၁။ဗိုင်းရပ်စ်ကာကွယ်ခြင်း ဆော့ဝဲလ်သည်… နောက်ဆုံး (latest version) ကို အသုံးပြုသင့်ပါသည်။
ဗိုင်းရပ်စ် (Virus) နှိမ်နင်းရာတွင် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဝဲလ် လိုအပ်ပါသည်။
ဗိုင်းရပ်စ် (Virus) နှိမ်နင်းရာတွင် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဝဲလ် လိုအပ်ပါသည်။
ဗိုင်းရပ်စ်နှိမ်နင်းရေးဆော့ဝဲလ်ကို အသုံးပြု သူသည် မိမိ၏
ဗိုင်းရပ်စ်(Virus) ကာကွယ်နှိမ်နင်းခြင်းစနစ်/ ဖိုင်(file) များကို
Update ပြုလုပ်၍ ဗိုင်းရပ်စ် စစ်ဆေးခြင်းကိုပြုလုပ်ပါ။
ကွန်ပျူတာဗိုင်းရပ်စ် များသည် အလွန်ဝင် ရောက်လွယ်ပါသည်။
ဗိုင်းရပ်စ် အမျိုးအစား များစွာရှိပါသည်။ ထို့ကြောင့်
မိမိကွန်ပျူတာ၏ ဗိုင်းရပ်စ် နှိမ်နင်းခြင်း စနစ်သည် ဗိုင်းရပ်စ်
အမျိုးအစားအသစ်များကိုပါ နှိမ်နင်းနိုင်ရန် အမြဲ Update
ဖြစ်နေရပါမည်။
ဗိုင်းရပ်စ်ကာကွယ်ခြင်း ဆော့ဝဲလ်တွင် အလိုအလျှောက် Update
လုပ်ခြင်း စနစ်များပါရှိပါသည်။ မိမိကွန်ပျူတာ၏ ဗိုင်းရပ်စ်
နှိမ်နင်းခြင်းစနစ်ကို မကြာခဏ Update လုပ်ကြပါစို့။
ကွန်ပျူတာ ဝယ်ယူသောအခါ အစမ်းသုံး
ဗိုင်းရပ်စ်နှိမ်နင်းရေးဆော့ဝဲလ်များ ပါရှိနေတတ်ပါသည်။ ၎င်းသည်
အစမ်းသုံးကာလကျော်လွန်လျှင် အသုံးမပြုနိုင်တော့သည့်အတွက်
အထူးဂရုပြုရန် လိုအပ်ပါသည်။
မိမိကွန်ပျူတာတွင် ဗိုင်းရပ်စ် (Virus) ကာကွယ်ခြင်း
ဆော့ဝဲလ်မရှိဘဲ အင်တာနက် (Internet) အသုံးပြု မည်ဆိုလျှင်
အွန်လိုင်းမှ အခမဲ့ပေးသော ဗိုင်းရပ်စ် (Virus) စစ်ဆေးနည်းများကို
အသုံးပြု၍ စစ်ဆေးခြင်းများ ပြုလုပ်ပါ။ (စာမျက်နှာ - ၁၂သို့)
သို့သော် ၎င်းစနစ်သည် အလုံးစုံ စစ်ဆေးပေးခြင်း
များမပြုလုပ်နိုင်သဖြင့် ဗိုင်းရပ်စ် နှိမ်နင်းရေး ဆော့ဝဲလ်ကို
ဝယ်ယူရန်အကြံပြုပါသည်။
၂။အီးမေးလ်နှင့် တွဲဆက်နေသော ဖိုင်များ.... ဦးစွာ ဗိုင်းရပ်စ် (Virus) စစ်ဆေးပါ။
ဗိုင်းရပ်စ်သည် အီးမေးလ်နှင့် တွဲဆက်နေသော ဖိုင်များမှတဆင့် ဝင်ရောက်နိုင်ပါသည်။ မိမိ၏ရင်းနှီးသောမိတ်ဆွေထံမှ အီးမေးလ် ကိုပင် တွဲဆက်နေသော ဖိုင်များကို ဦးစွာ ဗိုင်းရပ်စ်စစ်ဆေးပြီးမှသာ ဖွင့်သင့်ပါသည်။
လတ်တလောတွင် ဗိုင်းရပ်စ်မေးလ် များစွာကို တွေ့ရှိရပါသည်။
ယခုကဲ့သို့ ဗိုင်းရပ်စ်မေးလ်များမှတဆင့် ဗိုင်းရပ်စ်
ကူးစက်ခြင်းကို ကာကွယ်နိုင်ရန် မိမိနှင့်မသိသောသူများထံမှ
မေးလ်များနှင့် အယောင်ဆောင်မေးလ်များကို သတိပြုရန် လိုအပ်ပါသည်။
မိတ်ဆွေ အချင်းချင်း အီးမေးလ် ဖလှယ်သောအခါ၊ တွဲဆက်ဖိုင်များ
ပေးပို့ လိုသောအခါ၊ အီးမေးလ် အတွင်းတွင်
တွဲဆက်ဖိုင်များပါဝင်ကြောင်း အသိပေးရေးသားခြင်းများ
ပြုလုပ်သင့်ပါသည်။ သို့သော် သေချာစေရန်အတွက် တွဲဆက်နေသော
ဖိုင်(file) များကို မဖွင့်မီ ဗိုင်းရပ်စ်(Virus) စစ်ဆေးကြပါစို့။
သေချာစေရန်ဂရုပြုခြင်းသည်... အရေးကြီးပါသည်။
ထို့အပြင်အောက်ပါစာလုံးသုံးလုံးဖြင့် ဆုံးသော ဖိုင် (file) အမျိုးအစားများကို အထူး ဂရုပြုရန် လိုအပ်ပါသည်။
သို့သော် မိမိ Window ၏ Option တွင် [Hide file extensions for known
file types]“ဖိုင်အမည်များကို အသေးစိတ်ဖော်ပြပေးခြင်း” ကို
ကလစ်ထားရှိရပါမည်။..၎င်းကိုသေချာစစ်ဆေးရန်အကြံပြုပါသည်။
(စာမျက်နှာ - ၅ သို့)
အဆိုပါ ဖိုင်များသည် ဖွင့်လိုက်သည်နှင့် တပြိုင်နက်
မိမိ၏ကွန်ပျူတာတွင်း ဝင်ရောက် လုပ်ဆောင်ပါသည်။ အဆိုပါ ဖိုင် (file)
များတွင် ဗိုင်းရပ်စ် (Virus) များပါရှိပါက သင်၏ ကွန်ပျူတာတွင်း
ကူးစက်ပျံ့ပွားပြီး သင်၏အရေကြီးသော အချက်အလက်များကို
ခိုးယူခြင်းများ၊ hard disk အတွင်းရှိ
ဖိုင်များကိုဖျက်စီးခြင်းများ၊ ကွန်ပျူတာစနစ်ကို
အန္တရာယ်ပြုခြင်းများ အထိဆိုးရွားစေနိုင်ပါသည်။ အထူးဂရုပြုပါ။
ဗိုင်းရပ်စ် (Virus) အမျိုးအစားအလိုက် ဖိုင် (file) အမျိုးအစား
သင်္ကေတ (icon) များကို မှားယွင်းစွာ ဖော်ပြခြင်းများ၊
နှစ်ခါဖော်ပြခြင်းများ ရှိတတ်ပါသည်။
Word ဆိုလျှင် (1) ကဲ့သို့ဖြစ်ရမည့်အစား (2) ကဲ့သို့အတုအယောင်
ဖိုင် (file) application များဖြစ်တတ်ပါသည်။ ထို့အပြင် (3)
ကဲ့သို့နှစ်ကြိမ်ဖော်ပြခြင်းမျိုးလဲဖြစ်တတ်ပါသည်။
ဥပမာ ကဲ့သို့သော ဖိုင် (file) များ အီးမေးလ် (email) နှင့် တွဲဆက်လာပါက အောက်ပါပုံအတိုင်းဖြစ်ပါသည်။
ဖ ိုင် (file) အမျိုးအစား ရှာဖွေရန်အောက်ပါနည်းလမ်းများရှိပါသည်။
ဖိုင် (file) ကို ထောက်၍ မောက်စ် (mouse) ၏ ညာကလစ် (click) ကိုနှိပ်ပါ၊ property ကိုရွေးပါ။
Window ၏ ကနဦအနေအထားတွင် ၎င်းဖိုင်အမည်များသည် ဖော်ပြထားခြင်းမရှိသည့်အတွက် My Computer (သို့) explore မှတဆင့် Tools →folder option ကိုရွေးပါ။ View တွင်[Hide file extensions for known file types]တွင် ကလစ်လုပ်ထားမိပါက ဖယ်ရှားပါ။
မေးလ် (mail) နှင့်တွဲဆက်နေသော ဖိုင် (file) များ နှင့် ပတ်သက်၍ သတိပြုရန် ၅ချက်။
(၁) မိမိနှင့် မသိသူထံမှလာသော တွဲဆက် ဖိုင် (file) များပါသည့် အီးမေးလ် (email) ကို အထူးဂရုပြုပါ။
(၂) တွဲဆက် ဖိုင် (file) များကို မယုံကြည်ပါနှင့်။
(၃) မိတ်ဆွေများထံမှ မသင်္ကာဖွယ်တွဲဆက်ဖိုင်များပါလျှင် ထိုအီးမေးလ်သည်သံသယဖြစ်ဖွယ် ဖြစ်သည်။
(၄) အီးမေးလ် (email) အတွင်းဝင်ဆံ့သော အကြောင်းအရာများကို တွဲဆက်မေးလ် များအသုံးပြု၍ မပို ့ပါနှင့်။
(၅) mailer အီးမေးလ် ဆော့ဝဲလ် (software) ဖြင့် တွဲဆက်ဖိုင်များ ထိန်းချုပ်စီမံခြင်း (*)ကို ဂရုစိုက်ပါ။
───────────────────────────
(*) mailer မေးလ် (mail) ဆော့ဝဲလ် (software) သည်
တွဲဆက်ဖိုင် (file) များကို ထိန်းချုပ်စီမံရာတွင် အသုံးဝင်ပါသည်။
ဥပမာ၊ အီးမေးလ် (email) လက်ခံရရှိသောအခါ တွဲဆက်ဖိုင် (file)
များကို သတ်မှတ် ထားသောနေရာတွင် ထိန်းသိမ်းပေးပါသည်။ ၎င်း mailer
များကို အသုံးပြုပါက ဗိုင်းရပ်စ် (virus) စစ်ဆေး သောအခါ အီးမေးလ်
(email) များနှင့်တွဲဆက်ဖိုင် (file) များကို ဖယ်ရှားမိသည့်အခါ
ထိန်းသိမ်းထားသော နေရာရှိ ကော်ပီကိုပါ ဖယ်ရှားပြစ်ရန်
လိုအပ်ပါသည်။
အလားတူ ဒေတာ (data) သိုလှောင်သော ဖလော်ပီဒစ် (floopy disk) နှင့်
စီဒီ (CD) များ၏ external memory တွင်းရှိ ဖိုင်များ၊
မရေရာသောဖိုင်များကို ဗိုင်းရပ်စ် (virus) စစ်ဆေးပြီးမှသာ
အသုံးပြုပါ။
ထို့အပြင် ဖိုင်များ ဒေါင်းလုတ် (download) လုပ်စဉ်တွင် တတ်နိုင်သ၍ ယုံကြည်စိတ်ချရသော website များတွင်သာ အသုံးပြုပါ။ Spam mail
(*1) စသည်တို့ရှိ website များမှ ဒေါင်းလုတ် လုပ်ခြင်း၊
မယုံကြည်ရသော website များမှ ဒေါင်းလုတ် လုပ်ခြင်းကို
ရှောင်ကြဉ်ပါ။လတ်တလောတွင် Winny စသည့် ဖိုင်များလဲလှယ်ခြင်း (*2) မှတဆင့် ဗိုင်းရပ်စ်များဝင်ရောက်၍ မိမိ၏ အရေးကြီးသော သတင်းအချက်အလက်များ ပြင်ပသို့ပျံ့ပွားတတ်ပါသည်။
တစ်ကြိမ်အင်တာနက်တွင်း ပျံ့ပွားသွားသောသတင်းအချက် အလက်များသည်ပြန်လည် ထိန်းချုပ်ရန်မလွယ်ကူပါ။ အကြီးအကျယ်အနှောက်အယှက် ဖြစ်စေပါသည်။
၎င်းဗိုင်းရပ်စ် (Antinny) သည် ဖိုင်လဲလှယ်ခြင်း (winny) မှ တဆင့် ဗိုင်းရပ်စ်များ ပျံ့ပွားစေ ခြင်းဖြင့် ကြီးထွားလာစေပါသည်။ ဖိုင်လဲလှယ်သောအခါ မဖြစ်မနေ ဗိုင်းရပ်စ် (virus) စစ်ဆေးပြီးမှသာ အသုံးပြုခြင်းဖြင့် ကာကွယ်ရမည်။
၄။ကွန်ပျူတာညွှန်ကြားချက်စနစ်များသည်.. လုံခြုံမှုစနစ်ကို အသုံးပြုသင့်ပါသည်။
ဥပမာ၊ Microsoft ကုမ္ပဏီ၏ Internet Explorer 6 ကိုသုံးသည့်အခါ Internet option မှ start →setting →control panel →Internet option စသဖြင့် security လုံခြုံရေး levelကိုထားရှိပါ။ ထိုအခါ security level သည် medium အထက်ရှိရမည်။ ထို့အပြင် Internet Explorer 7 ကိုသုံးသည့်အခါ medium-high အထက်ရှိရမည်။
ထို့နည်းတူ spyware နှိမ်နင်းရေးတွင်လည်း privacyma ကို medium-high
အထက် ရှိရပါမည်။ (Internet Explorer 7 ကိုသုံးသည့်အခါ
၎င်းစနစ်များကို အသုံးပြု ခြင်းဖြင့် ဗိုင်းရပ်စ်များကို ကာကွယ် နိုင်ပါသည်။
၅။Security Patch ကို…. အသုံးပြုသင့်ပါသည်။
ဥပမာ၊ သင်၏ကွန်ပျူတာရှိ mailer ဆော့ဝဲလ် (software) အားနည်းနေပါက အီးမေးလ် နှင့်တွဲဆက်နေသော ဖိုင်များကို အလိုအလျှောက်ပွင့်စေမည် ဖြစ်ပြီး ထိုမှတဆင့် ဗိုင်းရပ်စ်(virus) များကူးစက်ပျံ့ပွားနိုင်ပါသည်။ ထိုကဲ့သို့ အားနည်းခြင်းများသည် မကြာခဏ ကြုံတွေ့နိုင်သဖြင့် မိမိ အသုံးပြုနေသော Application များ (အထူးသဖြင့် Mailer, Browser, PDF reader, Word processing software) ၏ website များမှအချက်အလက်များ ကိုစစ်ဆေးပြီး Update Security Patch ကိုပြုလုပ်ပေးရန် လိုအပ်သည်။
ထို့အပြင် မိမိကွန်ပျူတာတွင် အားနည်းချက်ရှိနေပါက အင်တာနက် နှင့် ချိတ်ဆက်မိရုံဖြင့် ဗိုင်းရပ်စ်(virus) ကူးစက်ခြင်းများလည်းရှိပါသည်။ 2003 ခုနှစ် 8 လပိုင်းထုတ် W32/MS Blaster နှင့် W32/Welchia၊ ထို့အပြင် 2004 ခုနှစ် 5 လပိုင်းထုတ် W32/Sasser စသည်တို့သည် မိမိ ကွန်ပျူတာကို restart လုပ်သောအခါ ဝင်ရောက်နိုင်ပါသည်။
လတ်တလောတွင် အန္တရာယ်ပေးနေသော Bot (*5) ဟုခေါ်သော ဗိုင်းရပ်စ် (virus) သည် အင်တာနက် (internet) မှတဆင့် ကူးစက်ပျံ့ပွားပါသည်။
Window အသုံးပြုသူသည် Microsoft update ကို မကြာခဏပြုလုပ်ရန် (သ့ို) အလိုအလျှောက် Update လုပ်ခြင်း စနစ်ကို အသုံးပြုပါ။ Microsoft ကုမ္ပဏီမှထုတ်သော OS တွင်ပါရှိသည့် Patch (သို့) Internet Explorer နှင့် office များတွင် ပါသည့် Pach များကိုအသုံးပြုနိုင်ပါသည်။
lMicrosoft Update
http://www.update.microsoft.com/microsoftupdate/v6/default.aspx
Microsoft updates အသုံးပြုပုံကို အောက်တွင် ဖော်ပြထားပါသည်။
lMicrosoft Update အသုံးပြုပုံ
http://windows.microsoft.com/en-us/windows/help/windows-update
၆။ ဗိုင်းရပ်စ် (virus) ကူးစက်ခြင်းလက္ခဏာများကို...လျစ်လျူမရှုသင့်ပါ။
အောက်ဖော်ပြပါလက္ခဏာများရှိလျှင် ဗိုင်းရပ်စ် (virus)
ကူးစက်ခြင်းများဖြစ်နိုင်ပါသည်။ ၎င်းတို့ကို မလွဲမသွေ
ဗိုင်းရပ်စ် (virus) စစ်ဆေးခြင်းများပြုလုပ်ပါ။
(၁) System နှင့် Application များမကြာခဏ Backup ဖြစ်သွားခြင်း၊ System အသုံးပြု၍မရခြင်း။
(၂) ဖိုင် (file) များ ပျောက်ဆုံးခြင်း၊ မိမိမသိသော ဖိုင် (file) များပေါ်လာခြင်း။
(၃) Task Bar တွင် ထူးဆန်းသော icon များပေါ်လာခြင်း။
(၄) မိမိမညွှန်ကြားဘဲရုတ်တရက် အင်တာနက်နှင့် ချိတ်ဆက်မိခြင်း။
(၅) မိမိမညွှန်ကြားဘဲမိမိထံမှ အီးမေးလ် (email) များ အလိုအလျှောက်ပေးပို ့ခြင်း။
(၆) မိမိအာရုံတွင် ယခင်ကနှင့် မတူသော ထူးခြားမှုတွေ ့ရှိခြင်း။
၇။အရေးကြီးသော အချက်အလက်များကို...မဖြစ်မနေ backup ပြုလုပ်ပါ။
၈။ အကယ်၍ ဗိုင်းရပ်စ် (virus) ကူးဆက်ခြင်းခံရပါက..
အွန်လိုင်းမှတဆင့် ဗိုငျးရပျဈscanကို အောက်ပါလင့်ခ်များတွင် အသုံးပြုနိုင်ပါသည်။
l SymantecSecurity Check
http://security.symantec.com/
l Trendmicro အွန်လိုင်း scan
http://housecall.trendmicro.com/
l Mcafee free scan
http://home.mcafee.com/downloads/free-virus-scan
ဗိုငျးရပျဈတန်ပြန်ရေးအပါအဝင် အောက်ပါအချက်အလက်များကို ကိုးကားလေ့လာပါ။
l အလွယ်တကူဒေါင်းလုတ်လုပ်ခြင်းမှပေးသော ကြီးမားသည့်ပျက်စီးမှုနှင့်ပတ်သက်၍
http://www.ipa.go.jp/security/english/E_malicious.html
l Safety & Security Center (Microsoft)
http://www.microsoft.com/security/
၁၀။ဝေါဟာရ ရှင်းလင်းချက်
UBE (သို့) unsolicited bulk Email ဟုခေါ်သော သံသယဖြစ်ဖွယ် မေးလ်များသည် ဝါဒဖြန့်ခြင်း၊ အနှောက်အယှက် ပေးခြင်းစသည့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့်ရောက်ရှိလာသော အီးမေးလ်များဖြစ်သည်။
(*၂) ဖိုင်ဖလှယ်ခြင်း ဆော့ဝဲလ်
အင်တာနက်ကိုအသုံးပြု၍ မရေရာသော အသုံးပြုသူများအချင်းချင်း ဖိုင်များဖလှယ်နိုင်သော ဆော့ဝဲလ်ဖြစ်သည်။
(*၃) Macro-Type ဗိုငျးရပျ(ဈ)
၎င်းဗိုင်းရပ်(စ်)သည် MSW နှင့် MSE အတွင်းပျံ့နှံ့ကူးစက်သော ဗိုင်းရပ် ဖြစ်သည်။ ကူးစက်ခံရသော MSW, MSE ဖိုင်များကိုဖွင့်လျှင် Word နှင့် Excel စနစ်များကိုပါ ကူးစက်ပျံ့ပွားမည်။ Email တွဲဆက်ထားသော ဖိုင်များ floppy disc များ၊ MO (magneto-optical disks) စသည်တို့အတွင်းရှိ ဗိုင်းရပ်(စ်)ကူးစက်ခြင်း ခံရသော ဖိုင်များသည် နောက်တစ်ကြိမ် ဗိုင်းရပ်များ ပျံ့ပွားနိုင်သော ကြားခံများဖြစ်သည်။
(*၄) စနစ်အားနည်းခြင်း
လုံခြုံမှုစနစ်အားနည်းခြင်းသည် အခြားစနစ်များ network များ၊ Application များ၊ protocols များ၏ လုံခြုံ ရေး စနစ်ကိုပါ အဆင့်နိမ့်ကျစေပါသည်။ ထိုမှတဆင့် မလိုလားအပ်သော အဖြစ်အပျက်များဖြစ်ပေါ်လာစေပြီး လုပ်ဆောင် ချက်များ၊ အမှားများကို ဖြစ်ပေါ်စေပါသည်။ Operating စနစ် အားနည်းခြင်း၊ Application စနစ် အားနည်းခြင်း စသည်ဖြင့်ရှိပါသည်။ ထို့ပြင် ဆော့ဝဲလ် အားနည်းခြင်း အပြင် လုံခြုံမှုစနစ် မလုံလောက်လျှင်လည်း စနစ်အားနည်းခြင်း ဖြစ်နိုင်ပါသည်။ ၎င်းကို အများ အားဖြင့် Security hole ဟုခေါ်ဆိုပါသည်။
(*၅) Bot
၎င်းသည် အင်တာနက်မှတဆင့် ကွန်ပျူတာအတွင်း ကူးစက်ပျံ့ပွားသော
ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးဖြစ်သည်။ ၎င်းဗိုင်းရပ်စ်များသည်
အပြင် အင်တာနက်မှ ညွှန်ကြားစေခိုင်းချက်များအတိုင်း
မိမိကွန်ပျူတာအတွင်းတွင် ထိန်းချုပ်လုပ်ဆောင်ခြင်းများကို
ပြုလုပ်ပါသည်။ Robot ကဲ့သို့ အလိုအလျှောက် လှုပ်ရှားမှုများကြောင့်
၎င်းကို Bot ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။|
ကုမ္ပဏီအမည်
|
အဓိကထုတ်ကုန်အမည်
|
URL
|
|
Ahnlab.Inc
|
Virus Block
|
|
|
Kaspersky Labs
|
Kaspersky Internet Security、Kaspersky Anti-Virus
|
|
|
Symantec
|
Norton Internet Security、NortonAntiVirus、NortonAntiVirus for Mac
|
|
|
Sophos
|
Sophos Anti-Virus
|
|
|
Trendmicro
|
Virus Buster, Inter Scan
|
|
|
F Secure
|
F-Secure Antivirus
|
|
|
McAfee
|
VirusScan 、GroupShield
|
" Be Secure, Aware and Vigilant"
No comments:
Post a Comment