Windows မှာ စာရွက်တစ်ရွက်ခြင်း လှန်ဖတ်လို့ရတဲ့ Martview ကိုကျနော်တင်ပေးလိုက်ပြီးသုံးနည်းမရေး လိုက်တော့သုံးမရဘူးဆိုလို့ သုံးနည်းတင်ပေးလိုက်ပါတယ်။
Internet ချိတ်ပြီး Install သွင်းရင်တော့ အဆင်ပြေပါတယ်။
Offline Install သွင်းရင်တော့ Java လေးလိုပါတယ်။
32 Bit သုံးသူများ ဒီမှာဒေါင်း ပြီးအရင်သွင်းလိုက်ပါ။
64Bit သုံးသူများ ဒီမှာဒေါင်း ပြီး အရင်သွင်းလိုက်ပါ။
ပြီးရင် ဒီ update file ကိုဒေါင်းပြီးသွင်းလိုက်ပါ။
ဒါပြီးရင် Martview Software ကို Install လုပ်လို့ရပါပြီ။
Install ပြီးသွားရင် ဖွင့် လိုတဲ့ Pdf ဖိုင်ကို Right Click ထောက်လိုက်ပါ။ Open With ကနေ choose default program ကိုနှိပ်လိုက်ပါ။ အောက်ကအတိုင်းပေါ်လာရင် Martview ကိုရွေးလိုက်ပါ။
အမြဲတန်း Martview နဲ့ ဖွင့် လိုက Always use the selected program to open this kind of file ရှေ့ မှာ အမှန်ခြစ်လေး ခြစ်ခဲ့ပါ။ ပြီးရင် OK ပေးလိုက်ရင်ရပါပြီ။
Loading လုပ်တာ ခဏစောင့် လိုက်ပါ။ File ပွင့်လာရင် စာရွက်ကို လှန်ချင်ရင် Left Click လေးနှိပ်ထားပြီး ဖိဆွဲပြီးလှန်လိုက်ရုံပါပဲ။ ဘယ်ကနေညာကိုပဲဖြစ်ဖြစ် ညာကနေဘယ်ကိုပဲဖြစ်ဖြစ် လှန်လို့ရပါတယ်။
Right Click နဲ့ Left Click နှစ်ခုလုံး စုံနှိပ်ရင် Zoom ပါ။ Zoom ပိတ်ချင်ရင် Right Click နဲ့ Left Click နှစ်ခုလုံးစုံထပ်နှိပ်လိုက်ပါ။
Right Click နဲ့ ဘီးလုံးလေး နဲ့တွဲသုံးပြီး Zoom ကို ချဲ့ ၊ ချုံ့ လို့ရပါတယ်။
တခြား Function တွေလည်းပါပါတယ်။ ကလိကြည့် ပါ။ ပြီးရင်ကျတော့်ကိုလည်းပြန်ပြောပါဦး။
ထပ်ပြီး Mart view ကို ဒီမှာယူလိုက်ပါ။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။


No comments:
Post a Comment