July 19, 2012

Post တွေဖတ်ရတာ အဆင်ပြေရဲ့လား?


ကျတော့်ရဲ့ Blog Post တွေ ဖတ်ရတာ အဆင်ပြေရဲ့လား?
 ကျတော့်ရဲ့တချို့ Blog Post တွေကို Zawgyi-one နဲ့ ရေးပြီး တချို့ Post တွေက Myanmar 3 နဲ့ဖြစ်နေပါတယ်။
Windows User တွေကတော့ဖတ်ရတာအဆင်ပြေမှာပါ။ အပေါ်ပုံမှာ ပြထားတဲ့ Choose Font Here မှာ Font ပြောင်းပြီး ဖတ်လိုက်ရင် ဖတ်လို့ရပါတယ်။ Post တစ်ခုထဲမှာ Myanmar 3 ကော Zawgyi -one ကောပေါင်းရေးထားတာကို Font မပြောင်း ပဲဖတ်ချင်ရင် google chrome ကိုသုံးပါ။ 

ipad နဲ့ iphone User တွေကတော့ Windows User တွေထက်ပို အဆင်ပြေပါတယ်။ Font ပြောင်းစရာတောင်မလိုပါဘူး ။ Zawgyi-one ကော Myanmar 3 ကော Auto ပေါ်ပါတယ်။

Android User တွေကတော့ Mobile view နဲ့ဖတ်ရင် Zawgyi-one ကိုဖတ်လို့ရပါတယ်။
 Myanmar 3 တော့ဖတ်လို့ မရပါဘူး။
Myanmar 3 ကိုဖတ်ချင်ရင် blog ရဲ့ အောက်ဆုံးမှာ View web version ဆိုတာလေးကိုနှိပ်လိုက်ပါ။
windows မှာပေါ်သလို ပေါ်ပါတယ်။ ပြီးရင်အပေါ်ပုံမှာပြထားတဲ့   Choose Font Here မှာ Font ပြောင်းပြီး ဖတ်လိုက်ရင် ဖတ်လို့ရပါတယ်။ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။
Mobile Version နဲ့ myanmar 3 ကိုဖတ်ချင်ရင် myanmar 3 ကို install လုပ်ထားမှရမယ်ထင်ပါတယ်။
Android မှာ myanmar 3 ကို install လုပ်တဲ့နည်း ကိုကျနော် မသိသေးဘူးဖြစ်နေတယ်။ သိတဲ့လူရှိရင်လည်းကျတော့်ကိုပြောကြပါဦး။
 Myanmar 3 နဲ့ ရေးထားပြီး Font changer မထည့်ထား တဲ့ ဆိုဒ် တွေကိုလည်းဖတ်လို့မရနိုင်ပါဘူး။
နည်းလေးသိရင်တော့ လက်တို့ လိုက်ပါဦး။ 
ကျတော်ရဲ့ Blog template မှာ Errorတက်နေလို့Android User တွေ web view နဲ့ဖတ်ရင် ခေါင်းစဉ်တွေတော့ တုံးတွေပဲ ပေါ်နေမှာပါ။
Post တွေတော့ ဖတ်လို့ရပါတယ်။
 နောက်တစ်ခု က view web version ကနေ view mobile version ပြောင်းလို့ မရပါဘူး။
Blog အောက်ဆုံးမှာ  view mobile version ဆိုတာလေး မပေါ်လို့လေ။ 
ပြောင်းချင်ရင် browser ကိုပိတ်ပြီး အသစ်ပြန်ဖွင့်မှရမှာပါ။ HTML ကိုလည်း မပြင်တတ်လို့မပြင်ရသေးဘူးဖြစ်နေတယ်။
အားလုံး နဲ့ ဖတ် လို့ အဆင်ပြေမယ့် Template ပြောင်း ဖို့ ကျတော် မပြောင်းဖြစ်သေးဘူးဖြစ်နေတယ်။
 ( ပျင်းနေတာလေ။) 
Rapidshare နဲ့ 4shared တွေမှာ Download Link တွေလည်းသေနေပါတယ်။ ဒေါင်းချင်ရင် ပြောကြပါ။ ပြန်တင်ပေးပါမယ်။ 

ကိုမောင်မောင်ရေ သီးခံပြီးတော့ တာအဆင်ပြေအောင်ဖတ်ပါတော့။ 
ကျေးဇူးတင်ပါတယ်။ 

No comments:

Post a Comment