July 17, 2012

ဘယ်ချိန်မှာ ဆရာဝန် နဲ့ပြသင့်သလဲ



ကင်ဆာ ဖြစ်နိုင်တဲ့ အဖု အပိမ့် ကနေ ခံတွင်း အနံ့ဆိုး တဲ့ ပြဿနာ အထိ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဝေဒနာ တွေ ပေါ်လာတဲ့အခါ ဘယ်အခြေအနေက အသေးအမွှားပြဿနာလဲ။ ဘယ်အခြေအနေက ဆေးကုသမှုခံယူဖို့ လိုအပ်နေသလဲ စတဲ့ အချက်တွေကို ခွဲခြားပြီး သိနားလည်သင့်ပါတယ်။
ဝက်ခြံက ကြည့်ရဆိုးလိုက်တာ
ဆရာဝန် ပြဖို့ မလိုပါ
တစ်ခါတစ်ရံမှာ ဝက်ခြံဖုအနည်း ငယ် ပေါက်တာဆိုရင် ဆရာဝန်ထံ သွား ပြဖို့ မလိုပါဘူး။
ဆရာဝန် ပြဖို့ လိုပါတယ်
သင့်အရေပြားက အလွန်အမင်း ရောင်ရမ်းနေရင်၊ သင့်ဝက်ခြံဖုက နာ ကျင်စေတဲ့ အရည်တွေနဲ့ ပြည့်ဖောင်းနေ ရင်၊ သင့်အရေပြားက နီမြန်းနေရင် ဒါမှမဟုတ် သင့်မျက်နှာပေါ်က ဝက်ခြံဖု တွေကို မိမိဘာသာဆေးကုရင်း သုံးလအ တွင်း မပျောက်ရင် ဆရာဝန်နဲ့ ပြသသင့် နေပါပြီ။ ဒီအခြေအနေကျွသျခေနေ ဆိုတဲ့ အရေပြားပြဿနာရဲ့အစ ဖြစ်နိုင် လို့ပါ။
အရေပြားမှာ အစက်တွေ အများကြီးရုတ်တရက် ပေါ်လာတယ်
ဆရာဝန် ပြဖို့ မလိုပါ
အရောင်ရင့်ပြီး ချောနေတဲ့ မှဲ့ ခြောက်တွေ စထွက်လာတာဆိုရင် ဆရာဝန်ပြဖို့ မလိုပါ။ သက်ကြီးအစက် အပြောက်တွေက အသက်ကြီးလာတာ ကြောင့် ဖြစ်တဲ့ သဘာဝလက္ခဏာပါ။
ဆရာဝန် ပြဖို့ လိုပါတယ်
သက်ကြီးအစက်အပြောက်ဟာ ယားရင်၊ အရွယ်အစားနဲ့ အရောင် ပြောင်းရင်၊ သွေးထွက်ရင်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ တချို့ အရေပြားကင်ဆာတွေက သက်ကြီးအ စက်အပြောက်နဲ့ တူပါတယ်။
ပူပင်မှု များနေတယ်
ဆရာဝန် ပြဖို့ မလိုပါ
စာမေးပွဲ၊ ဆွေးနွေးတင်ပြစရာကိစ္စ တစ်ခုခုမတိုင်ခင် စိတ်ဖိစီးမှုအနည်းငယ် ခံစားရတာမျိုးက ဆရာဝန်ပြဖို့ မလိုပါဘူး။
ဆရာဝန် ပြဖို့ လိုပါတယ်
အချိန်အများစုမှာ ပူပင်သောက များပြီး မအိပ်နိုင်၊ အာရုံမစိုက်နိုင်ဖြစ် နေရင်၊ ပူပင်သောကကို အနိုင်ယူနိုင်ဖို့ မူးယစ်ဆေးဝါး၊ အရက်နဲ့ အစာတွေကို စားနေရရင် ဒါမှမဟုတ် သင်နဲ့ တခြား သူတွေကို ထိခိုက်စေရင် ဆရာဝန်နဲ့ ပြ သင့်နေပါပြီ။ ပူပင်သောကဖြစ်တဲ့ လက္ခ ဏာတွေက သိုင်းရွိုက်ဟော်မုန်းများတဲ့ အခြေအနေကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသင့်တာပါ။
သွားတိုက်ပြီးတာတောင် ခံတွင်းနံ့နံနေတုန်းပဲ
ဆရာဝန် ပြဖို့ မလိုပါ
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူပါတဲ့ အစာတွေ စားပြီးတဲ့အခါ သွားတိုက် လည်းခံတွင်းနံ့မပျောက်တာမျိုး ဖြစ် တတ်ပါတယ်။
ဆရာဝန် ပြဖို့ လိုပါတယ်
ပုံမှန်သွားနဲ့ ခံတွင်းကို ကောင်း ကောင်းထိန်းသိမ်းပြီးတာတောင် ခံတွင်း နံ့နံနေတုန်းဆိုရင် ဒါက အူလမ်းကြောင်း ပြဿနာ၊ ကင်ဆာ၊ အဆုတ်နဲ့ ကျောက် ကပ်ပြဿနာတွေရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင့်ခံ တွင်းနံ့က သစ်သီးနံ့၊ ချိုတဲ့အနံ့မျိုးဆိုရင် ဆီးချိုရောဂါရဲ့လက္ခဏာ တစ်ရပ်ဖြစ်နေ နိုင်ပါတယ်။
အဆက်မပြတ် လေချဉ်တက်နေတယ်
ဆရာဝန် ပြဖို့ မလိုပါ
အစာကို စိတ်ကျေနပ်တဲ့အထိ စားပြီး တစ်ကြိမ်၊ နှစ်ကြိမ် လေချဉ် တက် တာမျိုးဆိုရင် ဆရာဝန်နဲ့ ပြဖို့ မလိုပါဘူး။
ဆရာဝန် ပြဖို့ လိုပါတယ်
လေချဉ်တက်တာက လေထတာ၊ အန်တာ၊ ရင်ပူတာ၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်လျော့ကျတာနဲ့ အူလှုပ် ရှားမှု အပြောင်းအလဲဖြစ်တာစတဲ့ လက္ခ ဏာတွေနဲ့ တွဲဖြစ်နေရင် ဆရာဝန်နဲ့ ပြ ပါ။ ဒီလက္ခဏာတွေက ပင်းထန် ဆိုးရွား တဲ့ ပြဿနာရဲ့ လက္ခဏာတွေ ဖြစ်နိုင် လို့ပါ။
ဇွန် (Ref;RD)
Good Health

No comments:

Post a Comment