July 17, 2012
နိုင်ငံ့ ဝန်ထမ်း များ မိုဘိုင်းဖုန်း များကို မူရင်းဈေး အတိုင်း အရစ် ကျ ဝယ်ယူနိုင်
နိုင်ငံ့ ဝန်ထမ်းများ အနေဖြင့် မိုဘိုင်းဖုန်း များကို မူရင်းဈေးအတိုင်း အရစ်ကျစနစ်ဖြင့် ဝယ်ယူ နိုင်ကြောင်း မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းနှင့် ကိုယ်တိုင်ဝယ်ယူနိုင်သူ နိုင်ငံ့ဝန်ထမ်းများမှ တဆင့် သိရသည်။ ယင်းသို့နိုင်ငံ့ဝန်ထမ်း များကို မိုဘိုင်းဖုန်း အရစ်ကျ ရောင်းချပေး မည့် အစီအစဉ်ကို ဇွန်လ ၃၀ ရက် နှင့် ဇူလိုင်လ ၃၁ ရက်နေ့တို့တွင် ဆောင်ရွက် ရောင်းချပေးမည်ဖြစ်ပြီး အရစ်ကျ စနစ်ဖြင့်ရောင်းချပေး ရာတွင် ၅လ ပေးအရစ်ကျစနစ် ဖြင့်ရောင်းချပေးသွားမည်ဖြစ် သည်ဟုသိရသည်။ ယင်းသို့ရောင်း ချပေးရာတွင်ဝယ်ယူသည့် ဝန်ထမ်း များ အနေဖြင့် ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းနှင့် ကျပ်နှစ် သိန်းခွဲတန်WCDMAဖုန်းများကို ဝယ်ယူနိုင်ပြီး မည်သည့်ဖုန်းကို မဆို ငါးလအရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။
ယင်းသို့ အရစ်ကျ ဝယ်ယူရာ တွင် ကျပ်နှစ်သိန်းတန်ဂျီအက်စ် အမ်ဆိုပါက တစ်လလျှင်ကျပ်လေး သောင်းဖြင့် ငါးလပေးသွင်းရမည် ဖြစ်ပြီး ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်း ဝယ်ယူမည်ဆိုပါက တစ်လ လျှင် ငါးသောင်းဖြင့်ငါးလအရစ် ကျပေးသွင်းရမည်ဖြစ်သည်ဟု သိရသည်။ ယင်းသို့ အရစ်ကျဝယ် ယူသူဝန်ထမ်းများအနေဖြင့် ပထမ အရစ်စသွင်းပေးသည့်အချိန်မှ စပြီး မိုဘိုင်းဆင်းမ်ကတ်ကို သုံးစွဲနိုင်မည် ဖြစ်သည်ဟုသိရသည်။
အရစ်ကျ ဝယ်ယူထားသောမိုဘိုင်းဖုန်းအ တွက်နောက်ဆုံးလ ကျသင့်ငွေ ကြေးကို ပေးချေပေးမည်ဆိုပါက ဖုန်းပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အထောက်အထားများကိုပေးအပ် သွားမည်ဖြစ်သည်ဟု သိရသည်။ ယင်းဖုန်းများ အနေဖြင့်အင်တာ နက် သုံးစွဲလိုပါကလည်း သုံးစွဲလို သည့် အချိန်တွင် သတ်မှတ်နှုန်းထားဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်ဟု သိရသည်။ ယင်းသို့သုံးစွဲလိုသူ နိုင်ငံ့ဝန် ထမ်းများအနေဖြင့် မိမိ ဌာနများမှတဆင့် အရစ်ကျသုံး နိုင်ရန် တင်သွင်ရမည်ဖြစ်ပြီး လက် ရှိအချိန်တွင် အချို့ဌာနများတွင် အရစ်ကျဝယ်ယူသုံးစွဲမည့် သူများ ကို စာရင်းကောက်နေပြီဖြစ် ကြောင်းဝန်ထမ်းများထံမှသိရသည်။
အစိုးရဝန်ထမ်းတစ်ဦးက "ရုံးမှာတော့ ဖုန်းကိုအရစ်ကျ ရောင်းပေးမယ်ဆိုတာ သိထား ပါတယ်။ ယူဖြစ်မယူဖြစ်တော့ မသိသေးပါဘူး။ ကိုယ့်မှာလည်း တစ်လုံးကိုင်ထားတာ ရှိပါတယ်။ နှစ်သိန်းဖုန်း ထွက်ကတည်းက ကိုင်ထားတာပါ။ မရှိတဲ့သူတွေ ကတော့ ကိုင်ကြမယ် ထင်ပါ တယ်။ တချို့လည်း ကိုယ့်မှာ တစ်လုံးရှိပေမယ့် အိမ်မှာတစ် လုံးလောက် လိုတယ်ဆိုရင်အရစ် ကျဆိုတော့ ဝယ်ထားကြမယ် ထင်ပါတယ်။ ဒါပေမယ့် နှစ်သိန်းဖုန်းကဝယ်ပြီးတဲ့ သူတော်တော်များ နေပြီလို့ဆိုလို့ရပါတယ်။ ဒါကြောင့်ဝယ်တဲ့သူ နည်းမလားတော့မပြော တတ်ပါဘူး" ဟု သူ၏ အမြင်ကို ခန့်မှန်းပြောဆိုသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment