Apple ရဲ့ နာမည်ကျော်ထုတ်ကုန်တစ်ခုဖြစ်တဲ့ iPad ကို ပြည်တွင်းမှာလည်း အများအပြားသုံးစွဲနေကြပြီဖြစ်ပါတယ်။ iPad နဲ့အတူ ဆက်စပ်ပစ္စည်းတွေကိုလည်း တင်သွင်းရောင်းချလာနေကြပြီဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ iPad နဲ့ တွဲဖက်သုံးနိုင်တဲ့ 5 in 1 Card Reader နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Kallin အမျိုးအစားမော်ဒယ် ICR 517 ဖြစ်ပါတယ်။ SD, SD XC, MS DUO, TF နဲ့ MINI SD Card တွေကို Read ရော Write ရောလုပ်ပေးနိုင်ပါတယ်။ Reader ရဲ့ တစ်ဖက်စွန်းမှာ iPad Output နဲ့ဆက်သွယ်ပြီ သုံးရမှာဖြစ်ပါတယ်။ JPG ဓါတ်ပုံတွေကို Auto Play စနစ်နဲ့ ပြသပေးနိုင်ပါတယ်။ Data Transfer Speed က USB 2.0 ဖြစ်ပါတယ်။ ခရီးဆောင်၊ အိတ်ဆောင်သုံးနိုင်ပြီး တန်ဖိုးကျပ်လေးထောင့်ကိုးရာ ၀န်းကျင်ဖြစ်ပါတယ်။ ဆိပ်ကမ်းသာလမ်း အမှတ်-၂၀၈ ဖုန်း- ၃၈၀၉၈၈ နဲ့ ၀၂-၆၉၃၈၉ တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
ရေးသားသူ -အောင်အောင်
No comments:
Post a Comment