City Global Mark Service Company Limited မှ ကြီးမှူး၍ တောင်ကြီး၊ လားရှိုး “Living & IT Auto Mobile Exhibition 2012” ကို
လာမည့် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက် နေ့အထိ တောင်ကြီးမြို့၊ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲတွင် ပါဝင်မည့် ပစ္စည်းများမှာ မိုဘိုင်းပစ္စည်းများ၊ အိုင်တီပစ္စည်းများ၊ ကားပြခန်းများ ကိုလည်း ဝင်ရောက်ပြသရောင်းချ သွားမည်ဖြစ်သည်။
IT ပစ္စည်းများ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ခေတ်မှီ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် အ သုံးအဆောင်ပစ္စည်းများ၊ ပြည် တွင်း ပြည်ပဆေးဝါးများ၊ စား သောက်ကုန်အမျိုးမျိုးအပြင် မီးဖို ချောင်သုံးပစ္စည်းများ၊ ပရိဘောဂများ၊ သင်တန်းကျောင်းများ၊ စက်မှု ဇုန် ထုတ်ကုန်ပစ္စည်းများ၊ မီးစက်နှင့် အထွေထွေအသေးစား၊ အလတ် စားစက်ပစ္စည်းများ၊ နောက်ဆုံး ပေါ်မော်တော်ယာဉ်များ၊ စသည် တို့ကို ဈေးနှုန်းချိုသာစွာဖြင့်ပါဝင် ရောင်းချပြသသွားမည် ဖြစ်သည်။
ထို့အပြင် ပြည်ပမှ ကားအမျိုး မျိုးအား ဓါတ်ပုံများကြည့်ရှု၍လည်း ကောင်း၊အင်တာနက်နှင့်ချိတ်ဆက် ၍ မှာယူနိုင်မည်ဖြစ်သည်။ ၄င်းပြ ပွဲကြီးတွင် ပြခန်းပေါင်း ၁၆၀ ကျော် ပါဝင်ပြသရောင်းချသွားမည် ဖြစ်သည်။
စောရည်နန္ဒာ
No comments:
Post a Comment