May 08, 2012

Redlink မှ Broadband wimax Service အား ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်းချမည်


Redlink မှ Broadband wimax Service အား ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်းချမည်မေလ ၁၁ရက်နေ့မှ ၁၃ရက်နေ့ အထိ ကျင်းပ ပြုလုပ်မည့် Yangon ICT Fair (Computer and Mobile) တွင် Redlink မှ Broadbrnd wimax Service အား သိန်း၁၀ဝကျော် ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်း ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်း ၁၀ဝကျော် ကံစမ်းမဲ အစီ အစဉ် အနေဖြင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ပထမဆုသိန်း ၃၀၊ ဒုတိယဆု သိန်း၂၀၊ တတိယဆု၁၀ သိန်းနှင့် ကျပ်၎သိန်းတန် နှစ်သိမ့်ဆုမဲ ၁၀ဆုကိုလည်းချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ကံစမ်းမဲ အစီအစဉ်တွင် Redlink Broadband Wimax Service အားကနဦး တပ်ဆင်ခ ၆၃၀ဝ၀ဝ ကျပ်ဖြင့် ဝယ်ယူ အားပေးသူများကို ကံစမ်းမဲ တစ်စောင်စီ ပေးသွားမည် ဖြစ်သည်။ ကံစမ်းမဲရွေးချယ်ပွဲကို မေလ ၃၁ ရက်နေ့ ၁၀နာရီတွင် Chatrium Hotel Grand Ballroom တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
စောရည်နန္ဒာ
Mobile Guide


No comments:

Post a Comment