မလိုအပ်တဲ့ Mail တွေကို မ၀င်အောင်။
အဲ့ဒီလို မဖြစ်ရအောင် အောက်ကနည်းလေး တွေက အကူအညီ ပေးမှာပါ။
နည်းလမ်း (၁)
၁။ Gmail ကိုဖွင့် ပြီး post ရဲ့ အောက်ဆုံးကို သွားလိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း unsubscribe now ဆိုတာလေးကို နှိပ်လိုက်ပါ။
၂။ အောက်ကအတိုင်း ပေါ်လာရင် Yes, unsubscribe me now ကိုထပ်နှိပ်လိုက်ပါ။
၃။ အောက်ကအတိုင်းပုံ ပေါ်လာရင် ရပါပြီ။
နည်းလမ်း (၂)
၁။ Gmail ကိုဖွင့် ပြီး post ရဲ့ အောက်ဆုံးကို သွားလိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း click here ဆိုတာလေးကို နှိပ်လိုက်ပါ။
၂။ အောက်က အတိုင်း ပေါ်လာရင် I don't want to receive emails from မှာ အမှန်လေး ခြစ်ပြီး သိမ်းမယ် ဆိုတာလေးကို နှိပ်လိုက်ရင် ရပါပြီ။
နည်းလမ်း (၃)
၁။ Gmail ကိုဖွင့် ပြီး post ရဲ့ အောက်ဆုံးကို သွားလိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း To unsubscribe or change subscriber options visit အောက်က လင့် ကို နှိပ်လိုက်ပါ။
၂။ အောက်က အတိုင်း ပေါ်လာရင် Unsubscribed မှာ အစက်လေး ထည့်ပြီး Save my subscriber settings ကိုနှိပ်လိုက် ပါ။
၃။ အောက်ကအတိုင်း လေး ပေါ်လာပါတယ်။ ရပါပြီ။
တချို့ ဆိုဒ်တွေက ပုံ စံ နည်းနည်း ကွဲပါတယ်။ အထက်ကနည်းတွေ အတိုင်း ညွှန်ကြားချက် အတိုင်း လိုက်လုပ်သွားရင် ၇ပါတယ်။
နည်းလမ်း (၄)
၁။ အထက် ကလို Mail ရဲ့ အောက်မှာ ညွှန်ကြားချက် မပါဘူး ဆို ရင် အောက်ကပုံ မှာ ပြထားတဲ့ အတိုင်း ပို့သူရဲ့ mail လိပ်စာကို copy ကူးလိုက်ပါ။
၂။ ပြီးရင် အောက်က ပုံ မှာပြထားတဲ့ နေရာလေးကို နှိပ်လိုကပါ။ settings ကို ထပ်နှိပ်ပါ။
၃။ အောက်ကအတိုင်းပေါ်လာရင် Filters ကို နှိပ်ပါ ။ ပြီးရင် Create a new filter ကို ထပ်နှိပ်လိုက်ပါ။
၎။ အောက်ကအတိုင်း Box လေး ကျ လာပါတယ်။ From မှာ copy ကူးလာတဲ့ mail ကို Paste လုပ်လိုက်ပါ။ ပြီးရင် Create filter with this search ကိုနှိပ်လိုက်ပါ။
၅။Delete it ကို နှိပ်လိုက်ပါ။ ပြီးရင် create filter ကိုနှိပ်လိုက်ပါ။ ရပါပြီ။
ဒါဆိုရင် မမြင်ချင်တဲ့ mail တွေကို Auto delete လုပ်ပြီးသား ဖြစ်သွားပြီး Inbox ထဲမှာ ရှင်းရှင်း လင်းလင်း ဖြစ်သွားမှာ ပါ။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။












No comments:
Post a Comment