ရေစီးကမ်းပြိုရောဂါ၏ ဖြစ်တတ်သော လက္ခဏာများ
ရေစီးကမ်းပြိုဖြစ်ရင် ပါးစပ်ထဲမှာ သွေးတွေ ထွက်တာ၊ သွားဖုံးရောင်တာ၊ သွားဖုံးအနားတွေ အောက်ကို ကျပြီးသွား အမြစ်တွေအထိ ပေါ်နေတာ၊ အောက် က ဘက်တီးရီးယား အကွက်လွှာ (Bact eria Plaque)တွေ ပေါ်တာ၊ ခံတွင်းထဲ မှာ ကျောက်တွေ၊ စာြးွကင်းစားကျန် တွေ ပေါ်နေတာတွေ ဖြစ်တတ်ပါတယ်။ လူနာအနေနဲ့ သွားနာတဲ့ဝေဒနာကို ခံစားရတတ်သလို ခံတွင်းနံ့လည်း နံ တတ်ပါတယ်။ ကမ်းပါးက နိမ့်ကျပြီး ပြိုလာသလို ခံတွင်းထဲက သွေးတွေ၊ အ ညစ်အကြေးတွေကြောင့် အောက်မှာ ထိန်းထားတဲ့ သွားမြစ်ဝှမ်းအရိုးတွေက လည်း တဖြည်းဖြည်းနိမ့်ဆင်းသွားပါ တယ်။ သွားအရိုးတွေက ပျက်စီးထိခိုက် လာတဲ့အတွက်၊ တဖြည်းဖြည်းရောင်လာ တဲ့အတွက် သွားတွေ ပုပ်ပွတာ၊ လှုပ်တာ၊ ခံတွင်းနံ့နံတာတွေ ဖြစ်လာတတ်တာပါ။
ရေစီးကမ်းပြိုရောဂါ ဖြစ်နိုင်ခြေ များသူများ
အသက်ကြီးလာရင် ရေစီးကမ်းပြို ရောဂါဖြစ်နိုင်ခြေများပါတယ်။ ရေစီး ကမ်းပြိုရောဂါက အမျိုးသမီးတွေမှာ ထက် အမျိုးသားတွေမှာ ပိုအဖြစ်များ တတ်ပါတယ်။ အဓိကအားဖြင့် ခံတွင်း သန့်ရှင်းရေးအားနည်းတဲ့သူတွေမှာ ပို ဖြစ်နိုင်ပါတယ်။
ရေစီးကမ်းပြိုရောဂါ မဖြစ်စေရန်
-တစ်နေ့ နှစ်ကြိမ်၊ နံနက် ထမင်းစားပြီး ချိန်နဲ့ ညအိပ်ရာမဝင်ခင်တွေမှာ သွား တိုက်ပါ။
- အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။
- အသက်ကြီးလို့ အံကပ်တပ်ထားရရင် အံကပ်ကို သေချာသန့်စင်ပြီးမှ တပ်ဆင်ပါ။
- သွားနဲ့ ခံတွင်းစောင့်ရှောက်မှုအတွက် သွားနဲ့ ခံတွင်းအထူးကု ဆရာဝန်ထံတစ် နှစ်တစ်ကြိမ် ပြသပါ။

No comments:
Post a Comment