June 22, 2012

မြန်မာနိုင်ငံ၏ ပထမဆုံး Local Base Android Market Beta Version လွှင့်တင်

မန်မာနိုင်ငံ အတွင်း နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်လိုသော Mobile Developer များအတွက် ရည်ရွယ်၍ Credowave Co.Ltd မှ မြန်မာနိုင်ငံ ပထမဆုံး m store (Android Market) Beta Version အားလွှင့်တင်ထားကြောင်း သိရသည်။ အဆိုပါ Local Base Android Market ကို အခမဲ့ရယူနိုင်ရန် စီစဉ်ပေးထားပြီး Android Market ၏ HD Application များကိုလည်း အခမဲ့ရယူနိုင်မည် ဖြစ်ပါသည်။
“ကျွန်တော်တို့ နိုင်ငံ developer တွေမှာ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းနဲ့ application တွေရှိပါတယ်။ ဒါပေမဲ့ Global Market ကို ထိုးဖောက်နိုင်စွမ်းတော့ နည်းနေသေးတယ်။ ကျွန်တော်တို့ ဒီ m store ကနေ သူတို့ရဲ့ ဖန်တီးမှုတွေကို နိုင်ငံတကာအထိ တင်ပေးလို့ရပါတယ်” ဟု Credowave Co.,Ltd မှ Director ကိုကျော်မျိုးလှိုင်က ပြောသည်။
m Store Market ကို Client Software မှ တစ်ဆင့် အသုံးပြုရမည်ဖြစ်ပြီး ယခုကာလအတွင်း register ပြုလုပ်ရန် မလိုအပ်ဘဲ အသုံးပြုနိုင်မည်ဖြစ်ပါသည်။Beta Version တွင် GoogleမှFree ပေးထားသော Software များ အစုံအလင်ပါရှိပြီး တစ်ပတ်ပြီး တစ်ပတ် Feature အသစ်များ ထည့်ပေးသွားမည့်အပြင် ရုံးလုပ်ငန်းများအတွက် လိုအပ်သော Android Mobile Application များကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

http://www.credowave.com.mm/android/  မှာသွားရောက်ဒေါင်းနိုင်ပါတယ်။
မေမြသူ
Net Guide

No comments:

Post a Comment