July 17, 2012

သခင်၏ ကျန်းမာရေးကို မြှင့်တင်ပေးသော အိမ်မွေးတိရိစ္ဆာန် များ


ပျော်ရွှင်စွာနေထိုင်ခြင်း
အိမ်မွေး တိရစ္ဆာန် မွေးမြူထား တဲ့သူ များဟာ ပျော်ရွှင် စွာ နေထိုင် အသက် ရှင်ဖို့ အထူး တလည် သတိ ထားနေစရာမလိုပါဘူး။ တိရစ္ဆာန် တွေက လူတွေကို စိတ်ကြည်လင် အောင် လုပ်ပေးနိုင်ပါတယ်။ သင့်ရဲ့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိနေခြင်းက သင်ကို စိတ်ကြည်လင် တာထက်ပိုပြီး စိတ်ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။ သင့်ရဲ့အချစ် တော်လေးက သင့်ကို ကျန်းမာ အောင် ပြုလုပ်ပေးနိုင်ပါတယ်။ သင် ရဲ့အချစ်တော်ခွေးလေး၊ ကြောင်လေး ကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သင်သိသွား ရင် အံ့ဩသွားနိုင်ပါတယ်။
စိတ်အခြေအနေကို မြှင့်တင်ပေးခြင်း
အိမ်မွေးတိရစ္ဆာန်တွေ၊ ခွေးသို့မ ဟုတ် ကြောင်လေးနှင့်အတူ ၁၅မိနစ် ကျော်၊ နာရီဝက်နီးပါးနေထိုင်ခြင်း သို့မဟုတ် ငါးလေးရေကူးနေတာကို ခဏတာကြည့်ခြင်းဖြင့်စိတ်ဖိစီးမှုတွေ ကို ပြေပျောက်စေကာ စိတ်လှုပ်ရှား ဒေါသထွက်မှုတွေကိုသက်သာစေနိုင် ပါတယ်။ လူတစ်ယောက်ရဲ့ပြောင်းလဲ နေတဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး ထိုသူရဲ့ ခန္ဓာကိုယ်အတွင်းဖြစ်စဉ်တွေ လည်း ပြောင်းလဲနေပါတယ်။အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် စိတ်သက် သာရာရသွားတဲ့အခါ စိတ်ဖိစီးမှုခံစား ရခြင်းကြောင့် ထွက်ရှိလာတဲ့ကော်တီ စောလ် ဟော်မုန်းပမာဏဟာ လျော့ ကျသွားပါတယ်။ ဒါ့အပြင် လူကို နေလို့ထိုင်လို့ကောင်းစေတဲ့ဆီရိုတိုနင် ဟော်မုန်းထွက်ရှိမှုလည်းမြင့်တက်လာ ပါတယ်။ စိတ်ဖိစီးမှုလျော့ကျသွားခြင်း ဟာ သင့်ရဲ့ခန္ဓာကိုယ်ကို ပင်ပန်းနွမ်း နယ်မှု၊ ပျက်စီးမှုတွေထဲက ကယ်တင် လိုက်သလိုပါပဲ။
သွေးဖိအား ပမာဏကို အမြဲတိုင်းတာပါ
ကျန်းမာလိုတယ်ဆိုရင် သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပြီး လေ့ကျင့်ခန်းပြုလုပ်ရမှာဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန် မွေးမြူထားခြင်းက သွေးဖိအားကို ထိန်းချုပ်ရာမှာ အကူ အညီပေးပါတယ်။ လေ့လာမှုတစ်ခုမှာ စုံတွဲ ၂၄၀ ကို စစ်ဆေးကြည့်ခဲ့ရာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင် မွေးထားသူများဟာ အခြားမမွေးသူ များနှင့် နှိုင်းယှဉ်လျှင် သွေးတိုးကျပြီး နှလုံးခုန်နှုန်းလည်း နှေးနေတာကို တွေ့ ရှိခဲ့ကြပါတယ်။ သူတို့ရဲ့သွေးဖိအားနဲ့ နှလုံးခုန်နှုန်းဟာ အနားယူနေတဲ့အချိန် မှာဖြစ်စေ၊ ဖိစီးမှုတွေ ပြင်းထန်လာတဲ့ အခါမှာဖြစ်စေ အတူတူပဲဖြစ်ပါတယ်။ သွေးတိုးရောဂါရှိတဲ့ ကလေးငယ်တွေ မှာလည်း အိမ်မွေးတိရစ္ဆာန်လေးနှင့် ပျော်ပါးဆော့ကစားနေတဲ့အချိန်ဆိုရင် ထိုကလေးငယ်ရဲ့သွေးဖိအားဟာကျဆင်း နေတယ်လို့တွေ့ရှိထားကြပါတယ်။
သွေးတွင်း အဆီ ဓာတ်ကို လျော့ကျစေနိုင်
သွေးတွင်းကိုလက်စထရောလ် ပမာဏကို ထိန်းသိမ်းထားနိုင်ဖို့ ဆရာ ဝန်က သင့်ကို အစားအသောက်၊ ကိုယ်လက်လေ့ကျင့်ခန်း၊ ဆေးဝါးစတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အကြံပေးပါလိမ့်မယ်။ အိမ်မွေးတိရစ္ဆာန် မွေးထားခြင်းဟာ သွေးတွင်းကိုလက် စထရောလ်ပမာဏ မြင့်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့အ္တရာယ်အခွင့်အလမ်း ကို ရှောင်ရှားရာမှာကူညီပေးပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေမှာ သွေး တွင်းကိုလက်စထရောလ်၊ထရိုင်ဂလစ် စရိုက်ပမာဏ လျော့နည်းနေတာကို သုတေသီများက တွေ့ရှိထား ပါတယ်။
နှလုံးအတွက်ကောင်းတဲ့ ခွေးနဲ့ကြောင်
သုတေသနပြု ထားချက်များအရ ကြောင်တစ်ကောင်ကို နှစ်ပေါင်း ကြာရှည် မွေးထားခြင်းက သင့်ရဲ့ နှလုံးကို ကာကွယ်ပေးထားသလိုပါပဲတဲ့။ အနှစ် ၂၀ ကြာ လေ့လာခဲ့ရတဲ့ သုတေ သနတစ်ခုမှာ ကြောင်တစ်ကောင်မျှ မမွေးခဲ့ဖူးသူတွေဟာ အနည်းဆုံး ကြောင်တစ်ကောင်လောက် မွေးခဲ့ဖူး သူတွေနဲ့ နှိုင်းယှဉ်လျှင် နှလုံးတိုက် ခိုက်ခံရပြီးသေဆုံးနိုင်ခြေ၄၀ ရာခိုင်နှုန်း လောက်ပိုများနေတာကို တွေ့ရှိထား ပါတယ်။ခွေးမွေးထားသူတွေအနေနဲ့ လည်း နှလုံးတိုက်ခိုက်ခံရပြီး နောက် တစ်နှစ်ကြာအတွင်း အသက်ရှင်နိုင်စွမ်း သိသာစွာမြင့်တက်လာတာကို တွေ့ရှိ ခဲ့ပါတယ်။အချုပ်အားဖြင့်ဆိုရရင်တော့ အိမ်မွေးတိရစ္ဆာန်မွေးသူတွေဟာ နှလုံး ဆိုင်ရာရောဂါ တစ်ခုခုကြောင့် နှလုံး စွမ်းဆောင်ရည် ကျဆင်းခြင်း အပါ အဝင်အသက်ဆုံးရှုံးရနိုင်ခြေအတော့် ကိုနည်းပါးကြပါတယ်။
ဇင်မာမြင့်
Health Digest

No comments:

Post a Comment