June 23, 2012

စိန်အတုအစစ်ခွဲခြားပေးနိုင်တဲ့ Diamond Selector


စိန်အစစ်၊ စိန်အတုနဲ့ သတ္တုပစ္စည်းတွေကို ခွဲခြားစစ်ဆေးပေးနိုင်တဲ့ Diamond Selector II ဆိုတဲ့ပစ္စည်းတစ်မျိုး ဈေးကွက်ဝင်လာပါတယ်။ စိန်ရဲ့အရည်အသွေးကို ခွဲခြားပြသပေးတဲ့ မီးစိမ်း၊ မီးနီ၊ မီးဝါရောင်တွေနဲ့ Level Meter က ခွဲခြားပေးနိုင်ပါတယ်။

Alarm Speaker ပါဝင်ပြီး စိန်အစစ်၊ တခြားကျောက်မျက်နဲ့ သတ္တုတွေကို အသံပေးပြီးခွဲခြားနိုင်ပါတယ်။ Loose Stone တွေအတွက်လည်း Testing Platform တစ်ခုပါဝင်ပါတယ်။ Ready Lamp ကစံသတ်မှတ်ပေးထားတဲ့ အပူချိန်ရောက်၊ မရောက်ကို စက္ကန့် ၃၀ အကြာမှာပြသပေးပါတယ်။ Level Meter Volume က ကျောက်မျက်ရဲ့အရွယ်အစား၊ ပမာဏပေါ်မူတည်ပြီး ပတ်ဝန်းကျင်အပူချိန်နဲ့ ချိန်ညှိတိုင်းတာပေးဖို့ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ အရွယ်အစားသေးငယ်ပေါ့ပါးပြီး အိတ်ဆောင်ခရီးဆောင်သုံးနိုင်ပါတယ်။ အသံအတိုး၊ အကျယ်လုပ်နိုင်ပြီး Power အတွက် 9V ဓါတ်ခဲတစ်လုံးနဲ့ အသုံးပြုရမှာပါ။ Battery Lamp ပါဝင်လို့ Power ရှိ၊ မရှိသိနိုင်ပါတယ်။ တိကျပြီးအနုစိပ်တဲ့ Electronics Circuit တွေနဲ့တည်ဆောက်ထားတာမို့ ကျောက်မျက်တွေရဲ့အရည်အသွေးကို တိကျစွာဖော်ပြပေးနိုင်ပါတယ်။ တန်ဖိုးကျပ်တစ်သောင်းငါးထောင်ရှစ်ရာနဲ့ အမှတ် (၂၈၀)၊ ဆိပ်ကမ်းသာလမ်း၊ ဖုန်း-၃၈၀၉၈၈၊ ၀၂- ၆၉၃၈၉ မှာ ၀ယ်ယူရရှိနိုင်ပါတယ်။

ရေးသားသူ -အောင်အောင်

No comments:

Post a Comment