January 07, 2013

Windows 8 မှာ ကြိုက်တဲ့ Softwares တွေသွင်းရအောင်။


Windows 8 မှာ ကြိုက်တဲ့ Softwares တွေသွင်းရအောင်။
Windows 8 ကို စသုံးတဲ့ Users တွေမှာ Softwares တွေသွင်းလို့မရလို့  Windows 8 ကို စိတ်ပျက်သွားတဲ့ သူတွေ ရှိမှာပါ။ ဒီလို Users တွေ အတွက် အဆင်ပြေအောင် ဒီပိုစ့် လေးကိုတင် လိုက်တာပါ။
 Windows 8ဟာ Start time, Shutdown time ပိုမိုမြန်ဆန်လာပြီး Graphic ပိုကောင်းလာတာကြောင့် ရုပ်ထွက်ပိုကောင်းလာပါတယ်။ CPU အသုံးပြုမှု့ လည်းပိုပြီး နည်းလာပါတယ်။ Features တွေလည်းပိုကောင်းပြီး ပိုစုံလာပါတယ်။ ဒါကြောင့် Windows 8ကို သုံးသင့်တယ် လို့ ကျတော် ထင်ပါတယ်။
 Windows 8 မှာ Softwares တွေသွင်းလို့မရတာ  .net framework 3.5 လိုနေလို့ပါ။
Software တစ်ခုခုကို သွင်းလိုက်ရင် အောက်ကအတိုင်းပေါ်လာပါတယ်။
Internet ချိတ်ထားရင် Install this feature ဆိုတာလေးကိုနှိပ်ပြီး install သွင်းလိုက်ရင်ရပါတယ်။
သွင်းလို့မရရင် အောက်ကအတိုင်း control panel>>Programs and Features>>Turns windows features on or off ကိုသွားပြီး အောက်မှာပြထားတဲ့ Microsoft .Net Framework 3.5.1 ကိုSelect လုပ်ပြီး OK ပေးလိုက်ရင်ရပါပြီ။

 

အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။


No comments:

Post a Comment