June 16, 2012
Idevice's two useful secrets
IDevices (Iphone,ipad,ipod) ကိုနေ့စဉ်နဲ့အမျှအသုံးပြုနေတဲ့ လူတွေအတွက်တော့ Touch နဲ့ type က
တော့ မိနစ်နဲ့အမျှလုပ်နေမှာဘဲ...ဆိုတော့ ပထမဦးဆုံးကြုံရမှာက Auto-correction ပါဘဲ။ အထူးသဖြင့်
မြန်မာနာမည်တွေကို အင်္ဂလိပ်မှတ်တာတို့ facebook မှာ status update လုပ်တဲ့အခါမှာ short form (အတိုကောက်) စကားလုံးတွေအသုံးတဲ့ နေရာတို့၊ တချို့ကိုယ်မှတ်စရာလေးကို အမြန်မှတ်လာတာတို့မှာ
ကိုယ် type ပြီးမှတ်လိုက်တာတော့ အမှန်ဘဲ ဒါပေမဲ့ ကိုယ်သတိမထားမိလိုက်ဘဲ space ပုတ်လိုက်တာနဲ့
ကိုယ်ရေးထားတာတွေ အားလုံးကို English လိုရှိတဲ့ စကားလုံးနဲ့ ပြောင်းပေးလိုက်ပါတယ်။ ကျွန်တော်ဆိုလဲ
တခါတလေ အမြန်စရာလေးတွေရှိရင် မကြည့်တော့ဘဲ မြန်မြန် type လိုက်တယ်နောက် လိုအပ်တော့မှာ
ပြန်ဖွင့်ကြည့်ရင် ကိုယ့်မှတ်လိုက်တုန်းကနဲ့ တခြားဆီတွေဖြစ်နေတာကို တွေ့ရတယ် ဒါပေမဲ့ auto correction
ကို off လုပ်ဖို့အမြဲမေ့နေတယ် ဒီလိုဘဲ ကိုယ်ရေးလိုက်တာ ရေးလိုက်တာ မထွတ်လာဘဲ ဗိုလ်တွေဘဲထွက်
လာတယ်။ အချို့ကတော့ သိပြီး လုပ်ပြီး ကြာရင်ကြာနေရောပေါ့ ဒါပေမဲ့ အချို့က ကျွန်တော်လိုဘဲ လုပ်မယ်
လုပ်မယ်နဲ့ မေ့နေရင် ကျွန်တော်နဲ့ အတူတူအခုလုပ်ကျတာပေါ့။ ကိုယ့်ရဲ့ Idevice ကိုသွားပြီး
Setting -General- Keyboard- autocorrection (off) ကိုလုပ်လိုက်ပါ။ ဒီလိုလုပ် ခြင်းအားဖြင့်
ကိုယ့်က english လိုတခုခုရေးတာ spelling မှားနေရင် သူ့အလိုလျှောက်မပြင်ပေးပေမဲ့
မှားနေကြောင်းကို အနီရောင် underline တားပြီး ဖော်ပြပေးနေအုန်းမှာပါ။
နောက်တခုက IOS 5.0 နဲ့အထက် Idevices တွေမှာရ မှာပါ။ ဒါကတော့ Idevices တွေမှာ သိတဲ့အတိုင်း
ခလုတ်(button) က နှစ်ခုဘဲပါတယ်ပြီးတော့ ဒီနှစ်ခုကလဲ တနေ့မှာ အကြိမ်ဘယ်နှစ်ခါလောက် နှိပ်လဲ
ဆိုတော့ မပြောနိုင်လောက်အောင်ပါဘဲ ဆိုတော့ သူတို့လဲ ပစ္စည်းဖြစ်တဲ့ အားလျှော်စွာ ပျက်တက်မှာပေါ့
ဆိုတော့ ဒီ ခလုတ်နှစ်ခုကို အနားပေးနိုင်သလောက် အနားပေးအောင် (Assistive touch) လေးကို
အစားထိုးအသုံးပြုကြရအောင်။ ဒါလေးကိုတော့ Idevice ကနေ
Setting - General- Acessibility- assistive touch လေးကို on ပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့
idevice မှာ အဖြူရောင် Dot လေးကို ထောင့်တနေရာရာမှာ တွေ့ရပါမယ် ဒီ Dot လေးကို နှိပ်လိုက်ရင်
Home ရှိတယ် Device ရှိတယ်။ Home ကိုတော့ ကိုယ့်က apps တခုခုဖွင့်ထားရင် (ဥပမာ- Safari ဖွင့်
ထားရင် ထောင့်မှာရှိတဲ့ အဖြူ Dot လေးကိုနှိပ်ပြီး Home ကိုနှိပ်လိုက်ရင် Home ကိုပြန်ရောက်သွားပါမယ်။
ကိုယ့်ရဲ့ Device ကို lock လုပ်ခြင်ရင်တော့ ဒီ အဖြူ Dot လေးကို နှိပ်ပြီး Device - lockscreen ကိုနှိပ်ပါ။
ကိုယ့်ရဲ့ Idevice လေး Lock ဖြစ်သွားမှာပါ။
ဆိုတော့ သိပြီးသားဖြစ်ပေမဲ့ ကျွန်တော့်အတွက်တော့ အတကယ့်ကို အရေးပါတဲ့ နည်းလမ်း
လေးနှစ်မျိုးပါ။ အသုံးတဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
SBSangpi(စံပီး)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment