Windows 8 Editions များ အကြောင်း
အားလုံး သိ့ကြတဲ့ အတိုင်း October 26 မှာ
တရားဝင်ထွက်ရှိလာတော့မယ် Microsoft Windows 8 ရဲ့ Editions တွေအကြောင်းကို
ကျွန်တော် မျှဝေချင်ပါတယ်။ ကျန်ခဲ့တဲ့ Windows 7 ကို လုံးဝ အလန်းဇယားကြီး
ပြောင်းလဲထားတဲ့ Windows 8 ကို စောင့်မျှော်နေကြတဲ့ လူတွေက
ကျွန်တော်အပါအ၀င် တကမ္ဘာလုံးမှာ ဘယ်လောက်တောင် ရှိနိုင်မလဲ မသိ့ဘူး။ Windows
7 နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ဒီလင့်မှာ ရေးထားခဲ့ဖူးပါတယ်။ အခု တခါ Windows 8 နဲ့ ပါတ်သက်ပြီး Windows 8 Editions
တွေအကြောင်းကို လေ့လာမိသလောက် ပြန်လည် ရေးသားလိုက်တာပါ။ windows 8 မှာ ဘယ်လို
Editions တွေရှိတယ် ။ ဘာတွေပါလာတယ်ပေါ့။ ပထမဆုံး ပြောချင်တာကတော့ ခင်ဗျားဟာ ပညာရှင်
တစ်ယောက်ဖြစ်နေခဲ့ရင် ဒီ post ကို ကျော်ဖတ်သွားလိုက်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်
လေ့လာမိသလောက် အနည်းငယ် ပြန်လည် မျှဝေပေးခြင်း သက်သက်ပါ။ တစုံတခု အမှားအယွင်းတွေ ပါခဲ့ရင်
နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။
Microsoft Windows 8 မှာဆိုရင် ကျွန်တော်လေ့လာမိသလောက် Editions (4) မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။
Windows 8 Editions (4) မျိုး
(1) Windows 8
(2) Windows 8 Pro
(3) Windows 8 Enterprise
(4) Windows 8 RT
Windows 8
ပထမဆုံး
Windows 8 ဆိုတဲ့ Basics Edition ကတော့ x86 (32bits) နဲ့ x64(64bits)
architecture အတွက် အခြေခံကျတဲ့ အက်ဒီရှင်း တစ်ခု ဖြစ်ပါတယ်။ Windows 8 မှာ
အခြေခံကျတဲ့ အသစ်အသစ်သော အရာတွေ ထည့်သွင်းပေးထားပါတယ်။ အဲဒီမှာ ဘာတွေ
ပါလာသလဲ ဆိုတော့ start screen with semantic zoom, live tiles, Windows
Store, Internet Explorer 10, connected standby, Microsoft account
integration, the Windows desktop စသည်ဖြင့် ပါဝင်လာပါတယ်။
Windows 8 Pro
Windows
8 Pro ဆိုရင်တော့ Windows 7 Professional နဲ့ Ultimate Editions
နှစ်မျိုးစလုံးမှာ ပါဝင်တဲ့ အရာတွေ အကုန်လုံး ပါဝင်ပါတယ်။ ဒီ Editions
နှစ်မျိုးစလုံးကို ကျော်လွန်ပြီး အောင်မြင်စွာ ထုတ်လုပ်ထားတယ်လို့လဲ
ဆိုပါတယ်။ Windows 8 Pro ကို နည်းပညာ စိတ်ဝင်စားတဲ့ သူတွေနဲ့ Business
Users တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ no (1) က Windows 8 မှာ
ပါဝင်တဲ့ Feature တွေအကုန်လုံး ပါဝင်ပါတယ်။ နောက်ထပ် aditional Features တွေအနေနဲ့ကတော့ Remote
Desktop server, the ability to participate in a Windows Server domain,
Encrypting File System, Hyper-V, and Virtual Hard Disk Booting, Group
Policy , BitLocker နဲ့ BitLocker To Go စသည်ဖြင့် ပါဝင်လာခဲ့ပါတယ်။
Windows 8 Enterprise
Windows
8 enterprise မှာဆိုရင်တော့ windows 8 နဲ့ windows 8 pro ရဲ့ feature
တွေအပြင် တခြား IT Organization တွေကို အထောက်အကူပြုစေမဲ့ feature တွေလဲ
ပါဝင်လာခဲ့ပါတယ်။ ဒီ Edition ဟာ Software Customer တွေနဲ့ MSDN (Microsoft
Developer Network) တွေအတွက် အထူး သင့်တော်တယ်လို့ ဆိုပါတယ်။
Windows 8 RT
Windows
RT ဆိုတာကလဲ ARM နည်းပညာကို အခြေခံတဲ့ Tablet လို Device မျိုးတွေအတွက်သာ
သင့်လျှော်ပါတယ်။ ARM ဆိုတာက microsoft က windows 8 ကိုစပြီး introduction
လုပ်တဲ့ အခါမှာ window runtime development အတွက် အမည်ပေးခဲ့တာပါ။ ARM ရဲ့
အသေးစိတ်ကို လေ့လာကြည့်ချင်တဲ့ ဆိုရင်တော့ ဒီလင့်မှာ သွားပြီး
လေ့လာကြည့်လိုက်ပါ။ နောက်တခု အနေနဲ့ Windows RT မှာဆိုရင် device
encryption စွမ်းဆောင်ရည်လည်း ပါဝင်ပါတယ်။ serveral business-focused
features တွေဖြစ်တဲ့ group policy တို့လိုမျိုး feature တွေလဲ
ပါဝင်လာပါတယ်။ centrilized network တွေအတွက်တော့ domain ကို support
မလုပ်ဖူးဗျ။
လက်ရှိ Windows 7 အသုံးပြုနေတဲ့ သူတွေအတွက် windows 8 ကို update လုပ်ပြီး အသုံးပြုချင်တယ် ဆိုရင်တော့ Windows 7 x86 (32bits) version ကို အသုံးပြုထားတဲ့ user တွေ အနေနဲ့ windows 8 x86 (32bits) ကိုသာ Update လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲလိုပဲ windows 7 x64 (64bits) version ကို အသုံးပြုထားတဲ့ user တွေအတွက်လဲ windows 8 x64 (64bits) version ကိုသာလျှင် update လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows RT ကတော့ ARM Architecture (windows 7 တွင် support မလုပ်ပါ) အတွက်သာ သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Windows 7 ကနေ windows 8 ကို update လုပ်တာနဲ့ ပါတ်သက်လို့ အောက်မှာ ကျွန်တော်ပြထားတဲ့ ပုံကို လေ့လာကြည့်လိုက်ပါ။
Ref : www.microsoft.com
From http://www.tramyanmar.net/2012/10/windows-8-editions_22.html

No comments:
Post a Comment