ဆေးတွေ ဟာ အရသာ မရှိဘူးလို့ ဘယ်သူ ပြောသလဲ။ သံလွင်ဆီ Olive Oil နှင့်
တလည်းသီးဖျော်ရည် (Pomegranate Juice) အကြောင်း နောက်ထပ် သတင်းကောင်းကြား
ရမှာပါ။ သံလွင်ဆီထဲမှာ ပါဝင်ပစ္စည်း တစ်ခုဖြစ်တဲ့ Oleocanthal က
ရောင်ရမ်းခြင်းကို လျော့နည်းစေ ကြောင်း သပိ ပံ္ပ ညာရငှေ် တကွ တွေ့ ရှိ
ခဲ့ကြပြန်ပါတယ်။ ယင်းပစ္စည်းက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ စိတ်ယို
ယွင်းခြင်း၊ ကင်ဆာတို့နှင့် ဆက်နွှယ် မှုရှိတဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့
COX အင်ဇိုင်းများကို ဟန့်တားပိတ် ပင်တယ်။ လတ်ဆတ်တဲ့ Extra- Virgin
သံလွင်ဆီမှာ ယင်းပစ္စည်း ပါဝင်မှုအများဆုံးဖြစ် တယ်။ တလည်းသီးဖျော်ရည်က
နှလုံး ကျန်းမာရေးအတွက်ကောင်းတယ်။ ဒါတင်မကဘူး။ တလည်းသီးထဲမှာ ပါတဲ့
အင်တီအောက်စီးဒင့်တချို့က အရိုးကျီးပေါင်းရောဂါ (Osteoarthritis) ကို
သက်သာနိုင်တယ်။ Case Western Reserve တက္က သိုလ်မှ သုတေသီတို့က တလည်းသီး
အနှစ်ရည် (Extract) က အရိုးနုများ ပျက်စီးခြင်းကို ဖြစ်စေရာမှာ တာဝန်
ရှိတယ်လို့ယူဆရတဲ့ အင်ဇိုင်းများ ထုတ်လုပ်မှုကို နှေးကွေးသွားစေ
ကြောင်းတွေ့ရှိခဲ့တယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ အကျိုးကျေးဇူးများရရှိစေဖို့
တလည်းသီးဖျော်ရည်ကို တစ်နေ့ တစ် ခွက်သောက်ပေးပါ။

No comments:
Post a Comment