July 15, 2012

သင် စိတ်ဓာတ်ကျနေပြီလား


စိတ်ဓာတ် ကျနေပြီ လားဆိုတာ သိ နားလည် စေဖို့ အောက်ပါ လက္ခဏာ တွေ ရှိ၊ မရှိ
ဆန်းစစ်ကြည့်ပါ။ သင်ခံစားနေရ တဲ့ စိတ်ကျဝေဒနာကြောင့် ပုံမှန်အလုပ် တွေကိုတောင် မလုပ်နိုင်ဘူးဆိုရင် ဆရာ ဝန်နဲ့ ပြသသင့်ပါတယ်။
အိပ်ရေးပျက်ခြင်း
စိတ်ဓာတ်ကျတာက စိတ်ပိုင်းဆိုင် ရာပြဿနာတစ်ရပ်ဖြစ်ပေမယ့် စိတ်ပိုင်း ဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။စိတ်ဓာတ် ကျနေပြီဆိုရင် သာမန်လူတွေလို အိပ် ရေးဝ၀ အိပ်စက်လို့မရဘဲ အိပ်ရေးပျက် နိုင်ပါတယ်။ အိပ်မပျော်နိုင်တဲ့အခြေအနေ ဒါမှမဟုတ် တစ်ချိန်လုံး အိပ်ချင်နေတဲ့ အခြေအနေဟာ စိတ်ဓာတ်ကျနေတာပါ။
ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်တာက နှလုံးရော ဂါ ဒါမှမဟုတ် အဆုတ်ရောဂါလက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ရင် ဘတ်အောင့်နေတယ်ဆိုရင် ဒီအခြေအ နေကို ဆန်းစစ်ရှာဖွေဖို့ ဆရာဝန်နဲ့ ပြ သင့်ပါတယ်။ ဒါပေမဲ့ တချို့သောအခြေ အနေတွေမှာ ရင်ဘတ်အောင့်တာက စိတ် ဓာတ်ကျတာကြောင့် ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျတာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကိုလည်း မြင့်တက်စေနိုင်သလို နှလုံးရောဂါထဖူးသူတွေဟာလည်း ပိုမို စိတ်ဓာတ်ကျရတတ်ပါတယ်။
ညောင်းညာခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း
အိပ်ရေးဝပြီး အနားရတာတောင် နေ့စဉ်လုပ်နေရတဲ့ လုပ်ငန်းကိစ္စတွေမှာ စွမ်းအင်မရှိသလို ပင်ပန်းနေရင် စိတ် ဓာတ်ကျတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင် ပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပင်ပန်းနွမ်း နယ်တာက အပြန်အလှန် ဆက်စပ်မှု ရှိ နေပါတယ်။ လေ့လာမှုကြီးတစ်ခုအရ စိတ်ဓာတ်ကျနေတဲ့သူတွေဟာ ပင်ပန်း နွမ်းနယ်မှုဖြစ်နိုင်ခြေ လေးဆကျော်ပိုများ ပြီး ပင်ပန်းနွမ်းနယ်နေသူတွေဟာ စိတ် ဓာတ်ကျနိုင်ခြေ သုံးဆနီးပါး ပိုများတယ် လို့ သိရပါတယ်။
ြွကက်သားကိုက်ခဲခြင်းနှင့် အဆစ်နာခြင်း
တစ်ကိုယ်လုံး ကိုက်ခဲနာကျင်မှုနဲ့ စိတ်ဓာတ်ကျမှုတို့ကလည်း အပြန်အလှန် ဆက်စပ်နေပါတယ်။ နာတာရှည်နာကျင် ကိုက်ခဲမှုကြောင့် စိတ်ဓာတ်ကျနိုင်ခြေကို တိုးစေပါတယ်။ အလားတူ စိတ်ဓာတ်ကျ တာကြောင့်လည်း တစ်ကိုယ်လုံးမှာ နာ ကျင်ကိုက်ခဲနေနိုင်ပါတယ်။ ပျမ်းမျှအား ဖြင့် စိတ်ဓာတ်ကျနေသူတွေဟာ နာတာ ရှည်နာကျင်ကိုက်ခဲမှုဖြစ်နိုင်ခြေ သုံးဆပို များနေပါတယ်။
အစာခြေစနစ် ပြဿနာများ
ဦးနှောက်နဲ့ အစာခြေစနစ်ဟာ အ ခိုင်အမာ ဆက်စပ်မှု ရှိနေပါတယ်။ ဒါ ကြောင့် စိတ်ဖိစီးမှုများတဲ့အခါနဲ့ ပူပင် သောကများတဲ့အခါတွေမှာ ဗိုက်အောင့် တာနဲ့ ပျို့ချင်အန်ချင်စိတ်ပေါ်တာတို့ ဖြစ်ပေါ်ရတာပါ။ စိတ်ဓာတ်ကျတာက အူကို မအီမသာဖြစ်စေပြီး အစာမကြေ တာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ အန်တာ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ခေါင်းကိုက်ခြင်း
စိတ်ဓာတ်ကျနေသူတွေက နာတာ ရှည်ခေါင်းကိုက်နေတတ်ကြပါတယ်။ လေ့လာမှုတစ်ရပ်အရ စိတ်ကျရောဂါ ခံ စားနေရသူတွေဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါဖြစ်နိုင်ခြေ သုံးဆပိုများပြီး ခေါင်း တစ်ခြမ်းကိုက်နေသူတွေဟာ စိတ်ဓာတ် ကျနိုင်ခြေ ငါးဆ ပိုများကြောင်း သိရပါ တယ်။
အစာစားချင်စိတ် အပြောင်းအလဲနှင့် ကိုယ်အလေးချိန်
အပြောင်းအလဲ တချို့လူတွေက စိတ်ဓာတ်ကျနေ တဲ့အခါ အစာစားချင်စိတ်ဆုံးရှုံးသွား တတ်ပါတယ်။ တခြားသူတွေကတော့ အစာကို တစွတ်စွတ်စားလိုကြတာပါ။ ဒါ ကြောင့် စိတ်ဓာတ်ကျနေသူတွေက ကိုယ် အလေးချိန်မြင့်တက်တာနဲ့ လျော့ကျတာ တို့ ဖြစ်နိုင်ခြေရှိပါတယ်။ ကိုယ်အလေး ချိန်လျော့ကျသွားသူတွေအဖို့ စွမ်းအင် လည်း မရှိတော့ပါဘူး။
ခါးနာခြင်း
ခါးနာတာကြောင့် စိတ်ဓာတ်ကျနိုင် သလို စိတ်ဓာတ်ကျတာကြောင့်လည်း လူတစ်ဦးရဲ့ ခါးနာနိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေ က လည်ပင်းနဲ့ ခါးပြင်းပြင်းထန်ထန်နာ ကျင်နိုင်ခြေ လေးဆပိုများပါတယ်။
စိတ်ဂနာမငြိမ်ဖြစ်ခြင်း
စိတ်ဓာတ်ကျတာကြောင့် အိပ်ရေး ပျက်ကာ စိတ်ဂနာမငြိမ်ဖြစ်တာနဲ့ စိတ် ဆိုးလွယ်တာတို့ ဖြစ်တတ်ပါတယ်။ စိတ် ဓာတ်ကျတာကြောင့် အရက်နဲ့ မူးယစ် ဆေးစွဲနိုင်ခြေကို တိုးစေသလို စိတ်ဂနာ မငြိမ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ အမျိုးသားတွေက အမျိုးသမီးတွေထက် စိတ်တိုစိတ်ဆတ် တာမျိုး ပိုဖြစ်တတ်ပါတယ်။
လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများ
စိတ်ဓာတ်ကျတဲ့အခါ Sex ကို စိတ် ပါဝင်စားမှု မရှိတတ်ပါဘူး။ စိတ်ဓာတ်ကျ သူတွေက အရက်နဲ့ မူးယစ်ဆေးဝါးတွေ ကို ပိုသုံးစွဲဖြစ်နိုင်ခြေများပြီှးနထ မှာ စိတ်ဝင်စားမှုကို လျော့ကျစေပါတယ်။
လေ့ကျင့်ခန်း
လေ့လာမှုအရ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့် သင့်ကို ကြံ့ခိုင်သန်စွမ်း မှုရှိစေရုံသာမက ဦးနှောက်ထဲမှာ ကောင်း တဲ့ဓာတုပစ္စည်းတွေကို အထွက်များစေ ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုကောင်း တာ၊ စိတ်ဓာတ်မြင့်တက်တာနဲ့ နာကျင် မှုအပေါ်တုံ့ပြန်နိုင်စွမ်း လျော့ကျတာတို့ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းတစ်ခု တည်းလုပ်တာက စိတ်ကျရောဂါကို မကု သနိုင်ပေမယ့် စိတ်ဓာတ်ကျတဲ့ ဝေဒနာ ကိုတော့ လျော့ပါးစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဓာတ်ကျနေရင် စွမ်းအင် တိုးစေဖို့ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့် ခန်းလုပ်တာကြောင့် ညောင်းညာနုံးချည့် မှု သက်သာစေပြီး ကောင်းကောင်း အိပ် မောကျစေနိုင်ပါတယ်။
ကြယ်စင်
Good Health

No comments:

Post a Comment