July 05, 2012

Google ၏ 3D နည်းပညာက iOS ထက် ကျော်လွန်နေဖွယ်ရှိ


Google သည် Android ဖြင့် အ သုံး ပြု သည့် Google Earth ဆော့ဖ်ဝဲ ကို Update လုပ်သည့် လုပ်ငန်း အစိတ်အပိုင်းအဖြစ် မြို့တော်ပေါင်း မြောက်မြားစွာ၏ 3D ရုပ်ပုံများကို ထုတ်လွှင့်ဖို့ အလားအလာရှိကြောင်း သိရသည်။
Google Earth ၏ Android ဗားရှင်းမှ 3D မြင်ကွင်းအသစ်ဟု ဆိုသည်။ ယခုလ အစောပိုင်းက ကျင်းပသည့် သတင်းစာ ကွန်ဖရင့်၌ တင်ပြခဲ့သည့် မြို့တော် ပေါင်းများစွာ၏ 3D မြင်ကွင်းများကို ပြန်လည် သတိရစေသည်ဟု ဆိုသည်။ ယခု Feature ကို user ကိုယ်တိုင် အသုံးပြုနိုင်မည် ဖြစ်သည်။ အမေရိကန်နိုင်ငံထဲ၌ တည်ရှိသည့်ဒေသ ၁၃ ခု၏ 3D မြေပုံများကို ထပ်မံ ဖြည့်စွက်သည့် ၎င်း၏ Google Earth အစီအစဉ်၏ ဗားရှင်းသစ်တစ်ခုကို Google က တိတ်တဆိတ် ထုတ်လွှင့်ခဲ့သည်။
 ဘော့စတွန်၊ ချာလွိုက်ထ်၊ ဘောင်းလ်ဒါ၊ လောရင့်စ်၊ လော့စ်အိန်ဂျယ်လိစ်၊ ကောင်းဘိခ်ျ၊ ပို့ထ်လန်း၊ ရောမ၊ ဆန်အန်တိုနီလို၊ ဆန်တာခရပ်စ်၊ ဆန်ဒီယာဂို၊ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ၊ Tan ဖာ၊ ထပ်စ်စမ်မြို့တော်များ၏ 3D မြင်ကွင်းများလည်း ပါရှိသည်။ Google က လူပေါင်းသန်း ၃၀၀ ကျော် နေထိုင်သည့် မြို့တော်အရေအတွက်ကို 3D မြင်ကွင်း ဖော်ပြနိုင်ရန် ထပ်မံ ဖြည့်ဆည်းမည်ဟု ဆိုသည်။
Google က 3D မြေပုံများ ပါဝင်သည့် ဗားရှင်းသစ်တစ်ခု ဖန်တီးရန် အားထုတ်နေသည်ဟု ဆိုသော်လည်း အဆိုပါ Feature သည် Apple ၏ iOS ပလက်ဖောင်း၌ အသုံးမပြုနိုင်သေးကြောင်း သိရသည်။ Google ၏ 3D နည်းပညာသစ်သည် Apple ၏ 3D မြေပုံဖန်တီးမှု နည်းပညာရှေ့ ကျော်လွန် ရောက်ရှိနေဖွယ် ရှိသည်ဟု သိရသည်။
 Net Guide

No comments:

Post a Comment