(1) MAIN METRO START SCREEN
Windows 8 အတွင်း အဓိက ပြောင်းလဲတာကိုတော့ ၄င်းရဲ့ Start Screen လို့ ပြောနိုင်ပါတယ်။ ယခု Start Screen အတွင်း application ပေါင်းများစွာကို လွယ်ကူစွာ lunch လုပ်သွားနိုင်စေရန် ဖန်တီးထားပြီး apps များကိုလည်း Metro Style apps နှင့် ယခင် apps ပုံစံများအတိုင်း ရွေးချယ်အသုံး ပြုသွားနိုင်ပါလိမ့်မယ်။ ထူးခြားချက်ကတော့ start screen အတွင်း emailများ၊ appointment များကဲ့သို့သော သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်ရန် စီစဉ်ပေးထား သော်လည်း အားနည်းချက်ကတော့ ရင်းနှီးပြီးသား side-scrolling မပါရှိခြင်းပါပဲ။
(2) WINDOWS STORE
Start Screen အတွင်းမှာတော့ Windows Store ဟာ Game (သို့) Music ကဲ့သို့ မတူညီသော Categories များဖြင့် ဟန်ချက်ညီနေပါတယ်။ Store ဟာ Metro Style အနေနဲ့သာမက desktop app အနေနဲ့ပါ ရှိနေမည် ဖြစ်ပြီး Developer များအတွက် apps များကို trial သဘော အချိန်အကန့်အသတ်ဖြင့် စမ်းသပ်အသုံးပြုခွင့် ပေးထားပါတယ်။
(3) THUMBNAILS
သင့်ရဲ့ Mouse (သို့) လက်ကို screen ရဲ့ ဘယ်ဘက် အပေါ်ထိပ်သို့ ရွေု့ပြီး အောက်ကို ပြန်ဆွဲချလိုက်မယ် ဆိုရင်တော့ မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ application များပဲ ဖြစ်ပါတယ်။ အားနည်းတဲ့အချက်ကတော့ ပုံတွင် မြင်တွေ့ရသည့်အတိုင်း Thumbnails မှာ တခါတရံတွင် application များကို preview မပြသနိုင်ခြင်းပဲဖြစ်ပါတယ်။
(4) BOTTOM OPTIONS
Metro Tile ကို right-click (သို့) လက်ချောင်းဖြင့် ဖိထားမည် ဆိုပါက application တစ်ခုကို unpin၊ uninstall၊ (သို့) live data ပြုလုပ်မည်၊ မပြုလုပ်မည်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် menu အတွင်း tile ကို ချုံ့နိုင်၊ ကြီးနိုင်ပါတယ်။ background ကို right click နှိပ်မယ်ဆိုရင်တော့ apps တွေရဲ့ list အပြည့်အစုံကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
( 5) Desktop
ယခင်ပုံစံ Windows Desktop ဟာ Windows 8 မှာလည်း ပါဝင်လာပါတယ်။ ၄င်းကို Metro tile မှ တဆင့် မြင်တွေ့ သွားနိုင်သလို Windows+D ကို နှိပ်ခြင်းဖြင့်လည်း မြင်တွေ့နိုင်ပါသေးတယ်။ Start Button ကတော့ ကွက်လပ်ကြီးတစ်ခုဖြစ်နေပြီး left-click နှိပ်မှသာလျှင် Start Screen ကို ရောက်ရှိမည်ဖြစ်ကာ right-click နှိပ်လျှင်လည်း advanced option ကို မြင်တွေ့နိုင်ပါတယ်။ အားနည်းချက်ကတော့ Windows Start Menu ကို လုံးဝမြင်တွေ့သွားရတော့မှာ မဟုတ်ပါဘူး။
(6) PERSONALISATION
profile name ကို click လုပ်ခြင်းဖြင့် setting များကို personalize လုပ်နိုင်ပါလိမ့်မယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အသုံးပြုသူဟာ profile photo၊ Metro background colour/ pattern ပြောင်းလဲခြင်းနှင့် lock screen ပုံပြောင်းလဲခြင်းကို ပြုလုပ်နိုင်ပါလိမ့်မယ်။
(7) SEARCH
Search အတွင်း metro apps များကို သီးခြားရှာဖွေနိုင်ပြီး default အနေနဲ့ကလည်း PC အတွင်းရှိ apps များကိုသာ ရှာဖွေပေးပါတယ်။ သို့သော်လည်း သင့်အနေဖြင့် ပုံတွင် မြင်တွေ့ရသည့်အတိုင်း Category အလိုက် နှိပ်ကာ မိမိရှာဖွေလိုသည်များကို ရှာဇွေနိုင်ပါတယ်။
(8) CHARMS
ထူးထူးခြားခြားနဲ့ နာမည်ပေးထားတာကတော့ Screen ရဲ့ အပေါ်ညာဖက်ထောင့်ကို mouse ရွေ့လိုက်ပါက (သို့) touch screen ပေါ်တွင် လက်ချောင်းဖြင့် ဘယ်ဘက်မှ ညာဘက်သို့ ဆွဲခြင်း (သို့) Windows + C နှိပ်ခြင်းဖြင့် ပေါ်လာမည့် CHARMS menu ပဲဖြစ်ပါတယ်။ ၄င်းအတွင်း apps များမှ share ထားသော data များကို ရှာဖွေနိုင်ခြင်း၊ device များကို connect လုပ်၊ မလုပ်ကြည့်ရှုနိုင်ခြင်းနှင့် PC setting တို့ကို မွှေနှောက်နိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါတယ်။
(9) ZOOMED-OUT VIEW
profile ပုံဘေးမှာရှိတဲ့ မှန်ဘီလူးပုံကို နှိပ်လိုက်မယ် ဆိုရင်တော့ မိမိရဲ့ Desktop ကို အဝေးမှ ကြည့်နေရသကဲ့ သို့ ဖြစ်နေစေရန် ပြုလုပ်နိုင်ပါလိမ့်မယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် tile group များကို rename ပေးသွားနိုင်ပြီး၊ group တစ်ခုသို့လည်း ရှင်းရှင်းလင်းလင်းမြင်တွေ့ကာ ဝင်ရောက် သွားနိုင်ပါတယ်။
(10) SETTINGS
Setting charm အတွင်းမှာတော့ Start Screen ၏ ညာဖက်ထောင့်တွင် ပေါ်လာမည့် notifications များကို on/off ပြုလုပ်နိုင်ပါတယ်။ ထို့ပြင် Network connection ကိုလည်း ထိုနေရာမှ ထိန်းချုပ်သွားနိုင်ပြီး speaker volume ကိုလည်း အတိုး၊ အလျှော့ ပြုလုပ်နိုင်ပါသေးတယ်။ အထူးခြား ဆုံးကတော့ အဆိုပါ နေရာမှပဲ PC ကို switch off (သို့) restart ပြုလုပ်ရတာပါပဲ။
t
အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် သူရ
shared from tramyanmar.


No comments:
Post a Comment