Dota နှင့် Warcraft ဂိမ်းပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း အဆိုပါဂိမ်းပြိုင်ပွဲများကို စီစဉ်ကျင်းပသည့် Credowave မှ Business Director ဦးမင်းခေါင်ဦးကပြောသည်။ ဇွန်လ ၃၀ ရက်နေ့ ဇူလိုင်လ ၁ ရက်နေ့များတွင် ၎င်းဂိမ်းပြိုင်ပွဲများကို Junction Square ၌ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
www.credowave.com ၀က်ဘ်ဆိုက်လိပ်စာတွင် မှတ်ပုံတင်ကာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ “Website ကနေပြီးတော့ မှတ်ပုံတင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဂိမ်းပြိုင်ပွဲအကြောင်း၊ ဂိမ်းနှင့်ပတ်သက်တဲ့အကြောင်းတွေကို ၀က်ဘ်ဆိုက်မှာ ဖော်ပြပေးထားပါတယ်” ဟု ၎င်းကပြောကြားသည်။ အဖွဲ့တစ်ဖွဲ့အနေဖြင့် ဂိမ်းနှစ်မျိုးလုံးကို ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး စည်ကမ်းသတ်မှတ်ချက် လွတ်လပ်စွာကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဂိမ်းပြိုင်ပွဲတစ်မျိုးချင်းစီ၏ဆုများမှာ ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်နှင့် တတိယဆု ၂ သိန်းကျပ်ဖြစ်ကြောင်း ဆုရရှိသူများအား Icecream Bar တွင် Icecream အခမဲ့ ၃ လစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “၀က်ဘ်ဆိုက်ရှိ ဂိမ်း Portal မှာ Premium Account ပြောင်းပြီး ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့်လူတွေအနေနဲ့ ဇွန်လ ၂၅ ရက်နေ့နောက်ဆုံးထားပြီး အကောင့်ပြောင်းရမှာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။ www.credowave.com တွင် Premium Account ပြောင်းရုံဖြင့် နောင်တိုးချဲ့လုပ်ဆောင်သွားမည့် အွန်လိုင်းဂိမ်းများကိုလည်း ဆက်၍ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ အကောင့်ပြောင်းရန်အတွက် တစ်ဦးလျှင် ၃၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ ဂိမ်းကစားပုံအဆင့်ဆင့်ကိုလည်း ၀က်ဘ်ဆိုက်ရှိ How To တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ယခုကျင်းပမည့် ဂိမ်းပြိုင်ပွဲများအကြောင်းကိုလည်း ၀က်ဘ်ဆိုက်တွင် အသေးစိတ်ဖော်ပြထားကြောင်း သိရသည်။
ရေးသားသူ -ထွန်းထွန်း
No comments:
Post a Comment