June 27, 2012

Acer Service Center များတွင် Redlink Wimax အင်တာနက်လိုင်းများ ဈေးလျော့ ရောင်းချ

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ရှိ Acer Service Center များတွင်
Red link Wimax အင်တာနက် လိုင်းများကို ဝယ်ယူရရှိနိုင်ပြီး ချက်ချင်းတပ် ဆင်အသုံးပြုနိုင်မည့် CPE များကို လည်း ရောင်းချ ပေးသွားမည်ဖြစ် ပြီး စတင်ရောင်းချသည့် အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင် ၁ရက်နေ့အတွင်း Acer Service Center 38th Street နှင့် Acer Service Center မော်တင်သို့ လာရောက်ပြီး အင်တာနက်လိုင်းဝယ်ယူ ပါက ပုံမှန်ရောင်းဈေး ၆၃၀ဝ၀ဝ ကျပ်မှ ၄၉၅၀ဝ၀ ကျပ်သို့ ဈေးလျော့ရောင်းချပေးသွားမည်ဖြစ်ပြီး အထူးအစီအစဉ်တစ်ရပ် အနေဖြင့် Acer  ရွှေလမင်းနဂါးမှ တင်သွင်းရောင်းချသော Acer Notebook ကို ဝယ်ယူထားသူများအတွက် ရက်၊ နှစ်အကန့်အသတ်မရှိမည်သည့် Dealer, Reseller ဆိုင်တွင်မဆို ဝယ်ယူခဲ့သောInvoice နှင့်တကွလာရောက် ဝယ်ယူပါက ချက်ချင်းနှိုက်ချက်ချင်းပေါက်Discount စနစ်ဖြင့် မူရင်း ရောင်းဈေး promotion ဈေးနှုန်း ၄၉၅၀ဝ၀ မှ အထူးDiscount အနေဖြင့်ထပ်မံပြီး ၁၀ဝ၀ဝ၀ ကျပ်လျှော့ချပြီး ကံထူးသူ ၅ဦးကို ဦးရာ လူစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ၄င်းအစီအစဉ် နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၂၂၁၆၈၄၊ ၂၁၇၂၃၃၊ ၂၄၀၆၁၁ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။ 
ကျော်ညိုသွေး
Mobile Guide

No comments:

Post a Comment