July 17, 2012
အရေပြား ထိခိုက် ဒဏ်ရာနှင့် ကီးလွိုက် ပြဿနာ
နား၊ နှာခေါင်း၊ နှုတ်ခမ်း စသည်မှ ခန္ဓာကိုယ် ပေါ်နေရာ မရွေး တွင် ပုံ မှန် အရေပြား အနေ အထားမှ ထူထူထဲထဲအသားစိုင်များ ဖြစ်တည်လာမှုကိုတွေ့မြင်ဖူးကြပေလိမ့်မည်။ ယင်းမှာခန္ဓာကိုယ်မျိုးရိုးဗီဇတွင် ပုံမှန်မဟုတ်သည့် အ ရေပြားဆဲလ်ပွားမှုအခြေအနေပါလာမှုကြောင့် Keloid ခေါ် အသားစိုင်များထွက်ပေါ်လာခြင်းဖြစ်သည်။
ကီးလွိုက်ထွက်တတ်သူများသည် ခန္ဓာကိုယ်တွင် ထိခိုက် ဒဏ်ရာရခြင်းမရှိဘဲနှင့် ကီးလွိုက်ထွက်တတ်ပြီး ရင်ညွန့် နေရာတွင်အများဆုံးဖြစ်တတ်သည်ဟုသိရသည်။ သို့သော် လည်းကီးလွိုက်ထွက်တတ်သူ အများစုမှာဒဏ်ရာရပြီးမှသာဖြစ် ပွားလေ့ရှိသည်ဟုဆိုသည်။ "အရင်ကတည်းကကီးလွိုက်ဖြစ်ထားတဲ့သူဆိုရင် အဲဒီလူ ဟာ ဒဏ်ရာရတဲ့အခါတိုင်း ကီးလွိုက်ဖြစ်ဖို့ ရာနှုန်းအများကြီးရှိ တယ်။
ကီးလွိုက်နဲ့မှားတတ်တာက Hypertrophic Scarဆိုတဲ့ အမာရွတ်ထူဆိုတာဖြစ်ပါတယ်။ ကီးလွိုက်က ဘေးဘက်ကိုပြန့် တယ်။ အမာရွတ်ထူကတော့ အမာရွတ်နေရာကနေဘေးကို မပြန့်တတ်ပါဘူး"ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အထူးအရေပြား ရောဂါကုဌာနမှ ဒေါက်တာလင်းထက်ကပြောကြားသည်။ ဗီဇအရ ကီးလွိုက်ထွက်တတ်သူများမှာ အရေပြားတွင် ဒဏ်ရာတစ်ခုခုရသည်နှင့်အသားစိုင်ထွက်လာခြင်းများဖြစ် ပွားနိုင်သည့်အတွက် နား၊ မျက်ခုံး၊ နှုတ်ခမ်း၊ နှာခေါင်းဖောက် ကာဖက်ရှင်ထွင်ချင်သူများအနေဖြင့် ကီးလွိုက်ဖြစ်တတ်သည့် သမိုင်းကြောင်းရှိ၊မရှိကိုစိစစ်ရန် လိုအပ်သည်ဟုဆိုသည်။
"ကီးလွိုက်ဖြစ်တတ်တယ်ဆိုရင် နားဖောက်တာတွေ၊ နှုတ် ခမ်း၊ နှာခေါင်း၊ မျက်ခွံဖောက်တာတွေ မလုပ်သင့်ပါဘူး။ နား ဖောက်လိုက်ရင် ဖောက်လိုက်တဲ့နေရာကနေ ကီးလွိုက်ထွက် တတ်တယ်။ ဖောက်ချင်တဲ့နေရာဖောက်အဲဒီဒဏ် ရာကနေတစ်ဆင့် ကီးလွိုက်ထွက် ဖို့ ရာဇဝင်ရှိတဲ့သူကထွက်မှာပဲ။ ဒါမျိုးတွေမလုပ်ခင်မှာအရင်ဆုံး ကိုယ့်မှာကီးလွိုက်ဖြစ်ဘူးလားအရင် ကြည့်သင့်တယ်။
ဒီတိုင်းပဲလုပ် လိုက်တယ်ဆိုရင် ကီးလွိုက်ထွက် တာက တော်တော်ကုသဖို့ ခက် တယ်" ဟု ဒေါက်တာလင်းထက်က ဆက်လက်ပြောကြားသည်။ ကီးလွိုက်ထွက်ခြင်းမှာ အမျိုး သား၊ အမျိုးသမီးမရွေးဖြစ်ပွားနိုင် ပြီး ဆယ်ကျော်သက်အရွယ်မှ အ သက် ၂၀၊ ၃၀ ဝန်းကျင်အရွယ်များ တွင် အဖြစ်များတတ်ကြသည်ဟု သိရသည်။ "နားဖောက်လိုက်မှဖြစ်တာ။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကခွဲစိတ် ခဲ့တာ။ ခွဲလေကြီးလေဖြစ်တယ်။
အခုအရင်ကထက်ကြီးလာပေ မယ့် နာလည်းမနာတော့ လော လောဆယ် ဒီတိုင်းပဲထားတယ်" ဟုနားရှိကီးလွိုက်ခွဲစိတ်ထားသူ အသက် ၂၉ နှစ် အရွယ်အမျိုးသား တစ်ဦးကပြောသည်။ ကီးလွိုက်ထွက်ပါက အသား စိုင်ကိုဖြတ်၍သော်လည်းကောင်း၊ ဆေးထိုး၍သော်လည်းကောင်း၊ ဓာတ်ရောင်ခြည်ကုထုံး(Rediation) ဖြင့်သော်လည်းကောင်း ကုသလေ့ရှိကြောင်းသိရသည်။
ကီး လွို က်ကိုအ မြ စ်ပြ တ် ပျောက်ကင်းအောင်ကုသ၍ မရ ဘဲ ဖြတ်တောက်၍ကုသခြင်းက အသားစိုင်ကြီးထွားလာမှုကိုပိုမို ဖြစ်စေပြီး ဆေးထိုးကုသခြင်းက အသားစိုင်ကိုချပ်သွားစေကာ ကီး လွိုက်အရာ ကျန်ရှိမည်ဟုဆို သည်။မြန်မာနိုင်ငံအတွက်မူဓာတ် ရောင်ခြည်ကုထုံးမှာ စက်ပစ္စည်း ပိုင်းဆိုင်ရာ အခက်အခဲရှိသည် ဟုသိရသည်။ ကီးလွိုက်နှင့်ပတ်သက်၍ အ ချို့သောဆေးပညာဆိုင်ရာ လေ့လာ တွေ့ရှိချက်များအရအသားအရောင် မဲသူများ၊ သွေးအုပ်စုအေတွင် ဖြစ် နိုင်ခြေပိုမိုများပြားသည်ဟုဆို ထားသည်။
"ကီးလွိုက်ကခွဲထုတ်ရင်ပြန် ဖြစ်တယ်။ ခွဲပြီးပြန်ချုပ်လိုက်တဲ့ ချုပ်ရိုးကြောင်းကနေ ကီးလွိုက်ပြန် တက်တတ်တယ်။ ကီးလွိုက်ကို သေးသွားအောင်ပဲ လုပ်လို့ရ တယ်။ အမြစ်ပြတ်သွားအောင် လုပ် လို့မရဘူး။ များသောအားဖြင့် ဖြတ်ထုတ်တယ်ဆိုတာ အလှအပ အတွက်ပဲ။ ဆေးထိုးတာကလည်း တစ်ခါတည်းထိုးရုံနဲ့မပျောက်ဘူး။ တစ်လတစ်ခါလောက် လိုအပ်ရင် ဆေးထပ်တိုးရတယ်။ ချပ်သွားစေ တာလောက်ပဲ။
ကီးလွိုက် ကနေ ကင်ဆာအဖြစ် ကူးပြောင်းတဲ့ အနေအထားကတော့ တော်တော် ကြီးကိုနည်းတယ်လို့ ဆိုရမှာဖြစ် ပါတယ်။ ကီးလွိုက်ကို ဆေးထိုး တာကလည်း ထိုးတတ်မှ၊ မဟုတ် ရင် အရေပြားတွေချိုင့်ခွက်ကုန် တာတို့၊ ဆေးထိုးဖို့မလိုအပ်တဲ့ အခြားအရေပြားတွေကို ထိခိုက် ကုန်တာတွေဖြစ်တတ်ပါတယ်" ဟု ဒေါက်တာလင်းထက်ကပြော ကြား သည်။
၎င်းပြင်ဖန်စီပစ္စည်းများနှင့် ဓာတ်မတည့်မှုကြောင့်လည်း ကီး လွိုက်ဖြစ်တတ်သည်ဟုသိရသည်။ ဖန်စီဝတ်သည့်အခါ ဓာတ်မတည့် ပါက တုံ့ပြန်မှုဖြစ်ပေါ်လာကာ ယား ယံခြင်း၊ ကုတ်ဖဲ့ခြင်းများကြောင့် အနာဖြစ်ပြီး ယင်းအနာမှဆက်ကာ ကီးလွိုက်ဖြစ်လာခြင်းဖြစ်သည်။
အဓိကအားဖြင့် နီကယ်နှင့် ဓာတ် မတည့်ခြင်း၊ ဖန်စီပစ္စည်းတွင် ပါရှိ သည့် ကွန်ပေါင်းနှင့် အရေပြား ဓာတ်မတည့်ရာမှဖြစ်ပွားခြင်းဖြစ် သည်။ သို့ဖြစ်၍လှချင်ပချင်၍ ဖက် ရှင်ထွင်ကာ နားဖောက်၊ နှာ ခေါင်း ဖောက်၊ မျက်ခုံးဖောက်သူများအ နေဖြင့် မလှမပအနေအထားသို့ ပြောင်းမ သွား ေ စ ေ ရ း အ တ ြက် အရေပြားကီးလွိုက်ပြဿနာကို သတိပြုရမည်ဖြစ်သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment