| Jailbreak ဟာ တရားမ၀င်တဲ့နည်းလမ်းဖြစ်သလို
မှားယွင်းပြုလုပ်မိတဲ့အခါမှာလည်း အချက်အလက်တွေကို ဆုံးရှုံးနိုင်ပါတယ်။
ဒါကြောင့် jailbreak လုပ်ငန်းစဉ်ကို စတင်မပြုလုပ်ခင်မှာ အချက်အလက်တွေကို
back up ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် Apple ဟာ jailbreak လုပ်ထားတဲ့ device တွေအတွက် warranty ပေးထားခြင်းမရှိတာကြောင့် အသုံးပြုသူများအနေနဲ့ warranty ရယူလိုတဲ့အခါမှာ ကြိုတင်ပြီး restore လုပ်ဖို့လိုအပ်ပါတယ်။ Jailbreak ပြုလုပ်ခြင်းကြောင့် တရားမ၀င် app တွေကို ရယူအသုံးပြုနိုင်သလို user experience ကိုလည်း စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အချို့သော ပြင်ဆင်အသုံးပြုမှုများဟာ တည်ငြိမ်မှု (stable) မရှိနိုင်တာကြောင့် အဆိုပါ app တွေကို uninstall လုပ်သင့်ပါတယ်။ iOS 5.1.1 အသုံးပြုထားတဲ့ A5 အခြေခံ device များအတွက် Absinthe jailbreak ထွက်ပေါ်လာခဲ့တဲ့အခါမှာတော့ iPhone 4S နဲ့ iPad 2 တို့ကို အသုံးပြုသူများအနေနဲ့ Jailbreak လုပ်ပြီး အသုံးပြုဖို့စဉ်းစားလာကြပါတယ်။ ဒါကြောင့် တရားဝင် App Store မှာမတွေ့နိုင်သလို jailbreak လုပ်ပြီးအသုံးပြုရာမှာ အန္တရာယ်မရှိစေတဲ့ အခမဲ့ app များကိုဖော်ပြလိုက်ပါတယ်။ WinterBoard Apple ဟာ user interface ကိုပြုပြင်မွမ်းမံဖို့အတွက် အသုံးပြုသူများကို တားမြစ်ထားပေမယ့် ၎င်းတို့ရဲ့ထုတ်ကုန်အားလုံးအတွက် ကိုက်ညီမယ့် UI design ကိုတော့ ထိန်းသိမ်းပေးထားပါတယ်။ WinterBoard ဟာ user interface ကို ကွဲပြားခြားနားတဲ့ theme နဲ့ icon သစ်များကို အစားထိုးအသုံးပြုနိုင်စေပါတယ်။ WinterBoard ကိုအခမဲ့ရယူအသုံးပြုနိုင်ပြီး theme များကို အခမဲ့ထောက်ပံ့ပေးထားပေမယ့် အချို့ theme တွေကိုတော့ အခကြေးငွေပေးသွင်းမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ SBSettings Wi-Fi, Bluetooth နဲ့ အခြားချိတ်ဆက်မှုများကို ပြုလုပ်လိုတဲ့အခါမှာ Setting app သို့ အမြဲတမ်းလိုလို ၀င်ရောက်ပြီးအသုံးပြုရပါတယ်။ ဒါပေမဲ့ SBSettings ဟာ swipe တစ်ချက်လုပ်ရုံနဲ့ အဆိုပါ ချိတ်ဆက်မှု feature တွေကိုအသုံးပြုနိုင်စေပါတယ်။ ၎င်း tweak ကို Notifications Center မှာထည့်သွင်းအသုံးပြုနိုင်ပြီး ဖျက်လို့မရတဲ့ Apple apps များဖြစ်တဲ့ iTunes, Stocks တို့ကိုလည်း hide လုပ်ထားနိုင်ပါတယ်။ PasswordPilot PasswordPilot ကတော့ App Store password ကိုမှတ်သားထားပြီး အလိုအလျောက်ဝင်ရောက်ပေးမယ့် ရိုးရှင်းတဲ့ app တစ်ခုဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းထားတဲ့ password ကို encrypt လို့ခေါ်တဲ့ code အနေနဲ့ ပြောင်းလဲပေးထားတဲ့အတွက် တစ်စုံတစ်ဦးမှ မတော်တဆရယူခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ app တစ်ခုကို download ပြုလုပ်တိုင်း password ရိုက်နေရတာကို ပင်ပန်းတယ်လို့ထင်ရင်တော့ ဒီ app ကိုထည့်သွင်းပြီး ဖြေရှင်းနိုင်ပါတယ်။ StayOpened App တစ်ခု download လုပ်တိုင်း Apple App Store ပိတ်သွားတဲ့ပြဿနာကို ဖြေရှင်းလိုတယ်ဆိုရင်တော့ StayOpened ကိုအသုံးပြုသင့်ပါတယ်။ ဒီ app ဟာ background မှာ update တစ်ခုကို download ပြုလုပ်နေစဉ် ဒါမှမဟုတ် app သစ်ကို download ပြုလုပ်စဉ်မှာ App Store ကိုဖွင့်ထားပေးမှာဖြစ်ပါတယ်။ NoNewsIsGoodNews မဖယ်ရှားနိုင်တဲ့ Newsstand app/folder တို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူများအတွက် ဒီ tweak က အကူအညီပေးပါလိမ့်မယ်။ Install လုပ်ပြီးတာနဲ့ Newsstand ကိုချက်ချင်း hide လုပ်ပေးမှာဖြစ်တာကြောင့် screen ပေါ်မှာ ဘယ်တော့မှတွေ့မြင်ရတော့မှာမဟုတ်ပေ။ WeatherIcon WeatherIcon ကတော့ iOS device ပေါ်က weather icon မှာ အနီးအနားက တိကျတဲ့ရာသီဥတုနဲ့ အပူချိန်ကိုပြသပေးမယ့် tweak တစ်ခုဖြစ်ပါတယ်။ SpringFlash တရားဝင် App Store မှာ flashlight app တွေအများအပြားရှိပေမယ့် ဒီ app လောက်မစွမ်းဆောင်နိုင်ပါဘူး။ SpringFlash ဟာ Activator နဲ့တွဲဖက်အသုံးပြုနိုင်တဲ့အတွက် iPhone ကိုလှုပ်ရမ်းရုံနဲ့ lock screen က LED light များအဖြစ် ပြောင်းလဲခြင်းကဲ့သို့သော လုပ်ဆောင်မှုများကို ပြုလုပ်နိုင်ပါတယ်။ UserAgent Faker အလွန်အသုံးတည့်စေမယ့် ဒီ app ဟာ Safari browser ID ကို အခြားအရာတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်စေပါတယ်။ ဒါကြောင့် မိုဘိုင်း browser ကို Firefox လိုမျိုးတကယ့် desktop browser အဖြစ် ၀က်ဘ်ဆိုက်တွေက မြင်တွေ့စေနိုင်လိုသူများအနေနဲ့ ဒီ tweak ကိုသုံးပြီးပြုလုပ်နိုင်ပါတယ်။ Five Icon Dock Dock အတွင်းမှာ ပုံမှန် icon လေးခုထက်ပိုမိုပြီး ထည့်သွင်းအသုံးပြုလိုသူများအနေနဲ့ အလွယ်ကူဆုံးနည်းလမ်းနဲ့ ပြုလုပ်နိုင်စေမယ့် app ဖြစ်ပါတယ်။ ၎င်းကို install လုပ်ပြီးတာနဲ့ dock အတွင်းမှာ icon ငါး ခုအထိ ထည့်သွင်းအသုံးပြုနိုင်စေပါတယ်။ MxTube MxTube ကတော့ YouTube ဗီဒီယိုများကို download လုပ်ကာ ကြည့်ရှုနိုင်စေမယ့် ပထမဦးဆုံး native iPhone app ဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ quality setting သုံးမျိုးနဲ့ download ပြုလုပ်နိုင်ပြီး ဖိုင်များကို အဆိုပါ app အတွင်းမှာသာ သိမ်းဆည်းပေးထားကာ ကြည့်ရှုပြီးတဲ့အခါမှာလည်း ပြန်ဖျက်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းအလိုအလျောက် lock ကျသွားခြင်းကြောင့် download ရပ်သွားတဲ့အခါမှာလည်း resume ပြန်လုပ်ပေးနိုင်ပါတယ်။ ရေးသားသူ -ဘမ်ဘီ |
June 08, 2012
Jailbreak လုပ်ထားသည့် iOS 5.1.1 device jailbreak များအတွက် အသုံးတည့်စေမည့် Application များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment