနက်အိပ်ယာထ လို့ Blog ကိုဖွင့်ကြည့်လိုက်ရင် လာလည်သူများပြီး Comments လေးတွေထားသွားရင် ကျေနပ်ပီတိဖြစ်ရပြီး နောက်ပိုစ့် တွေရေးဖို့ အားတက်ရပါတယ်။
ဒါဟာ Blogger တိုင်းရဲ့ ခံစားချက်ပါ။
တကယ်တော့ Copy / Paste လုပ်ရတာလည်းမလွယ်ပါဘူးဗျာ။
Blogger တွေကိုလည်း ကိုယ်ချင်းစာပေး နိုင်အောင်ပါ။ ကောင်းသော အကြံ ပေးခြင်းမျိုးကို ကြိုဆိုနေမှာပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
 



1 comment:

  1. မြန်မာနိုင် ငံကိုယ်စား or အနာဂတ်လူငယ်တွေအစား ကျေးဇူးတကယ် တကယ်ကို တင် ပါတယ်ဗျာ တကယ်ပါ

    ReplyDelete