July 01, 2012

ဂျီအိုင်အက်စ် နည်းပညာသည် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်မှုကို ထိရောက်စွာဖြေရှင်းရန် အထောက်အကူ တစ်ရပ်ဖြစ်ကြောင်း သိရ

ပထ၀ီသတင်း အချက်အလက် နည်းပညာဖြစ်သော ဂျီအိုင်အက်စ် (GIS-Geographic Information System) သည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီး၌ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာမှုကို ထိရောက်စွာဖြေရှင်းရန် အထောက်အကူတစ်ရပ် ဖြစ်ကြောင်း သိရသည်။
    ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ ကမ္ဘာကြီးပူနွေးလာမှုတွင် ရေခဲမြစ်များအရည်ပျော်ကျကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ နေရာဒေသအသီးသီးတွင် ရေကြီး၊ ရေလျှံခြင်း၊ ခြောက်သွေ့သော ဒေသများ၌ မိုးခေါင်ရေရှားခြင်း၊ ကန္တာရဖြစ်ပေါ်လာမှုများအပြင် မြစ်ကြောင်းများ၌ သောင်ထွန်းသည့်ဖြစ်စဉ်များကို ကြုံတွေ့ခံစားလာကြရသည်။


    ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် ဒေသအသီးသီး၏ ပထ၀ီ သတင်းအချက်အလက်များ စုဆောင်းထားရှိခြင်းဖြင့် သဘာဝဘေးကျရောက်ရာ အဆိုပါဒေသများ၏ ပြန်လည်ထူထောင်ရေးကဏ္ဍတွင် ဂျီအိုင်အက်စ် နည်းပညာမှာ ထိရောက်စွာ ဖြေရှင်းနိုင်ရန် အထောက်အကူကောင်း တစ်ရပ်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးကပင် လက်ခံထားကြသည်ဟု သိရှိရသည်။


ရေခဲမြစ်များ အရည်ပျော်ကျကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ နေရာဒေသအသီးသီးတွင် ရေကြီး၊ ရေလျှံခြင်း၊ ခြောက်သွေ့သော ဒေသများ၌ မိုးခေါင်ရေရှားခြင်း၊ ကန္တာရဖြစ်ပေါ်လာမှုများအပြင် မြစ်ကြောင်းများ၌ သောင်ထွန်းသည့်ဖြစ်စဉ်များကို ကြုံတွေ့ခံစားလာကြရ ...

    ထို့ပြင် မြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် မြစ်ဝကျွန်းပေါ်ဒေသများ၏ ပြန်လည် ထူထောင်ရေးကဏ္ဍတွင် မလိုလားအပ်သော ကြန့်ကြာမှုများ ရှိနေခဲ့ခြင်းမှာ ဂျီအိုင်အက်စ်နည်းပညာ အသုံးချနိုင်မှု အားနည်းချက်များကြောင့်ပင်ဖြစ်ကြောင်း Credent Technology မှ ဦးမောင်မောင်ဝင်း (General- Manager)  က ပြောကြားခဲ့ပါသည်။


    "ဂျီအိုင်အက်စ် နည်းပညာဆိုတာ မြေပုံနဲ့အချက်အလက်ကိုတွဲပြီး ကိုယ်လိုချင်တဲ့ဇုန်အလိုက် ထိန်းသိမ်းမှုတွေ၊ ဖြစ်လာမယ့် ဘေးအန္တရာယ်တွေအတွက် ကြိုတင် တွက်ဆနိုင်တာမျိုးပါ။ မြန်မာနိုင်ငံမှာ ဒီနည်းပညာ ကို နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးတဲ့ နောက်မှာ လူတွေ သတိပြုလာမိကြတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက်မှာ Delta Regions တွေကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ အကူအညီတွေ လာကြတဲ့အခါ Sources တွေ မပေးနိုင်ခဲ့ဘူး။ ထိရောက်တဲ့ ပံ့ပိုးပေးနိုင်မှုတွေအတွက် ကြန့်ကြာတာတွေ ရှိနေခဲ့တယ်။ ဒါကဂျီအိုင်အက်စ် နည်းပညာအသုံးပြုမှု နည်းခဲ့တာရဲ့ ဆိုးကျိုးတစ်ခုပါ" ဟု ဦးမောင်မောင်ဝင်း ကပင် ဆက်လက်ရှင်းပြခဲ့ပါသည်။


    ယခုအခါ ဂျီအိုင်အက်စ်နည်းပညာနှင့် ပတ်သက်၍ သဘာဝဘေး အန္တရာယ်တစ်ခုကို သာမက ရေနံတူးနှင့် သဘာဝဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေး၊ ဆည်မြောင်းတာတမံ တည်ဆောက်ရေးနှင့် ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး နှင့်လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းများ အတွက် သုတသနပြုလုပ်ငန်းစဉ်များတွင် အထောက်အကူပြုလျက် ရှိနေသည်ကို တွေ့ရသည်။


    ထို့ပြင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ကြုံတွေ့ခံစားခဲ့ရသော ဒေသများ၏ မြေပုံအနေအထားမှာ စဉ်ဆက်မပြတ် ပြောင်းလဲမှု ဖြစ်နေသည်ဟု သိရသည်။ ထို့ကြောင့် ဂျီအိုင်အက်စ်နည်းပညာကို အသုံးပြု၍ နိုင်ငံအသီးသီးမှ ထုတ်ပြန်ထားသော မြေပုံများအားကိုးကား အနေဖြင့်သာ ရည်ညွှန်းတွက်ချက်၍ ရနိုင်သည်ဟု ပထ၀ီဝင်နှင့် ဂျီအိုင်အက်စ်နည်းပညာ ကျွမ်းကျင်သူပါမောက္ခတစ်ဦး က ပြောကြားခဲ့ပါသည်။

 http://www.first-11.com

No comments:

Post a Comment