July 29, 2012

Gtalk Account Disabled ဖြစ်ရင်။

 gtalk account Disable /lock ကျလို့ ကျတော့်ဆီကို လာလာလုပ်ခိုင်းကျပါတယ်။
အရင်ကတော့ ကျတော်လုပ်လုပ် ပေးလိုက်ပါတယ်။ အဆင်ပြေပါတယ်။
ခုနောက်ပိုင်း google က security မြင့်လာတော့လုပ် ပေးလို့မရတော့ဘူးဖြစ်နေတယ်။
ဘာကြောင့် Disable/lock ဖြစ်ရတာလည်းဆိုတော့ IP address မတူတဲ့အခါမှာလည်းဖြစ်နိုင်ပါတယ်။
(နိုင်ငံခြားမျာရှိတဲ့ သူတစ်ယောက်ယောက်ကို ကိုယ့် account ပေးထားလို့ သူကဖွင့်ရင် လည်းဖြစ်ပါတယ်။
ချစ်သူက မယုံလို့ account ပေးထားတာမျိုးပေါ့။)
နောက်တစ်ခုက ကိုယ်သုံးနေတဲ့အကောင့် မသုံးတာကြာတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။
နောက်ပြီး ကိုယ့်အကောင့်ကို တခြားတယောက်က Google ကို report လှမ်းတင်လို့ လည်းဖြစ်နိုင်ပါတယ်။
အကောင့် ၃ ၊ ၄ ခုဖွင့် ပြီးသုံးရင်လည်း လတ်တလောဖွင့်ထားတဲ့ အကောင့်တွေမှာ(အများဆုံး)ဖြစ်တတ်ပါတယ်။

တစ်ခုခုဖြစ်ရင် Google မှာ Solution ကိုရှာကြည့်ပြီး ကြိုးစား လုပ်ကြည့် ပါ။
အဆင်ပြေမှာပါ။
ပညာလည်းရတာပေါ့။
Mail ဖွင့်လို့ error တက်လာရင် http://support.google.com/ ကိုဖွင့်လိုက်ပြီး Report ပို့လိုက်ပါ။
အဆင်ပြေမှာပါ။
 အပေါ်ကအတိုင်းပေါ်လာရင် contact us ကိုနှိပ်လိုက်ပါ။
အောက်ကအတိုင်းပေါ်လာပါတယ်။

ပုံမှာပြထားတဲ့ နေရာတွေမှာ email လိပ်စာ နဲ့ Security မေးခွန်းလေးတွေဖြည့်ပြီး Submit နှိပ်လိုက်ပါ။
မိနစ် ၃၀ ကနေ ၃ နာရီအတွင်း account ပြန်ပွင့်သွား ပါတယ်။
ခဏခဏ report မပို့နဲ့နော် အချိန်ကြာသွားလိမ့်မယ်။
ဒီအတိုင်းမရရင်တော့ ကိုယ် account ဖောက်တဲ့ အချိန်က ဖြည့်ထားတဲ့ recovery mail တို့ phone number တို့ security မေးခွန်းတို့ကို မှတ်မိမှပဲ ပြန်ရတော့မယ်။
အဲ့ဒါတွေကို သေသေချာချာမှတ်ထားဖို့တော့လိုပါတယ်။
ဒီလိုဖြစ်တာက တစ်ယောက်ယောက်က ကလိလို့ ဖြစ်တာကများပါတယ်။

Internet ဆိုင်တွေမှာသုံးရင် passward မကျန်အောင် သုံးနည်းလေး ကျတော် ဒီမှာ 
ေ ဖ်ာပြထားပါတယ်။
အဓိကတော့ Firefox သုံးတာများတော့ သုံးခါနည်း firefox  Browser ရဲ့ setting ကိုသွားပြောင်းပြီးမှသုံးပါ။
Tools>> options>>Security မှာ အောက်ကပြထားတဲ့ အတိုင်း Remember passwords for sites မှာ အမှန်ခြစ်လေးကို ဖြုတ်ပြီး ok ပေးပြီးမှ သုံး ပါ။ တခြား Browser တွေနဲ့ သုံးမယ်ဆိုလည်း ဒီအတိုင်းလုပ်ပြီးမှသုံးပါ။
အိမ်မှာသုံးရင်လည်း ဒီအတိုင်းသုံးမှစိတ်ချရမှာပါ။

 


အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment