June 27, 2012

ပထမဆုံး i-pad Game ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်

ပြည်တွင်းတွင် ပထမဆုံး ကျင်းပ ပြုလုပ်သည့် i-pad Game ပြိုင်ပွဲကို
ဇွန်လ ၃၀ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ Junction Square တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း Neo Tech ကွန်ပျူတာ အရောင်းဆိုင်မှ ကိုကျော် စွာဦးက ပြောသည်။
အဆိုပါ ipad Game ပြိုင်ပွဲတွင် ပထမတစ် ရက်၌ Aspholt 6 အား ယှဉ်ပြိုင် မည်ဖြစ်ပြီး ဒုတိယနေ့တွင် Aspholt 7 အားဆက် လက်ယှဉ် ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ Neo Techကွန်ပျူတာအ ရောင်းဆိုင်မှ ကိုကျော်စွာဦးက “ဒီ i-pad Game က ၆ယောက်တစ်ဖွဲ့ ဆိုပေမဲ့ တစ်ဦးချင်းဆော့တဲ့ အပေါ် မှာပဲ အမှတ်ပေးသွားမှာပါ။ နောက် ဆုံး ၃ယောက်ကိုပဲ ရွေးသွားမှာပါ။ ဒါပေမဲ့ ဒီမှာပါဝင်ချင် တဲ့သူတွေ က ကိုယ်ပိုင် i-pad ရှိဖို့တော့ လိုပါ တယ်။ ကျွန်တော်တို့ ဘက်က i-pad မပေးဘူး။ ပြိုင်ချင်တဲ့သူ ကိုယ်တိုင်ယူလာရမယ့်တစ်ယောက် တစ်လုံးရှိမှရမယ်”ဟုပြောသည်။
ဆုငွေများမှာ ပထမဆုကျပ် တစ်သိန်း၊ ဒုတိယဆု ကျပ်ငါးသောင်းနှင့် တတိယဆု ကျပ်သုံး သောင်းတန်ဖိုးရှိ Neo Tech Gift Vaucher ကိုချီးမြင့်မည်ဖြစ်သည်။ Game ပြိုင်ပွဲ ပြုလုပ်မည့် ရက်များတွင်Neo Tech ကွန်ပျူ တာအရောင်းဆိုင်မှ i-phone 4S 16 GB ကို 549000 ကျပ်ဖြင့် ရောင်းချမည့်အပြင် Service Charge ကို အခမဲ့ရရှိမည်ဖြစ် သည်။
ထို့အပြင်i-phone နှင့် ပတ်သက်သည့် Accessories များကို ၅၀ ရာခိုင်နှုန်းလျော့ ဈေး ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် မည်သူမဆို i-Device များFramware များကို တိုးမြင့်ပေးခြင်း Jilbrak များပြု လုပ်ပေးခြင်း၊ မြန်မာစာလက် ကွက်များကို အခမဲ့ထည့်သွင်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း i-pad Game ပြိုင်ပွဲ အား Neo Tech ကွန်ပျူတာ အရောင်း ဆိုင်နှင့်Credo Wave တို့မှပူး ပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ် သည်။ ပါဝင်ယှဉ်ပြိုင်လိုသူများအ နေဖြင့် ၂၈-၆-၂၀၁၂ နောက်ဆုံး ထား၍စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
စောရည်နန္ဒာ
Mobile Guide

No comments:

Post a Comment