November 18, 2012

တစ်ပတ်အတွင်း Windows 8 ထံ upgrade ပြုလုပ်သူ ၄ သန်းကျော်ရှိ


တစ်ပတ်အတွင်း Windows 8 ထံ upgrade ပြုလုပ်သူ ၄ သန်းကျော်ရှိ


Microsoft ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Steve Ballmer သည် ကုမ္ပဏီ၏ operating system သစ်ဖြစ်သော Windows 8 ၏အောင်မြင်မှုနှင့် ပတ်သက်၍ Windows 8 ထံသို့ upgrade ပြုလုပ်သူဦးရေမှာ ၄ သန်းကျော်ရှိပြီဖြစ်ကြောင်း BUILD developers conference တွင်ပြောကြားခဲ့သည်။

အဆိုပါ upgrade ပြုလုပ်သည့်ပမာဏသည် ကုမ္ပဏီ၏ယခင် operating system ဖြစ်သော Widows 8 ကိုအွန်လိုင်းမှ upgrade ပြုလုပ်သည့် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၄၀ ဖြစ်သော်လည်း upgrade ပြုလုပ်ရန် အခွင့်အရေးရှိသည့် PC ကို ၀ယ်ယူထားသူများအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅ သာကျသင့်ကြောင်း သိရသည်။ Microsoft သည် Windows store ကို အလျင်အမြန် တည်ဆောက်လျက်ရှိပြီး မကြာမီကာလအတွင်း Twitter, Dropbox နှင့် ESPN စသည့် application များကို ၎င်းစတိုးမှ ရရှိနိုင်မည်ဖြစ်ကြောင်း Ballmer ကပြောကြားသည်။ လာမည့် ဇန်န၀ါရီလအတွင်း Windows store တွင် application ၁၀၀,၀၀၀ ရရှိမည်ဟု Microsoft မှ ကတိပြုထားသည်။ အဆိုပါ application အရေအတွက်သည် အံ့အားသင့်ဖွယ်ကောင်းသည့် အရေအတွက်ဖြစ်သော်လည်း Apple မှ Google ထုတ်ကုန်များ၏ platform များပေါ်တွင် ထောက်ပံ့ထားသည့် application ၇၀၀,၀၀၀ ကျော်နှင့်နှိုင်းယှဉ်လျှင် များစွာနည်းပါးနေသေးကြောင်း သိရသည်။ Windows 8 ကို touch အပြင် desktop များနှင့် notebook များတွင်ပါ အသုံးပြုနိုင်ရန် ပြုလုပ်ထားသည်။ ၎င်း operating system သစ်တွင် Start button အစား Start screen ကိုအသုံးပြုထားပြီး အဆိုပါ Start screen တွင်အသုံးပြုသူများ မကြာခဏအသုံးပြုသည့် app များ၊ email account များနှင့် social network များမှ live notification များကို ဖော်ပြပေးကြောင်း သိရသည်။

ရေးသားသူ -နောင်နောင်
Ref: WashingtonPost
From myanmarinternetjournal.

No comments:

Post a Comment