July 17, 2012

ကျန်းမာရေး ပိုပြီး ကောင်းမွန်အောင်


လေ့ကျင့်ခန်း မလုပ်ခင် သရေ စာ အချို့စားခြင်း ကြောင့် အဆီပိုမို လောင် ကျွမ်းနိုင်
မြေပဲ၊ ဒိန်ချဉ်လိုမျိုး အစာတွေကို လေ့ကျင့်ခန်းမလုပ်ခင် နှစ်နာရီအလိုမှာ စားသုံးတာကြောင့် အဆီလောင်ကျွမ်း နိုင်ခြေ ပိုမိုမြင့်မားနိုင်ပါတယ်။ အဲဒီ အစာတွေဟာ သွေးတွင်းသကြားအဆင့် ကို လျော့ကျစေတာကြောင့် သင့်ခန္ဓာ ကိုယ်က စွမ်းအင်အဖြစ် သိုလှောင်ထား တဲ့အဆီတွေကို အသုံးပြုလိုက်လို့ပါ။
ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အရက် မူးဝေဒနာ ဆက်စပ်မှုရှိ
ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေဖြစ် တတ်သူတွေဟာ အရက်သောက်ခဲ့ရင် အရက်မူးနိုင်ခြေပိုများတယ်လို့ ဖီလီဒေး ဗီးယားက သုတေသီတွေက ဆိုပါတယ်။ အရက်တစ်ခွက်သောက်တိုင်း ရေတစ် ခွက်နဲ့အတူ ရောသောက်ရင် အရက်မူး တဲ့ လက္ခဏာတွေ မဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။ အလုပ်တွင်း ခြေထောက်သွေး ခဲမှုမဖြစ်စေရန် အချိန်အကြာကြီး ထိုင်နေတာ ကြောင့် ခြေထောက်တွင်း သွေးခဲနိုင်ခြေ နှစ်ဆမြင့်တက်ပါတယ်။ ထိုင်နေစဉ်မှာ ခြေချောင်းတွေ လှုပ်ပေးတာနဲ့ ခြေ ဖနောင့်ကို အကွေးအဆန့်လုပ်ပေးပါ။ ထိုင်တာ တစ်နာရီကြာတိုင်း ငါးမိနစ်ခန့် လမ်းလျှောက်ပါ။
သွေးဖိအားကျဆင်းအောင် ချောကလက်စားပါ
အညိုရင့်ရောင် ချောကလက် ခြောက်ဂရမ်လောက် စားတာကြောင့် သွေးဖိအား အမှတ်တွေ ကျဆင်းနိုင်တယ် လို့ အမေရိကန် ဆေးပညာအဖွဲ့မှ ထုတ် လုပ်တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health

No comments:

Post a Comment