August 04, 2012

Email Spam နဲ့ Scam တွေကို ဘယ်လိုကာကွယ်မလဲ



အီလက်ထရွန်နစ်စာပို့စနစ် (Email) ဟာ ဆက်သွယ်မှုများအတွက် 
အဓိကလိုအပ်တဲ့ အရာတစ်ခုဖြစ်လာသလို လိမ်လည်သူများ 
(scammers), ဆိုက်ဘာဒုစရိုက်သမားများ (cybercriminals) 
နဲ့ ကြော်ငြာကုမ္ပဏီများ (advertising companies) အတွက် 
အဓိကပစ်မှတ်ထားတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။
Email အသုံးပြုသူများအနေနဲ့ phishing scam များနဲ့ malware
 များအန္တရာယ်မှ ကာကွယ်နိုင်ဖို့အတွက် အသုံးပြုသူများရဲ့ mail
 တွေကို လုံခြုံစွာထိန်းချုပ်စီမံဖို့လိုပါတယ်။

Spam
Junk email ဒါမှမဟုတ် မလိုအပ်တဲ့အီးမေးလ်ကြော်ငြာများ 

(un-wanted email advertisements) ဟူ၍ခေါ်ဆိုနိုင်တဲ့ 
Spam ကို ယနေ့ခေတ်email တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့spammerတစ်ဦးဟာ ထောင်ပေါင်းများစွာသော email အသုံးပြုသူများထံတစ်ပြိုင်နက်email ပေးပို့ရာမှာလွယ်ကူစွာနဲ့
 ဈေးနှုန်းသက်သာစွာပေးပို့နိုင်သလို  ပေးပို့သူရဲ့အမည်ကိုလည်း
 ဖော်ပြစရာမလိုဘဲ ပေးပို့နိုင်ပါတယ်။ 
ဒါ့အပြင် phishing scam များနဲ့ malware တွေဟာလည်း spam email တွေထဲမှာပါဝင်လေ့ရှိတာကြောင့် email အသုံးပြုသူများရဲ့
 inbox ကို ထိရောက်စွာထိန်းချုပ်စီမံဖို့ အရေးကြီးပါတယ်။ Spam 
email များကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းများကတော့
 အောက်ပါအတိုင်းဖြစ်ပါတယ်။

Spam blocker ကိုသုံးပါ။
Spam blocker ဟာ အသုံးပြုသူရဲ့ inbox အတွင်းသို့ ၀င်ရောက်

လာတဲ့ spam ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ Yahoo နဲ့ Gmail
 ကဲ့သို့ အွန်လိုင်း email ၀န်ဆောင်မှုတွေမှာ built-in spam 
blocker တွေပါဝင်ပါတယ်။ ဒါပေမဲ့ Outlook နဲ့ တခြား email 
ပရိုဂရမ်တွေကို အသုံးပြုသူတွေအနေနဲ့ MailWasher လိုမျိုးသီးခြား
 anti-spam ပရိုဂရမ်တွေကို အသုံးပြုနိုင်ပါတယ်။ ကံမကောင်းတာ
ကတော့ spam blocker တွေဟာ တချို့ spam တွေဝင်ရောက်မှုကို
 တားဆီးနိုင်ခြင်းမရှိပါဘူး။

Spam email တွေကို reply မလုပ်ပါနဲ့။
Email အသုံးပြုသူတွေဟာ spam email တစ်ခုကိုအကြောင်းပြန်ရန် (reply) နဲ့ email မှာပါတဲ့ link ကိုနှိပ်မိစေရန်အတွက် ဖြားယောင်းသွေးဆောင်ခံရနိုင်ပါတယ်။

 အဲ့ဒီ email တွေဟာ email လက်ခံရရှိရန်အ တွက် subscribe 
လုပ်ထားတဲ့နေရာမှ တရားဝင်ပေးပို့တဲ့ email တွေလည်းဖြစ်နိုင်ပါ
တယ်။ အဲ့ဒီ email တွေကို reply လုပ်ခြင်း၊ ဒါမှမဟုတ် email မှာ
ပါတဲ့ link ကိုနှိပ်မိခြင်းတို့ကို ပြုလုပ်မိတဲ့အခါမှာ spammer တွေ
ဟာအသုံးပြုသူရဲ့ email လိပ်စာကိုအတည်ပြုပြီး များပြားလှတဲ့ spam တွေကို ပေးပို့မှာဖြစ်ပါတယ်။

Image တွေကို ပိတ်ထားပါ။
Email တစ်ခုမှာ spammer တွေက ခြေရာခံနိုင်စေမယ့် ပုံတွေ 

(images) ပါဝင်နိုင်ပါတယ်။ အဲ့ဒီ email ကိုဖွင့်ဖတ်လိုက်တဲ့အခါမှာ
 အဆိုပါ image တွေဟာ အလုပ်လုပ်ပြီး အသုံးပြုသူရဲ့ email လိပ်စာကို spammer ထံအတည်ပြုပြီး များပြားတဲ့ spam email တွေပေးပို့မှာဖြစ်ပါတယ်။

Preview Pane ကို ပိတ်ထားပါ။
Email တွေကို preview pane မှာ အလိုအလျောက်ဖော်ပြစေခြင်း

ကလည်း spam email ဖတ်ရှုခြင်းကို မရှောင်လွှဲနိုင်ပါဘူး။
 Spam email တစ်စောင်ကို preview pane အတွင်းဖတ်ရှုတဲ့
အခါမှာ spam email တွေပိုမိုလက်ခံရရှိအောင် ပြုလုပ်သလိုမျိုး 
 ဖြစ်သွားနိုင်တာကြောင့် preview pane ကိုသုံးပြီး email ဖွင့်တာ
မျိုးကို ချင့်ချိန်ပြီးပြုလုပ်သင့်ပါတယ်။

Spam Folder ကို ပုံမှန်စစ်ဆေးပါ။
တစ်ခါတစ်ရံမှာ spam blocker တွေဟာ တရားဝင်ပေးပို့လာတဲ့ 

email တွေကို တားမြစ်လေ့ရှိပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ email တွေ ပျောက်ဆုံးမှုမရှိစေရန်အတွက် အသုံးပြုသူရဲ့ spam
 folder ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

Email Scam နဲ့ Phishing
Spam email များဟာ တစ်စုံတစ်ခုကိုရောင်းချရန် ကြိုးစားခြင်းမျိုးမ

ဟုတ်ဘဲ အသုံးပြုသူရဲ့ပိုက်ဆံနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အ
လက်တွေကို ခိုးယူရန်ကြိုးစားခြင်းဖြစ်ပါတယ်။ Email scam များဟာ
ကွဲပြားခြားနားတဲ့ အသွင်ပုံစံတွေနဲ့ဖြစ်ပေါ်လေ့ရှိပြီး ၎င်းလိမ်လည်မှုတွေ
ဟာ အသုံးပြုသူမှ တစ်စုံတစ်ရာအားပြုလုပ်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ အလားအလာရှိကြောင်း၊ မပြုလုပ်ပါက အဆိုးဆုံးအခြေအနေများဖြစ်ပေါ်နိုင်ကြောင်း စသည့်အ
သွင်ပုံစံဖြင့် လုပ်ဆောင်လေ့ရှိပါတယ်။ အထင်ရှားဆုံး email scam 
များမှာ ကိုယ်အလေးချိန်လျှော့ချတဲ့ပြောဆိုချက်များ၊ ကြွေးမြီလျှော့ချမှုအစီအ
စဉ်များနဲ့ ဆေးဝါးထုတ်ကုန်များ ပါဝင်ပါတယ်။ Phishing ဆိုတာကလည်း လိမ်လည်မှု (scam) အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Phishing တွေဟာ ဘဏ်တစ်ခု ဒါမှမဟုတ် ယုံကြည်ရတဲ့တခြားရင်းမြစ်ကနေ အသုံးပြုသူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်တွေကို လွှဲပြောင်းရယူရန်အတွက် ဟန်ဆောင်ဝင်ရောက်လာတဲ့ email တွေဖြစ်ပါတယ်။ Scammer တွေဟာ အဲ့ဒီအချက်အလက်တွေကို ရရှိသွားတဲ့အခါမှာ အသုံးပြုသူရဲ့ ဘဏ်စာရင်းမှပိုက်ဆံများကိုထုတ်ခြင်း ဒါမှမဟုတ် identity ခိုးယူခြင်းတို့အတွက် ယင်းအချက်အလက်တွေကို အသုံးပြုကြပါတယ်။ Phishing email တစ်ခုမှာ ချက်ချင်းလုပ်ဆောင်ဖို့လိုအပ်တဲ့ အဓိပ္ပာယ်ပါဝင်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ အကြွေးဝယ်ကတ်ကနေ အခွင့်မရှိဘဲ ငွေထုတ်သွားတဲ့အတွက် အချက်အလက်တွေကို ချက်ချင်းအတည်ပြုရန်လိုအပ်ကြောင်း အဓိပ္ပာယ်ရတဲ့ပြောကြားမှုတွေ ပါဝင်လေ့ရှိပါတယ်။

ဖြည့်စွက်အကြံပြုချက်များ
Link တွေကိုနှိပ်တဲ့အခါမှာ သတိပြုပါ။ တရားဝင်ကုမ္ပဏီတစ်ခုရဲ့ အမှတ်တံဆိပ်ကို email တစ်ခုမှာအသုံးပြုပြီး တရားဝင် email အသွင်ပြုလုပ်ခြင်းဟာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး တရားဝင် email အသွင်ပြုလုပ်ထားတဲ့ email မှာပါဝင်တဲ့ မည်သည့် link ကိုမဆို အသုံးပြုသူကနေပြီး နှိပ်လိုက်တဲ့အခါ တရားဝင်ဆိုက်အသွင်ပြုလုပ်ထားတဲ့ ဆိုက်တွေထံရောက်သွားနိုင်ပါတယ်။ အမြဲတမ်းပြုလုပ်သင့်တာကတော့ web လိပ်စာတွေကို ကိုယ်တိုင်ရိုက်ခြင်း၊ ဘဏ် website တွေနဲ့ တခြားယုံကြည်ရတဲ့ website တွေထံသွားလိုတဲ့အခါမှာ ကိုယ်ပိုင် bookmark တွေကိုနှိပ်ခြင်းတို့ဖြစ်ပါတယ်။

Email attachment များကို ကိုင်တွယ်ဖြေရှင်းခြင်း
Virus များနဲ့ တခြား malware တွေဟာ email attachment တွေမှာပါဝင်နိုင်တာကြောင့် ၎င်းတို့ကို အန္တရာယ်ရှိတဲ့အရာများလို့ ဆိုရမှာပါ။ အသုံးပြုသူအနေနဲ့ အဆိုပါ attachment ကို ဖွင့်လိုက်တဲ့အခါမှာ အသုံးပြုသူကိုယ်တိုင် မသိရှိလိုက်ဘဲ malware တွေကို ကွန်ပျူတာအတွင်း အလိုအလျောက် install လုပ်မိစေမှာဖြစ်ပါတယ်။ Malware တွေဟာ ကွန်ပျူတာအတွင်းမှာရှိတဲ့ဖိုင်များကို ပျက်စီးစေနိုင်သလို အသုံးပြုသူရဲ့ password တွေကိုပါခိုးယူနိုင်တာကြောင့် email attachment တွေကို လက်ခံရရှိတဲ့အခါမှာ အထူးသတိပြုဖို့လိုအပ်ပါတယ်။

Attachment များအတွက် အကြံပြုချက်များ
မမျှော်လင့်ထားတဲ့ attachment တွေကိုမဖွင့်ပါနဲ့။ Virus တစ်ခုဟာ အသုံးပြုသူနဲ့ သိကျွမ်းတဲ့သူထံကနေ ပေးပို့တဲ့အသွင်နဲ့ email တွေကို အလိုအလျောက်ပေးပို့နိုင်ပါတယ်။ ဒါကြောင့်လည်း email virus တွေ ပျံ့နှံ့ရခြင်းဖြစ်ပါတယ်။ အကယ်၍ email အသုံးပြုသူတစ်ယောက်အနေနဲ့ သူငယ်ချင်းတစ်ယောက်ထံမှ attachment တစ်ခုကို လက်ခံရရှိတဲ့အခါမှာ ၎င်းထံအဆိုပါ attachment နဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့လိုပါတယ်။

Antivirus software ကိုအမြဲ update လုပ်ပါ။
အကယ်၍ email အသုံးပြုသူရဲ့ antivirus software ဟာ update မဖြစ်ဘူးဆိုရင် virus တွေဟာ လျင်မြန်စွာပျံ့နှံ့သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ update မဖြစ်တဲ့ antivirus ဟာ virus အသစ်တွေကို တားဆီးနိုင်ခြင်းမရှိလို့ပါပဲ။

Firewall ကို ဖွင့်ထားပါ။
Firewall software ဟာ လူ ဒါမှမဟုတ် malware တို့ကနေပြီး အင်တာနက်မှတစ်ဆင့် ကွန်ပျူတာအား ထိန်းချုပ်အသုံးပြုခြင်းကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ Attachment တွေကို download မလုပ်ခင် virus ရှိ၊ မရှိစစ်ပါ။ အွန်လိုင်း email ၀န်ဆောင်မှုအများစုဟာ attachment တွေမှာ virus ပါ၊ မပါ စစ်ဆေးပေးပါတယ်။ တချို့

ဝန်ဆောင်မှုတွေကတော့ attachment တွေမှာ virus ပါ၊ မပါ စစ်ဆေးခြင်းမရှိပါက 
download ပြုလုပ်ခွင့်ပေးခြင်း မရှိပါဘူး။

ရေးသားသူ - နောင်နောင်

http://www.myanmarinternetjournal.com 

No comments:

Post a Comment