July 28, 2012

" တရားမ​ဝင် ဝင်​ရောက်​ခံ​ရ​ခြင်း​မှ ကာ​ကွယ်​ခြင်း အစီ​အမံ​များ"

တရားမ​ဝင်⁠ဝင်​ရောက်​ခံ​ရ​ခြင်း​ဆို​သည်မှာ・・・
 
တရားမ​ဝင်⁠ဝင်​ရောက်​ခံ​ရ​ခြင်း​ဆို​သည်မှာ ၁​၃-၂-၂​၀⁠၀​ဝ နေ့​ထုတ်​ပြန်​ထား​သော “Unauthorized Access Prohibition Law” (*1) အရ ကွန်ပျူတာ​အသုံးပြု​သူ​များ​၏ ကွန်ပျူတာ​များ​အတွင်း​သို့ မ​မှန်ကန်​သော၊ တရားမ​ဝင်​သော​နည်း​လမ်း​များ​ဖြင့်​ဝင်​ရောက်​ခြင်း (သို့) ထို​ကဲ့သို့ တရားမ​ဝင်​နည်း​လမ်း​များ​ကို အားပေး​သော လုပ်ဆောင်​ချက်​များ​ကိုခေါ်​ပါ​သည်။
・    ကွန်ပျူတာ​၏ OS နှင့် Application (သို့) Hardware အတွင်း​ရှိ​စနစ်​အားနည်း​မှု (Security Hole) (*2) ကို​အ သုံး​ပြု​၍ ကွန်ပျူတာ​၏Access Control (*3) စနစ်​ကိုကျော်​ဖြတ်​၍​ကွန်ပျူတာ​များ​အတွင်း​သို့ ဝင်​ရောက်​ခြင်း။
・    အသုံးပြု​သူ​တစ်​ဦး​၏ ID နှင့် Password များ​ကို (*4) ထို​သူ​၏​ခွင့်​ပြု​ချက်မ​ပါ​ဘဲ ခိုး​ယူ​သုံးစွဲ​ခြင်း။ (အယောင်ဆောင်​လုပ်​ရပ်)
・    အသုံးပြု​သူ​တစ်​ဦး​၏ ID နှင့် Password များ​ကို ထို​သူ​၏​ခွင့်​ပြု​ချက်မ​ပါ​ဘဲ​အခြာ​သူ​တစ်​ဦး (တတိယ​လူ) ကို​ပေး​ခြင်း။
 
ဤ​အစီ​အမံ​စာအုပ်​သည် ကွန်ပျူတာအသုံးပြု​သူ​များ​အတွက်​သာ ရည်​ရွယ်​ပါ​သည်။ ဤစာအုပ်​တွင်ဖော်​ပြ​ထား​သော တရားမ​ဝင် ဝင်​ရောက်ခံ​ရခြင်း​မှ ကာ​ကွယ်​ခြင်း​နည်း​လမ်း​များ သည် ကုမ္ပဏီ Network များ​တွင်​အသုံးပြု​ရန်​အတွက် မ​လုံလောက်​သော​ကြောင့် အထူး​ဂရုပြု​ပါ။
 
ဥပမာ။ အောက်​ပါ​ဖြစ်​ရပ်​များ..
လွယ်ကူ​သော Password များ​၏ မ​ထင်မှတ်​ဖွယ်​အန္တရာယ်။
ကွန်ပျူတာ​အသုံးပြု​သူ A သည် အင်​တာ​နက်​လေလံ​ကို​အသုံးပြု​၍ Baseball ကဒ်​များ​ကို ရောင်းချ​သူ​တစ်​ဦး​ဖြစ်​သည်။ ၎င်း​သည် အင်​တာ​နက်​လေလံ​၏ Login တွင် password မ​မေ့​စေ​ရန် အတွက် သူ​၏​အမည်​ကို password အဖြစ်​အသုံးပြု​ခဲ့​သည်။ တ​နေ့​တွင် အင်​တာ​နက်​လေလံ Login လုပ်​စဉ်​တွင် Invalid Password ဟူ​သော​စာ​တန်းပေါ်​လာ​ပြီး ဝင်​ရောက်​၍ မ​ရ​နိုင်​တော့​ပါ။ A သည် မိမိ​ကိုယ်တိုင် Password ပြောင်းလဲ​ခြင်း​မ​ပြု​ခဲ့​သည့်​အတွက် ကုမ္ပဏီ​ထံ​သို့ ဆက်​သွယ်​မေးမြန်း ရာ​တွင် သူ​၏ Password ကို တ​စုံ​တစ်​ဦး​က​ပြောင်းလဲ​ထား​ကြောင်း​သိ​ရ​ပါ​သည်။
A သည်​လွယ်ကူ​သော Password ကို​အသုံးပြု​ခဲ့​သ​ဖြင့် ခိုး​ယူ​သူ​များ​က အလွယ်​တ​ကူ​သိရှိ ခိုး​ယူ​နိုင်​ခြင်း​ဖြစ်​ပါ​သည်။
・ အင်​တာ​နက်​နှင့်​အချိန်​ပြည့် ချိတ်ဆက်​ထား​ခြင်း​၏ မ​ထင်မှတ်​ဖွယ်​အန္တရာယ်။
ကွန်ပျူတာ​အသုံးပြု​သူ B သည် CATV အင်​တာ​နက်​စနစ်​ကို​အသုံးပြု​သူ​ဖြစ်​သည်။ လ​စဉ် ပေး​ဆောင်​ရ​သော​နှုန်း​ထား​မ​ပြောင်းလဲ​သည့်​အတွက် သူ​၏ ကွန်ပျူတာ​ကို အင်​တာ​နက်​နှင့် အချိန်​ပြည့် ချိတ်ဆက်​ထားခဲ့​သည်။ B ၏ ကွန်ပျူတာ​သည် လုံခြုံ​မှု​စနစ်​အားနည်း​နေ​ပြီး Microsoft Update ကို​လည်း​ပြုလုပ်​ခြင်း​မ​ရှိ​ပါ။
တစ်​နေ့​တွင် B သည် ISRC (Information Security Response Center) မှ B သည် အစိုးရ​အဖွဲ့​အစည်း​များ​ကို တိုက်ခိုက်​နေ​သ​ဖြင့် အင်​တာ​နက်​အသုံးပြု​ခြင်း​ကို​ရပ်ဆိုင်း​ရန် အကြောင်း ကြား​ခြင်း​ခံ​ရ​သည်။ ထို့နောက် B အသုံးပြု​နေ​သော ကွန်ပျူတာ​သည် အင်​တာ​နက်​မှ ဖြတ်​တောက်​ခြင်း​ခံ​ရ​သည်။
B သည် မိမိ​၏​လုံခြုံ​မှု​စနစ်​အားနည်း​နေ​သော ကွန်ပျူတာ​ကို အင်​တာ​နက်​နှင့် အချိန်​ပြည့် ချိတ်ဆက်​ထားခဲ့​သည့်​အတွက် သတိ​မ​ပြု​မိ​ချိန်​အတွင်း တိုက်ခိုက်​သူ​များ​၏ ခိုး​ယူ​ခံ​ရ​ခြင်း​ဖြစ်​သည်။
 
ကြိုးမဲ့စနစ်သုံးခြင်း၏ မ​ထင်မှတ်​ဖွယ်​အန္တရာယ်။
ကွန်ပျူတာ​အသုံးပြု​သူ C ၏ မိသား​စု​များ​တွင် ကိုယ်​ပိုင်​ကွန်ပျူတာ​များ​ရှိ​ကြ​သည်။ C သည်​မိမိ​တို့​၏​အခန်း​အတွင်း​မှ ကိုယ်စီ​ကွန်ပျူတာ​များ အသုံးပြု​နိုင်​ရန်​အတွက် ကြိုး​မဲ့​စနစ်​ကို​ဝယ်​ယူခဲ့​သည်။C ၏ မိသား​စု​များ​သည် ကြိုး​မဲ့​စနစ်​၏ ညွှန်​ကြား​ချက်​များ​ကို မ​ဖတ်​ဘဲ အသုံးပြု​ခဲ့​ကြ​သည်။
တစ်​နေ့​တွင် C မိသား​စု​များ​သည်​အွန်​လိုင်း​မှ ဂိမ်း​က​စာ​နေ​စဉ် မိမိ​တို့​၏ ကွန်ပျူတာ​နှေး​လာ​သည်​ဟု ခံစား​မိ​ခြင်း၊ Hard disk အတွင်း​မှ​မိမိ​တို့​ထည့်​သွင်း​ထား​ခြင်း​မ​ရှိ​သော Data များပေါ်​လာ​ခြင်း​များ​ကို တွေ့​ရ​ပါ​သည်။
တစ်​နေ့​တွင် Credit ကဒ်​ကုမ္ပဏီ​မှ အွန်​လိုင်း​ဈေး​ဝယ်​ထား​ခြင်း​အတွက် ပြေစာ​တစ်​ခု​ရောက်​ရှိ​လာ သည်။ သို့သော် ၎င်း​သည် C မိသား​စု​မှ​ဝယ်​ယူထား​ခြင်း​မဟုတ်​ပေ။   
ထို့နောက် C မိသား​စု​သည် အွန်​လိုင်း​ဈေး​ဝယ်​ရန်​အတွက် Credit ကဒ်​နံပါတ်​ကို မိမိ​တို့ ကွန်ပျူတာ​တွင်​ထည့်​သွင်းခဲ့​ကြောင်း​သတိပြု​မိ​ခဲ့​သည်။ လုံခြုံ​မှု​စနစ်​ကာ​ကွယ်​မ​ထား​သော ကြိုး​မဲ့​စနစ်​မှ​တ​ဆင့် တိုက်ခိုက်​သူ​များ​၏ ခိုး​ယူ​ခံ​ရ​ခြင်း​ဖြစ်​သည်။
 
ထို​ကဲ့သို့ လွယ်ကူ​သော Password ကို​အသုံးပြု​ခြင်း၊ လုံခြုံ​မှု​စနစ်​ကို​ပြင်ဆင်​မ​ထား​ခြင်း၊ ဝင်​ရောက်​မှု​ကို ကာ​ကွယ်​မ ထား​ခြင်း စ​သည်​တို့​ကြောင့် တိုက်ခိုက်​သူ​များ​၏​တရားမ​ဝင် ဝင်​ရောက်​ခြင်း​အန္တရာယ်​များ ရှိ​နိုင်​ပါ​သည်။ အင်​တာ​နက် အသုံးပြု​သူ​မည်​သူမ​ဆို ထို​ကဲ့သို့​အဖြစ်အပျက်​များ ရင်ဆိုင်​တွေ့​ရှိ​နိုင်​ပါ​သည်။အောက်​တွင်ဖော်​ပြ​ထား​သော အခြေ​ခံ လုံခြုံ​မှု​စနစ်​များ​ကို လိုက်နာ​၍​အင်​တာ​နက်​ကို အသုံးပြု​ပါ။
 
၁။Security Patches များ​ကို အသုံးပြု​ပါ။ (ကျူးကျော်​မှု​များ​ကို တုံ့​ပြန်​ခြင်း)
Window၊၊ Macintosh၊ Linux စ​သည့် OS (Operating System)၊ Internet Explorer၊ Firefox စ​သည့် Browser များ​နှင့် အခြား​သော ဆော့​ဝဲလ်​များ​သည် လုံခြုံ​မှု​စနစ်​အားနည်း​ခြင်း​ကို ဖြစ်ပေါ်​စေ​နိုင်​ပါ​သည်။ ထို​ကဲ့သို့ လုံခြုံ​မှု​စနစ် အားနည်း​ခြင်း​ကို Security Holes (သို့) စနစ်​အားနည်း​ခြင်း​ဟုခေါ်​ဆို​ပါ​သည်။ အကယ်၍​သင်​သည် စနစ်​အားနည်း​သော OS (သို့) Application ကို​အသုံးပြု​ပါ​က ဗိုင်း​ရပ်စ်​များ​ဝင်​ရောက်​နိုင်​ခြင်း၊ တရားမ​ဝင် ဝင်​ရောက်​ခံ​ရ​ခြင်း​များ​ဖြစ်​နိုင်​ခြင်း၊ သင့်​ကွန်ပျူတာ​အတွင်း​မှ အချက်အလက်​များ ပျောက်​ဆုံး​ခြင်း (သို့) ခိုး​ယူ​ခံ​ရ​ခြင်း​များ စ​သည့်​အန္တရာယ်​များ​ရှိ​ပါ​သည်။ ထို​အန္တရာယ်​များ​ကို ကာ​ကွယ်​နိုင်​ရန် Security Holes ကို​ဖယ်ရှား​ပေး​သော ပြင်ဆင်​မှု​များ (Security Patches) ကို အသုံးပြု​ရ​ပါ​မည်။ ၎င်း​တို့​သည်​စနစ်​အားနည်း​ခြင်း​ကို ကာ​ကွယ်​ပေး​သော ဆော့​ဝဲလ် ပ​ရို​ဂ​ရမ်​များ​ဖြစ်​သည်။
Window အသုံးပြု​သူ​သည် Microsoft Update ကို​ပုံ​မှန်​ပြုလုပ်​ခြင်း (သို့) အလို​အလျှောက် Update လုပ်​ခြင်း စနစ်​ကို​ထား​ရှိ​ရ​ပါ​မည်။ Microsoft ကုမ္ပဏီ​မှ OS (Operating Systems)နှင့်IE(Internet Explorer)နှင့်  Officeတို့​၏ Patches ကို​အသုံးပြု​နိုင်​ပါ​သည်။  
  • lMicrosoft Update
http://www.update.microsoft.com/microsoftupdate/v6/
 
Microsoft Update အသုံးပြုနည်းကို အောက်ဖော်​ပြ​ပါ Website တွင်​လေ့​လာ​ပါ။
  • lMicrosoft Update အသုံးပြု​ပုံ။
http://www.microsoft.com/japan/protect/computer/updates/mu.mspx
 
၂။ Password၏ လုံခြုံ​မှု​ကို လျစ်လျူ​မ​ပြု​သင့်​ပါ။ (ခိုး​ယူ​ခံ​ရ​ခြင်း​မှ​ကာ​ကွယ်​ခြင်း)
 
အသုံးပြု​သူ​၏ ID နှင့် Password များ​ကို Information Systems (Services)မှ မိမိ​ကိုယ်​ပိုင်​ဖြစ်​ကြောင်း သက်သေ​ပြု​ခြင်း​ကို လုပ်ဆောင်​ပါ​သည်။ အများ​အား​ဖြင့် အသုံးပြု​သူ​၏ ID သည် Information System မှ အသုံးပြု သူ​တစ်​ဦး​ချင်း​အတွက်​သတ်​မှတ်​ပေး​ထားသော်​လည်း Password သည် အသုံးပြု​သူ​၏​ကိုယ်​ပိုင်​ဖြစ်​သည့်​အတွက် (မိမိ​ကိုယ်တိုင်) ပြောင်းလဲ​ရ​ပါ​မည်။ သင်​၏​အသုံးပြု​သူ ID နှင့် Password ကို ခိုး​ယူ​သုံးစွဲ​ခြင်း​ခံ​ရ​ပါ​က ခိုး​ယူ​သူ​က သင့်​အနေ​ဖြင့် Information System သို့​ဝင်​ရောက်​နိုင်​ပါ​မည်။
 
ထို​မှ​တ​ဆင့် သင်​မ​သိ​ဘဲ သင့်​အနေ​ဖြင့် အွန်​လိုင်း​ဘဏ်​စနစ်​မှ​ငွေ​များ​ကို တရားမ​ဝင်​ထုတ်ယူ​ခြင်း၊ အင်​တာ​နက်      လေလံ​မှ​တ​ဆင့် ပစ္စည်း​များ​ဝယ်​ယူ​ခြင်း စ​သည်​တို့​ကို​ပြုလုပ်​နိုင်​ပါ​သည်။
ထို့​ကြောင့်​သင်​၏​အသုံးပြု​သူ ID နှင့် Password သည် သင်​ကိုယ်​ပိုင်​ဖြစ်​သည့်​အတွက် ရိုး​ရှင်း​လွယ်ကူ​သော Password ကို​မ​သုံး​ရန်​နှင့် အခြား​မည်​သူ​မှ​မ​သိ​စေ​ရန် မ​ကြာ​ခဏ​ပြောင်းလဲ​ခြင်း​များ​ပြုလုပ်​ရန် လို​အပ်​ပါ​သည်။
 
Password ဥပမာ​များ:
(1)    စာလုံး​ကြီး၊ စာလုံး​သေး၊ ကိန်း​ဂဏန်း၊ သင်္ကေတ​များ​ပေါင်း​စပ်​အသုံးပြု​ပါ။
သင်္ကေတ​များ (!၊ #) ကိန်း​ဂဏန်း​များ၊ စာလုံး​များ ပေါင်း​စပ်​အသုံးပြု​ပါ။
(2)    Passwordအရှည်​များ​ကို အသုံးပြု​ပါ။
အနည်း​ဆုံး ၈​လုံး​အထက်
(3)    တစ်​ခြား​သူ​များ​မ​သိ​နိုင်​သော​မိမိ​မှတ်မိ​နိုင်​သောPasswordကို အသုံးပြု​ပါ။
အဓိပ္ပါယ်​မ​ရှိ​သော စာလုံး​အတွဲ​များ​ကို​အသုံးပြု​ပါ။
 
Password ခိုးယူခံရခြင်းမှကာ​ကွယ်​နည်း​များ
(1)     Password ကို​မ​ကြာ​ခဏ​ပြောင်းလဲ​ပေး​ပါ။
(2)     စာ​ရွက်ပေါ်​တွင်​ချ​မ​ရေး​ရ။
(3)     ကွန်ပျူတာ​တွင်​မှတ်သား​ထား​ခြင်း​မ​ပြု​ရ။
(4)     အခြား​မည်​သူ​မှ​မ​သိ​စေ​ရ။


၃။ အင်​တာ​နက်​နှင့် ချိတ်ဆက်​ရာ​တွင် လိုက်နာ​ရ​မည့်​အချက်​များ
(ကျူးကျော်​မှု​ကို ကာ​ကွယ်​ခြင်း)
 
နေအိမ် (သို့) ရုံး​ခန်း​မှ အင်​တာ​နက်​နှင့် ချိတ်ဆက်​လို​သော​အခါ ချိတ်ဆက်​သော​နည်း​လမ်းပေါ်​မူ​တည်​၍ သင့်​ကွန်​ပျူ တာ​ကို အခြား​အသုံးပြု​သူ​တစ်​ဦး​မှ တရားမ​ဝင် ဝင်​ရောက်​ခြင်း​များ​ပြုလုပ်​နိုင်​ပါ​သည်။
 
အကယ်၍​သင်​သည် ဖုန်း​လိုင်း​မှ​အင်​တာ​နက်​နှင့် Modem ကို​အသုံးပြု​ပါ​က သင့်​ကွန်ပျူတာ​ကို အင်​တာ​နက်​နှင့် တိုက်ရိုက်​ချိတ်ဆက်​ခြင်း​ဖြစ်​သည့်​အတွက် အင်​တာ​နက်​မှ အခြား​အသုံးပြု​သူ​တစ်​ဦး​၏ တရားမ​ဝင် ဝင်​ရောက်​နိုင်​ခြင်း​ရာ​နှုန်း​များ​ပါ​သည်။ ထို့​ကြောင့် သင့်​ကွန်ပျူတာ​၏​လုံခြုံ​မှု​စနစ်​ကို စစ်ဆေး ခြင်း (သို့) လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း​ဆော့​ဝဲလ်​ကို အသုံးပြု​ပါ။ (နောက်​ပိုင်း​တွင်ဖော်​ပြ​ထား​သည့်​အတိုင်း)
အကယ်၍​သင်​သည် ADSL (သို့) ADSL Modem ကို​အသုံးပြု​ပါ​က အင်​တာ​နက်​မှ​သင့်​ကွန်ပျူတာ​ကို အခြား​အသုံးပြု​သူ​တစ်​ဦး​၏ တရားမ​ဝင် ဝင်​ရောက်​နိုင်​ခြင်း​ရာ​နှုန်း​နည်း​ပါ​သည်။ အဘယ်​ကြောင့်​ဆိုသော် ထို​စနစ်​များ​တွင် တရားမ​ဝင်⁠ဝင်​ရောက်​ခြင်း​ကို​ကာ​ကွယ်​ထား​သော Router လုပ်ဆောင်​ချက်​များ ပါဝင်​သော​ကြောင့်​ဖြစ်​သည်။ သို့သော် Modem Setting လွဲချော်​နေ​ပါ​က တရားမ​ဝင် ဝင်​ရောက်​နိုင်​ခြင်း​များ ရှိ​နိုင်​ပါ​သည်။ ထို့​ကြောင့် သင့်​ကွန်ပျူတာ​၏​လုံခြုံ​မှု​စနစ်​ကို စစ်ဆေး​ခြင်း (သို့) လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း​ဆော့​ဝဲလ်​ကို အသုံးပြု​ပါ။ (နောက်​ပိုင်း​တွင်ဖော်​ပြ​ထား​သည့်​အတိုင်း)
 အကယ်၍​သင်​သည် CATV နှင့် Optical Fiber (သို့) VDSL Modem ကို​အသုံးပြု​ပါ​က သင့်​ကွန်ပျူတာ​နှင့် အင်​တာ​နက်​ကြား​တွင် ကြား​ခံ​ပစ္စည်း​မ​ရှိ​သည့်​အတွက် အင်​တာ​နက်​မှ အခြား​အသုံး ပြု​သူ​တစ်​ဦး​၏ တရားမ​ဝင် ဝင်​ရောက်​နိုင်​ခြင်း​ရာ​နှုန်း​မြင့်​မား​ပါ​သည်။ ထို့​ကြောင့် Router (သို့) Firewall စနစ်​ကို အသုံးပြု​သင့်​ပါ​သည်။ သို့သော် ၎င်း​စနစ်​များ​၏​တပ်​ဆင်​မှု​လွဲချော်​နေ​ပါ​က တရားမ​ဝင် ဝင်​ရောက်​နိုင်​ခြင်း​များ ရှိ​နိုင်​ပါ​သည်။ အကယ်၍​သံသယ​ဖြစ်​ပါ​က သင့်​ကွန်ပျူတာ​၏​လုံခြုံ​မှု​စနစ်​ကို စစ်ဆေး​ခြင်း (သို့) လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း ဆော့​ဝဲလ်​ကို အသုံးပြု​ပါ။ (နောက်​ပိုင်း​တွင်ဖော်​ပြ​ထား​သည့်​အတိုင်း)
အကယ်၍​သင်​သည် အများ​သုံး​ကြိုး​မဲ့​အင်​တာ​နက် LAN စနစ်(သို့)Business Hotelမှ အင်​တာ​နက်​စနစ်​ကို​အသုံးပြု​ပါ​က သင့်​ကွန်ပျူတာ​ကို အင်​တာ​နက်​မှ​အခြား​အသုံးပြု​သူ​တစ်​ဦး​၏ တရားမ​ဝင် ဝင်​ရောက်​နိုင်​ပါ​သည်။ အဘယ်​ကြောင့်​ဆိုသော် ထို​စနစ်​များ​တွင် အသုံးပြု​သူ​များ​စွာ ပါဝင်​သော​ကြောင့် ဖြစ်​သည်။ ထို့​ကြောင့် သင့်​ကွန်ပျူတာ​၏​လုံခြုံ​မှု​စနစ်​ကို စစ်ဆေး​ခြင်း (သို့) လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း​ဆော့​ဝဲလ်​ကို အသုံးပြု​ပါ။ (နောက်​ပိုင်း​တွင်ဖော်​ပြ​ထား​သည့်​အတိုင်း)
 
၄။ တရားမ​ဝင် ဝင်​ရောက်​ခြင်း​မှ​ကာ​ကွယ်​နည်း​များ
 
ဖိုင်​ဖ​လှယ်​ခြင်း​စနစ်​ကို Disable ပြုလုပ်​ပါ။
 
အကယ်၍သင့်ကွန်ပျူတာသည်Business Hotelမှ​စနစ်​နှင့် ချိတ်ဆက်​အသုံးပြု​သော​အခါ Window ၏ My Network မှ အခြား​အင်​တာ​နက်​အသုံးပြု​သူ​များ​၏ ကွန်ပျူတာ Folder များ​ကို​တွေ့​ရ​ပါ​မည်။ ထို​အင်​တာ​နက် နှင့်​့​ချိတ်ဆက်​ထား​သော ကွန်ပျူတာ​များ​အချင်းချင်း​အကြား Folder များ​ဖ​လှယ်​နိုင်​ခြင်း​ကြောင့်​ဖြစ်​သည်။
မိမိ​ကွန်ပျူတာ​တွင်း​သို့ ဝင်​ရောက်​နိုင်​ရန်​ဖိ​တိခေါ်​ထား​သကဲ့သို့​ဖြစ်​သည်။ ထို့​ကြောင့် အသုံးပြု​သူ​များ​စွာ ဝင်​ရောက်​အသုံးပြု​နိုင်​သော​ကြောင့် အင်​တာ​နက်​နှင့်​ချိတ်ဆက်​သော​အခါ​သင့်​ကွန်ပျူတာ​၏ Folder Sharing ကို Disable ပြုလုပ်​ပါ။
 
ဘယ်​ဘက်​ရှိ​ပုံ​သည် Folder Sharing လုပ်​နိုင်​သော​အခါ ဖော်​ပြ​သော​ပုံ​ဖြစ်​သည်။
 
Folder ကို​ညာ​က​လစ်​နှိပ်​၍ →[Property]→[Sharing] ကို​က​လစ်​နှိပ်​ပါ​က Folder ၏ PropertyWindow ပေါ်​လာ​ပါ​မည်။
အကယ်၍​သင်​သည်Windows XP Professional Editionကို အသုံးပြု​ပါ​က ဘယ်​ဘက်​ရှိ​ပုံ​အတိုင်း ပေါ်လာ ပါ​မည်။ အကယ်၍​သင်​သည်Windows XP Home Editionကို အသုံးပြု​ပါ​က ညာ​ဘက်​ရှိ​ပုံ​အတိုင်း ပေါ်လာ​ပါ​မည်။ (ထို Window ၂ မျိုး​သည် အနည်းငယ်​ကွဲပြား​နေ​ပါ​မည်။)
①  Local Area ၏​ဆက်​သွယ်​မှု​စနစ်​ကို​ပြောင်း​ပါ။
 
Local Area ၏ဆက်သွယ်မှုစနစ်ကို​ပြောင်း​ပြီး​လျှင် သင့်​ကွန်ပျူတာ​ကို Microsoft Windows Network မှ​မ​မြင်​နိုင် စေ​ရန် ပြုလုပ်​ခြင်း​ကို အကြံ​ပြု​ပါ​သည်။
လုပ်ဆောင်​ချက်​များ:
[Start] ကို​က​လစ်​နှိပ်​၍ →[Settings] →[Control Panel] →[Network Connection]→[Local Area Connection] ကို​ညာ​က​လစ်​နှိပ်​၍ → [Properties] ကို​က​လစ်​နှိပ်​ပါ။ The Local Area Connection Properties Window ပေါ်​လာ ပါ​မည်။
[Local Area Connection Properties] Window မှ “Internet Protocol (TCP/IP),” ကို​က​လစ်​နှိပ်​၍ → [Properties]→ [Details]→ [WINS]→ [Disable NetBios over TCP/IP]ကို​က​လစ်​နှိပ်​ပါ။
(သတိပေးချက်)
အကယ်၍​သင်​သည် Network နှင့်​ပြန်လည်​ဆက်​သွယ်​သော​အခါ သင့်​ကွန်ပျူတာ​၏​စနစ်​ကို မူလ​နေရာ​သို့ ပြန်လည်​ထား​ရှိ​ရန် လို​အပ်​ပါ​သည်။ ထိုသို့​မ​ပြုလုပ်​ပါ​က Network မှ​တ​ဆင့် Printer များ​နှင့် ဆက်​သွယ်​၍ မ​ရ​နိုင်​ခြင်း၊ ဖိုင်​များ​ဖ​လှယ်​၍ မ​ရ​နိုင်​ခြင်း​များ​ဖြစ်​နိုင်​ပါ​သည်။
အကယ်၍​သင်​သည် Network မှ Printer များ​နှင့်​ဆက်​သွယ်​မ​ထား​လျှင် (သို့) ဖိုင်​များ​ဖ​လှယ်​ခြင်း​ကို အသုံး​မ​ပြု​လျှင် သင့်​ကွန်ပျူတာ​၏​စနစ်​ကို ပြန်လည်​ပြုပြင်​ရန်​မ​လို​အပ်​ပါ။
 
၅။ Firewall ဆော့​ဝဲလ် (ဘက်​ပေါင်း​စုံ​လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း​ဆော့​ဝဲလ်) များ​ကို အသုံးပြု​ပါ။
Firewall ဆော့​ဝဲလ်​သည် တရားမ​ဝင် ဝင်​ရောက်​ခံ​ရ​ခြင်း​မှ​ကာ​ကွယ်​ပေး​နိုင်​သော အဓိက​လက်နက်​ဖြစ်​သည်။
ဗိုင်း​ရပ်စ်​ကာ​ကွယ်​ခြင်း၊ Spyware ကာ​ကွယ်​ခြင်း​များ​တွင်​သာ​မက Firewall စနစ် (သို့) ကိုယ်​ပိုင် Firewall ဆော့​ဝဲလ်​ကို ဘက်​ပေါင်း​စုံ​လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း​ဆော့​ဝဲလ်​နှင့် တွဲ​ဖက်​အသုံးပြု​ရန် အကြံ​ပြု​ပါ​သည်။
Firewall သည် ကွန်ပျူတာ​နှင့် အင်​တာ​နက်​ကြား သ​တင်း​အချက်အလက်​ဖ​လှယ်​ခြင်း​ကို ထိန်း​ချုပ်​ပေး​သော​ကြောင့် မ​မှန်​မ​ကန်​ဝင်​ရောက်​မှု​များ​တွေ့​ရှိ​ပါ​က သတိပေးချက်​များပေါ်​လာ​ခြင်း၊ ကာ​ကွယ်​ပေး​ခြင်း​များ​ကို ပြုလုပ်​ပေး​ပါ​သည်။
ထို့​အပြင် Spyware ဗိုင်း​ရပ်စ်​များ​မှ​တ​ဆင့် မိမိ​ကွန်ပျူတာ​အတွင်း​မှ သ​တင်း​အချက်အလက်​များ​ကို ပြင်​ပ​သို့​ပေး​ပို့​ခြင်း​များ​ဖြစ်ပေါ်​သော​အခါ Firewall သည် သတိပေးချက်​များ​ပြုလုပ်​ပေး​ခြင်း​ဖြင့် သင့်​ကွန်ပျူတာ​ကို အချိန်မီ​ကာ​ကွယ်​ပေး​နိုင်​ပါ​မည်။
 
မို​ဘိုင်း​စနစ်​များ​တွင် Router နှင့် Firewallစနစ်​များ မ​ပါရှိ​သည့်​အတွက် ၎င်း​တို့​ကို​အသုံးပြု​ပါ​က မိမိ​ကွန်ပျူတာ​တွင်​ကိုယ်​ပိုင် Firewall ဆော့​ဝဲလ် (သို့) ဘက်​ပေါင်း​စုံ​လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း ဆော့​ဝဲလ်​ကို အသုံးပြု​ရန်​အကြံ​ပြု​ပါ​သည်။
 
အကယ်၍​သင်​သည် Windows XP ကို အသုံးပြု​ပါ​က OSတွင်​ပါဝင်​သော Window Firewallကိုအသုံးပြု​ရန်အကြံ​ပြု​ပါ​သည်။
 
Window Firewallသည် ပြင်​ပ​မှ မ​လိုလား​ဖွယ်​အချက်အလက်​များ ဝင်​ရောက်​မှု​များ​ကို ကာ​ကွယ်​ပေးသော်​လည်း အတွင်း​မှ​အချက်အလက်​များ​ပြင်​ပ​သို့ ပျံ့နှံ့​ခြင်း​များ​ကို ကာ​ကွယ်​မ​ပေး​နိုင်​ပါ။ (Windows XP တွင်​ဖြစ်​သည်။ Windows Vista တွင် နှစ်​ဘက်​စလုံး​မှ​ဝင်​ရောက်​ခြင်း​ကို ကာ​ကွယ်​ပေး​နိုင်​ပါ​သည်။) သို့သော် ၎င်း​သည် OS နှင့် Application ဆော့​ဝဲလ်​များ​၏ စနစ်​အားနည်း​မှု​ကြောင့် ဝင်​ရောက်လာ​နိုင်​သော ပြင်​ပ​မှ​တိုက်ခိုက်​မှု​များ​ကို ကောင်း​စွာ​ကာ​ကွယ်​ပေး​နိုင်​ပါ​သည်။ ထို့​ကြောင့် သင်​သည် ကိုယ်​ပိုင် Firewall ဆော့​ဝဲလ် (သို့) ဘက်​ပေါင်း​စုံ လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း ဆော့​ဝဲလ် ကို အသုံး​မ​ပြု​နိုင်​ပါ​ကWindow Firewall ကို​အသုံးပြု​ပါ။
 
လုပ်ဆောင်​ချက်:
「Start」→「Setting」→「Control panel」→
「Windows Security Center」→「Windows Firewall
၆။ ကြိုး​မဲ့ LAN စနစ်​၏​အခြေ​ခံ။
 ကြိုး​မဲ့ LAN စနစ်​သည် Network ကြိုး​များ​ဆက်​သွယ်​စရာ​မ​လို​ဘဲ နေအိမ် (သို့) ရုံး​ခန်း​များ​အတွင်း လျှပ်စစ်​လှိုင်း ရောက်​နိုင်​သည့်​အတိုင်း​အတာ​အထိ အသုံးပြု​နိုင်​သော စနစ်​ဖြစ်​ပါ​သည်။
သို့သော် လုံခြုံ​မှု​စနစ်​တွင် တပ်​ဆင်​မှု​လွဲချော်​ပါ​က မိမိ​ကွန်ပျူတာ​အတွင်း​မှ အချက်အလက်​များ ခိုး​ယူ​ခံ​ရ​နိုင်​ခြင်း (သို့) မိမိ​၏​ကြိုး​မဲ့ LAN စနစ်​ကို အခြား​သူ​တစ်​ဦး​မှ​ခိုး​ယူ​သုံးစွဲ​ခြင်း​များ​ဖြစ်​နိုင်​ပါ​သည်။
နောက်​ဆုံးပေါ်​ကြိုး​မဲ့ LAN စနစ်​များ​သည်​အသုံးပြု​သူ​များ​အတွက် လို​အပ်​မှု​များ​ကို​အနည်း​ဆုံး​ဖြစ်​အောင် ပြုလုပ် ထား​ပါ​သည်။
အောက်​ပါ​နည်း​လမ်း​များ​ကို လိုက်နာ​ပါ။
 
(အသေး​စိတ်​အနေ​ဖြင့် ကြိုး​မဲ့ LAN စနစ်​၏ ညွှန်​ကြား​ချက်​များ​ကို​လေ့​လာ​ပါ။)
■ Wireless Access Point Device
□ WPA/WPA2 (*5) တွင်ထားပါ။
※ WEP (*6) ၏​စနစ်​အားနည်း​ခြင်း​ရှိ​သည့်​အတွက် အသုံး​မ​ပြု​သင့်​ပါ။
□ SSID (*7) တွင်​ထား​ပါ။
□ MAC address (*8) ၏ filtering ကို​တပ်​ဆင်​ပါ။
□ မိမိ​နှင့်​မ​သိ​သူ​များ​ထံ​မှ​ဆက်​သွယ်​မှု​များ​ကို လက်မ​ခံ​ပါ​နှင့်။
■ Access point ၏​တပ်​ဆင်​မှု​စနစ်​နှင့်​အညီ ကွန်ပျူတာ​၏​စနစ်​ကို​ပြုပြင်​ပါ။
၇။ လို​အပ်​သော ဖိုင်​များ​ကို အရန်​အဖြစ် ကူး​ယူထား​ပါ။
မိမိ​ကွန်ပျူတာ​သည် တရားမ​ဝင်⁠ဝင်​ရောက်​ခြင်း​ခံ​ရ​သော​အခါ​တွင်​၎င်း၊ မ​ယုံကြည်​ရ​သော ပ​ရို​ဂ​ရမ်​များ ဝင်​ရောက်​၍ သော်​၎င်း၊ ကွန်ပျူတာ​၏​စနစ်​ကို ပြောင်းလဲ​လို​၍သော်​၎င်း၊ မိမိ​ကွန်ပျူတာ​ကို န​ဂို​အတိုင်း ပြန်လည် ပြင်ဆင်​မွန်း​မံ​ရန် ကွန်ပျူတာ​စနစ်​ကို အသစ်​ပြန်​စ​ရ​ပါ​မည်။ ထိုသို့​မ​ပြုလုပ်​မှီ အရေးကြီး​သော ဖိုင်​များ​ကို အရန်​အဖြစ် ကူး​ယူထား​ရန် လို​အပ်​ပါ​သည်။ ထို့ ​အပြင် အသုံးပြု​ထား​သော မူရင်း CD-ROM များ​ကို သေသေချာချာ သိမ်းဆည်း​ထား​ရ​ပါ​မည်။ အကယ်၍ မိမိ​ကွန်ပျူတာ​၏​စနစ်​ကို မွန်း​မံ​လိုက်​သည့်​အခါ မူရင်း CD-ROM မှ​တ​ဆင့် ကူး​ယူ​ခြင်း​ဖြင့် န​ဂို​အတိုင်း ပြန်လည်​ဖြစ်​ပါ​မည်။
 
[System Recovery Function]
Windows XPတွင်Recoveryစနစ်​ပါရှိ​ပါ​သည်။ ထို​စနစ်​ကို​အသုံးပြု​၍ မိမိ​ကွန်ပျူတာ​ကို န​ဂို​အတိုင်း​ပြန်လည် ပြင်ဆင်​မွန်း​မံ​နိုင်​ပါ​သည်။
ဥပမာ မိမိ​ကွန်ပျူတာ​သည် တရားမ​ဝင် ဝင်​ရောက်​ခြင်း​ခံ​ရ​သော​အခါ​တွင် ထို​စနစ်​ကို​အသုံးပြု​၍ မိမိ​ကွန်ပျူတာ​ကို န​ဂို​အတိုင်း ပြန်လည်​ပြင်ဆင်​မွန်း​မံ​နိုင်​ပါ​သည်။ ထို့​ပြင် မ​ယုံကြည်​ရ​သော​ဖိုင်​များ​ကို ဖွင့်​မိ​ရာ​မှ​တ​ဆင့် သံသယ​ဖြစ်​ဖွယ် တွေ့​ရှိ​ပါ​က ထို​စနစ်​ကို​အသုံးပြု​၍ မိမိ​ကွန်ပျူတာ​ကို ပြန်လည်​ပြင်ဆင်​မွန်း​မံ​နိုင်​ပါ​သည်။ အသေး​စိတ်​ကို အောက်ဖော်​ပြ​ပါ ဆိုဒ်​တွင် ဝင်​ရောက်​လေ့​လာ​ပါ။
 
Recovering Windows XP using the System Recovery Function (Microsoftကုမ္ပဏီ)
http://support.microsoft.com/default.aspx?scid=kb;ja;306084
 
၈။ အကယ်၍ ကူး​ဆက်​ခြင်း​ခံ​ရ​ပါ​က……
သင့်​ကွန်ပျူတာ​သည် တရားမ​ဝင် ဝင်​ရောက်​ခြင်း​ခံ​ရ​သော သံသယ​ဖြစ်​ဖွယ်​တွေ့​ရှိ​ပါ​က ဦးစွာ​ဗိုင်း​ရပ်စ်​နှိမ်​နင်း​ရေး ဆော့​ဝဲလ်​များ (Spyware / Virus စစ်ဆေး​နှိမ်​နင်း​ရေး​ဆော့​ဝဲလ်​များ)ကို​အသုံးပြု​၍​ကွန်ပျူတာ​ကို​စစ်ဆေး ​ပါ။
တရားမ​ဝင် ဝင်​ရောက်​နေ​သော​ပ​ရို​ဂ​ရမ်​အမည်​ကို​တွေ့​ရှိ​ပြီး​၎င်း​ကို​ဖယ်ရှား​၍ မ​ရ​နိုင်​ပါ​က မိမိ​အသုံးပြု​သော လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း​ဆော့​ဝဲလ်​၏ Website တွင်​၎င်း​ပ​ရို​ဂ​ရမ်​အမည်​နှင့်​ဖယ်ရှား​နိုင်​မည့်​နည်း​လမ်း​များ​ကို ရှာဖွေ စုံစမ်း​ပါ။
 
လုံခြုံ​မှု​စနစ်​ကာ​ကွယ်​ခြင်း​ဆော့​ဝဲလ်​ကို အသုံး​မ​ပြု​ဘဲ​အင်​တာ​နက်​နှင့် ချိတ်ဆက်​လို​ပါ​က အခ​မဲ့​ပေး​သော Online Scan ကို​သုံး​၍ တရားမ​ဝင် ဝင်​ရောက်​နေ​သော​ပ​ရို​ဂ​ရမ် အမည်​နှင့် ဖယ်ရှား​နိုင်​မည့် နည်း​လမ်း​များ​ကို​ရှာဖွေ​ပါ။ တရားမ​ဝင် ဝင်​ရောက်​နေ​သော​ပ​ရို​ဂ​ရမ်​အမည်​ကို​သိရှိ​ပါ​က Online Scan လုပ်​သည့် Website မှဖော်​ပြ​ထား​သော ဖယ်ရှား​နိုင်​မည့် သင့်တော်​သည့်​နည်း​လမ်း​ဖြင့် စမ်းသပ်​အသုံးပြု​ပါ။
၉။ ကိုး​ကား​ချက်
 
အောက်ဖော်ပြပါဆိုဒ်များသို့ ဝင်​ရောက်​လေ့​လာ​ပါ။
l  တရားမ​ဝင် ဝင်​ရောက်​ခြင်း​ခံ​ရ​ခြင်း​မှ​ကာ​ကွယ်​ခြင်း
http://www.ipa.go.jp/security/fusei/ciadr.html
l  ကွန်ပျူတာကိုတရားမ​ဝင် ဝင်​ရောက်​ခြင်း​ခံ​ရ​ခြင်း​နှင့်​ပတ်သက်​သော​အမေး​အဖြေ​များ
http://www.ipa.go.jp/security/ciadr/faq01.html
security at homeကွန်ပျူတာကိုကာကွယ်​ခြင်းMicrosoftကုမ္ပဏီ
http://www.microsoft.com/japan/protect/
၁၀။ဝေါဟာရ ရှင်းလင်း​ချက်
  (*2) စနစ်​အားနည်း​ခြင်း
လုံခြုံ​မှု​စနစ်​အားနည်း​ခြင်း​သည် အခြား​စနစ်​များ network များ၊ Application များ၊ protocols များ​၏ လုံခြုံ​ရေး စနစ်​ကို​ပါ အဆင့်​နိမ့်​ကျ​စေ​ပါ​သည်။ ထို​မှ​တ​ဆင့် မ​လိုလား​အပ်​သော အဖြစ်အပျက်​များ​ဖြစ်ပေါ်​လာ​စေ​ပြီး လုပ်ဆောင် ချက်​များ၊ အမှား​များ​ကို ဖြစ်ပေါ်​စေ​ပါ​သည်။ Operating စနစ်​အားနည်း​ခြင်း၊ Application စနစ်​အားနည်း​ခြင်း စ​သည်​ဖြင့်​ရှိ​ပါ​သည်။ ထို့​ပြင် ဆော့​ဝဲလ် အားနည်း​ခြင်း​အပြင် လုံခြုံ​မှု​စနစ် မ​လုံလောက်​လျှင်​လည်း စနစ်​အားနည်း​ခြင်း ဖြစ်​နိုင်​ပါ​သည်။ ၎င်း​ကို အများ​အား​ဖြင့် Security whole ဟုခေါ်​ဆို​ပါ​သည်။
(*3) Access Control
ကွန်ပျူတာ​လုံခြုံ​မှု​စနစ်​အရ​ကွန်ပျူတာ​အသုံးပြု​သူ​မှ​မိမိ​၏​ကွန်ပျူတာ​ စနစ်​အတွင်း ဝင်​ရောက်​နိုင်​ခြင်း (သို့) ထိန်း​ချုပ် နိုင်​ခြင်း ကိစ္စ​များ​ကိုခေါ်​ဆို​ပါ​သည်။
(*4) အသုံးပြု​သူ ID နှင့် Password
အသုံးပြု​သူ ID နှင့် Password ဆို​သည်မှာ မိမိ​ကိုယ်​ပိုင်​ဖြစ်​ကြောင်း​သက်သေ​များ​ဖြစ်​သည်။ ၎င်း​တို့​သည် အကြမ်း​အား​ဖြင့်​လက်​ဗွေ၊ လက်မှတ်၊ အသံ၊ ဓာတ်​ပုံ​စ​သည်​ဖြင့်​ဖြစ်​နိုင်သော်​လည်း ဤ​စာအုပ်​တွင် မိမိ​ကိုယ်​ပိုင်​ဖြစ် ကြောင်း​သက်သေ​များ​ကို အသုံးပြု​သူ ID နှင့် Passwordဟုခေါ်​ဆို​ပါ​သည်။
(*5) WPA2/WPA (Wi-Fi Protected Access)
WEP နှင့်​အစားထိုး​ရန်​အတွက် ကြိုး​မဲ့ LAN စနစ်​ကို​အားပေး​သော Wi-Fi Alliance စနစ်​ကိုခေါ်​ပါ​သည်။ WEP ၏​စနစ်​အားနည်း​ချက်​ကို​ဖြည့်​ဆည်း​ထား​ပြီး လုံခြုံ​မှု​စနစ်​ကို​ပါ​အားဖြည့်​ပေး​ထား​ပါ​သည်။ WPA2 စနစ်​သည် ပို​၍​ခိုင်မာ သော​လုပ်​ထုံး​များ (Advanced Encryption Standard)ကို​အသုံးပြု​ထား​ပါ​သည်။
(*6) WEP (Wired Equivalent Privacy)
IEEE ၏​အဓိပ္ပာယ်​ဖွင့်​ဆို​ချက်​အရ ခိုင်မာ​သော RC4 လုပ်​ထုံး​များ​ကို​အခြေ​ခံ​သည့်​စနစ်​ဖြစ်​သည်။ သို့သော် WEP စနစ်​တွင်​အားနည်း​ချက်​များ​စွာ တွေ့​ရှိ​ရ​ပါ​သည်။
(*7) SSID (Service Set IDentifier)
Access point(AP)ကို မှတ်မိ​စေ​ရန်​အသုံးပြု​သော IDကို ခေါ်​ပါ​သည်။ESSIDဟု​လည်းခေါ်​ဆို​ပါ​သည်။
(*8)Mac Address
Mac Address တွင်​ကြိုး​မဲ့ LAN Adaptor စနစ်​၏ ID ကို ခေါ်​ပါ​သည်။
※ဤ​စာအုပ်​သည် ကွန်ပျူတာ​သ​တင်း​အချက်အလက်​များ ကာ​ကွယ်​ဆောင်ရွက်​မှု​အဖွဲ့​အစည်း (IPA) ၏ ကွန်ပျူတာ​ကွန်ရက် လု​ုံ​ခြုံ​ရေး​စင်​တာ​မှ ပြဌာန်း ထုတ်​ဝေ​ပါ​သည်။ ဂျပန်​အစိုးရ​၏​ဘာသာ​ပြန်​မှု​ဖြင့် အရှေ့တောင်​အာ​ရှ​နိုင်ငံ​များ​သို့ အခ​မဲ့​ဖြန့်​ဝေ​ပေး​မည်​ဖြစ်​ပါ​သည်။
ထို့​ပြင် ဤ​စာအုပ်​သည် ဂျပန်​အစိုးရ​၏ ခွင့်​ပြု​ချက်မ​ရ​ဘဲ စီးပွားဖြစ်​ကူး​ယူ​အသုံးပြု​ခြင်း၊ လွှဲ​ပြောင်း​ပေး​ခြင်း၊ ထုတ်​လွှင့်​ပြသ​ခြင်း​များ မ​ပြုလုပ်​ရ။
(ဆက်​သွယ်​ရန်: အစိုးရ​၏ ကွန်ပျူတာ​သ​တင်း​အချက်အလက်​များ​၏​ကွန်ရက်​လု​ုံ​ခြုံ​ရေး​စင်​တာ(NISC)〒 100-0014 တို​ကျို​မြို့​ချိ​ရော​ဒ​ရပ်​ကွက် န​ဂ​တ​မြို့​နယ်2-4-12  poc@nisc.go.jp

From http://www.mcpt.gov.mm

No comments:

Post a Comment