ဒီရက်ပိုင်းအတွင်း ရန်ကုန်က ညီငယ် တစ်ယောက်က Myanmar Mobile Nations ကို Message ပို့ပြီး အကြံညဏ် တောင်းလာပါတယ်။
သူ့ရဲ့ အခက်အခဲ ကို အကူအညီပေးဖို့ MMN မှာ Post တစ်ပုဒ် ရေးရင်း Myanmar Tutorial မိတ်ဆွေတွေထဲမှာ ဒီလို အခက်အခဲ ရှိသူတွေအတွက်လည်း အဆင်ပြေရအောင်း အဲဒီ Post ကို Myanmar Tutorials မှာ လည်းတင်ပေးလိုက်ပါတယ်။
သူ့ရဲ့ Message ကတော့
ကျနော်လည်း ဒါကို သတိထားမိပါတယ်။ Facebook က သူ့ရဲ့ Timeline ကို စတင်မိတ်ဆက်ချိန်ကနေ စပြီး၊ Facebook သုံးသူတော်တော် များများက ဒီ Timeline ကို ကန့်ကွက်ကြတာပါ။
ကိုယ့် Facebook Account ရဲ့ News Feed မှာဆိုလည်း Default အနေနဲ့ Top Stories ဆိုပြီးဖြစ်နေတတ်တော့ တစ်ချို့ Post တွေဆို လာမပေါ်ပါဘူး။ လူကြည့်များ၊ Comment များတဲ့ Post တွေပဲ အများအားဖြင့်ပေါ်လာတတ်တာပါ။
Internet ကို တစ်ချိန်းလုံး သုံးနိုင်တောင်မှ ကိုယ့်ရဲ့ News Feed ကို Most Recent ဆိုပြီး ပြောင်းထားမှသာ Post အသစ်တိုင်းကို မြင်နိုင်မှာပါ။
Internet ကို လည်း တစ်ချိန်လုံးသုံးဖို့ မဖြစ်နိုင်၊ ကိုယ့် Facebook မှာ Friends ကလည်းများ ဒါမှမဟုတ် Subscribe လုပ်ထား Like လုပ်ထားတာတွေကများ ဆိုရင်တော့ Post တော်တော်များများကို ဘယ်လိုမှ မှီလိုက်မှာ မဟုတ်ပါဘူ။ ကိုယ့်ရဲ့ News Feed ကတစ်ချိန်းလုံး အသစ်တွေနဲ့ပဲ ပြည့်ပြည့်နေမှာပါ။
အဲဒီအခါ ကိုယ်တကယ်သိချင်ဖတ်ချင်တာတွေကို ဖတ်ရဖို့က Page ကို တိုက်ရိုက်သွားလည် ပြီး ရှုပ်ပွနေတဲ့ Timeline ပေါ်မှာ မူးနေအောင်ဖတ်ရတော့တာပေါ့။
အဲဒီအတွက် အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းကတော့ Facebook မှာ ရှိတဲ့ Interest List ဆိုတာကိုသုံးရင် အဆင်ပြေသွားပါလိမ့်မယ်။
ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်မှာ ပြပေးထားပါတယ်။ ဒီနည်းကို သုံးပြီး တစ်ခြား ကိုယ်တကယ်စိတ်ဝင်စားတဲ့ Page ရဲ့ Post တွေကိုလည်း မလွတ်ရလေအောင် လုပ်ထားနိုင်ပါတယ်။
၁. ကိုယ် စိတ်ဝင်စားတဲ့ Page ရဲ့ Timeline (ဥပမာ - Myanmar Mobile Nations Page ရဲ့ Timeline ) ကို တိုက်ရိုက်သွားပြီး Liked ဆိုတဲ့ Button ဘေးနားက စက်သွားပုံ Button ကို နှိပ်ပြီး Add to Interest List ဆိုတာကို နှိပ်ပါ။ (Like မလုပ်ရသေးရင် Like အရင်လုပ်ရပါမယ်။)
၂. + New List… ဆိုတာကို ရွေးပြီး
၃. Next ကို နှိပ်ပါ။
၄. List Name ကို နံမည်ပေးပါ (ဥပမာ – MMN) လို့ပေးပြီး Done ကိုနှိပ်ပါ။
၅. ကိုယ့်ရဲ့ Facebook Wall ကိုပြန်သွားပါ။ Facebook ရဲ့ ဘယ်ဘက်ခြမ်းမှာ INTEREST ကို ရှာပြီး၊ MMN ဆိုတာရဲ့ ဘေးမှာ Edit ကို နှိပ်ပြီး Add to Favorite လုပ်လိုက်ပါ။
၆. ဒါဆိုရင် ကိုယ် အမြဲတမ်း ဖတ်ချင်တဲ့ Page ကို Subscribe လုပ်ထားပြီး၊ ကိုယ်ဖတ်ရှုလိုတဲ့ အချိန်တိုင်း Favorites အောက်ကနေ List ကို နှိပ်ပြီး update လုပ်သမျှကို အလွယ်တကူ ဖတ်ရှုနိုင်ပါပြီခင်ဗျာ။
ကိုသက် (Myanmar Mobile Nations)

MMN ခင်ဗျား၊
ကျနော်က Mobile နဲ့ပက်သက်တဲ့ သတင်းတွေကို တော်တော်စိတ်ဝင်စားပါတယ်။
ကျနော်တို့လို Internet သုံးဖို့ အမြဲတမ်း
အဆင်မပြေသူတွေ အတွက် အရင်ကဆို Mobile နဲ့ ပက်သက်ပြီး တကူးတက
လိုက်ရှာဖတ်နေရတာ အချိန်တော်တော် ကုန်ပါတယ်။
အခုတော့ MMN ကနေ Mobile နဲ့ ပက်သက်တဲ့
နောက်ဆုံးပေါ် နိုင်ငံတကာ သတင်းတွေကို စုစည်းတင်ပြပေးထားတော့
ကျနော်အတွက်တော့ အချိန်ကုန်လည်းသက်သာ၊ အရမ်းလည်း တန်ဖိုးရှိပါတယ်။
ကျေးဇူးလည်းတင်ပါတယ်။
ကျနော်တို့လို တစ်ချိန်လုံး Internet
မသုံးရတဲ့သူတွေအနေနဲ့ Facebook ကို သုံးလို့ရချိန်မှာ ကျနော့် Facebook က
တခြားအကြောင်းအရာ တွေနဲ့ ပြည့်နေပြီး MMN ကနေ ဘာတွေ အသစ်တင်ထားမှန်း
အလွယ်တကူ မသိနိုင်ဖြစ်ရပါတယ်။
အဲဒီအတွက် MMN Page ကို တိုက်ရိုက်သွားပြီး
ဖတ်ရပါတယ်။ ဒါပေမဲ့ MMN ကို Facebook ရဲ့ Timeline ပေါ်မှာ ဖတ်ရတာ ဘယ်လိုမှ
အဆင်မပြေပါဘူး။ ကွန်ပျူတာမှာ Timeline ကို ဖယ်လို့ရတဲ့ Plugin
တွေရှိတယ်ဆိုပေမဲ့၊ ကျနော်တို့လို Internet ဆိုင်မှာ လာသုံးသူတွေ
အတွက်ကတော့ စက်တိုင်းမှာ ဒီ Plugin မရှိတော့ အဆင်မပြေပါဘူး။
အဲဒါကို အဆင်ပြေမဲ့ နည်းများရှိရင် ကူညီစေချင်ပါတယ်။
MMN ရေရှည် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
MMN ရေရှည် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျနော်လည်း ဒါကို သတိထားမိပါတယ်။ Facebook က သူ့ရဲ့ Timeline ကို စတင်မိတ်ဆက်ချိန်ကနေ စပြီး၊ Facebook သုံးသူတော်တော် များများက ဒီ Timeline ကို ကန့်ကွက်ကြတာပါ။
ကိုယ့် Facebook Account ရဲ့ News Feed မှာဆိုလည်း Default အနေနဲ့ Top Stories ဆိုပြီးဖြစ်နေတတ်တော့ တစ်ချို့ Post တွေဆို လာမပေါ်ပါဘူး။ လူကြည့်များ၊ Comment များတဲ့ Post တွေပဲ အများအားဖြင့်ပေါ်လာတတ်တာပါ။
Internet ကို တစ်ချိန်းလုံး သုံးနိုင်တောင်မှ ကိုယ့်ရဲ့ News Feed ကို Most Recent ဆိုပြီး ပြောင်းထားမှသာ Post အသစ်တိုင်းကို မြင်နိုင်မှာပါ။
Internet ကို လည်း တစ်ချိန်လုံးသုံးဖို့ မဖြစ်နိုင်၊ ကိုယ့် Facebook မှာ Friends ကလည်းများ ဒါမှမဟုတ် Subscribe လုပ်ထား Like လုပ်ထားတာတွေကများ ဆိုရင်တော့ Post တော်တော်များများကို ဘယ်လိုမှ မှီလိုက်မှာ မဟုတ်ပါဘူ။ ကိုယ့်ရဲ့ News Feed ကတစ်ချိန်းလုံး အသစ်တွေနဲ့ပဲ ပြည့်ပြည့်နေမှာပါ။
အဲဒီအခါ ကိုယ်တကယ်သိချင်ဖတ်ချင်တာတွေကို ဖတ်ရဖို့က Page ကို တိုက်ရိုက်သွားလည် ပြီး ရှုပ်ပွနေတဲ့ Timeline ပေါ်မှာ မူးနေအောင်ဖတ်ရတော့တာပေါ့။
အဲဒီအတွက် အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းကတော့ Facebook မှာ ရှိတဲ့ Interest List ဆိုတာကိုသုံးရင် အဆင်ပြေသွားပါလိမ့်မယ်။
ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်မှာ ပြပေးထားပါတယ်။ ဒီနည်းကို သုံးပြီး တစ်ခြား ကိုယ်တကယ်စိတ်ဝင်စားတဲ့ Page ရဲ့ Post တွေကိုလည်း မလွတ်ရလေအောင် လုပ်ထားနိုင်ပါတယ်။
၁. ကိုယ် စိတ်ဝင်စားတဲ့ Page ရဲ့ Timeline (ဥပမာ - Myanmar Mobile Nations Page ရဲ့ Timeline ) ကို တိုက်ရိုက်သွားပြီး Liked ဆိုတဲ့ Button ဘေးနားက စက်သွားပုံ Button ကို နှိပ်ပြီး Add to Interest List ဆိုတာကို နှိပ်ပါ။ (Like မလုပ်ရသေးရင် Like အရင်လုပ်ရပါမယ်။)
၂. + New List… ဆိုတာကို ရွေးပြီး
၃. Next ကို နှိပ်ပါ။
၄. List Name ကို နံမည်ပေးပါ (ဥပမာ – MMN) လို့ပေးပြီး Done ကိုနှိပ်ပါ။
၅. ကိုယ့်ရဲ့ Facebook Wall ကိုပြန်သွားပါ။ Facebook ရဲ့ ဘယ်ဘက်ခြမ်းမှာ INTEREST ကို ရှာပြီး၊ MMN ဆိုတာရဲ့ ဘေးမှာ Edit ကို နှိပ်ပြီး Add to Favorite လုပ်လိုက်ပါ။
၆. ဒါဆိုရင် ကိုယ် အမြဲတမ်း ဖတ်ချင်တဲ့ Page ကို Subscribe လုပ်ထားပြီး၊ ကိုယ်ဖတ်ရှုလိုတဲ့ အချိန်တိုင်း Favorites အောက်ကနေ List ကို နှိပ်ပြီး update လုပ်သမျှကို အလွယ်တကူ ဖတ်ရှုနိုင်ပါပြီခင်ဗျာ။
ကိုသက် (Myanmar Mobile Nations)
No comments:
Post a Comment