အားလုံး မင်္ဂလာပါ။
အခုတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ အရင်တုန်းက အားလုံးလဲ သိပြီးသားဖြစ်တဲ့ ကျွန်တော့်ရဲ့ အဘိဓာန် ဖြစ်တဲ့ ရွှေရိုးကို အခု တစ်ခါမှာ iOS ပေါ်မှာ
အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ iOS ခြေလှမ်းသစ်တစ်ခု လည်းဖြစ်ပါတယ်။ပထမ ဦးဆုံး iOS app ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။
အခုရွှေရိုး ကိုနှစ်မျိုးထုတ်ပေးထားပါတယ်။
Shweyoe ဆိုတဲ့နာမည်နဲ့ကတော့ iPhone / iPod Touch တွေအတွက်ဖြစ်ပါတယ်။
iPhone 3Gs နဲ့ iPod 3G တို့နဲ့ပါအဆင်ပြေပြေသုံးလို့ရအောင် iOS Requirement ကို 4.3 နဲ့ရေးပေးထားပါတယ်။
နောက်တစ်မျိုးကတော့ Shweyoe HD ပါပဲ.
သူကတော့ iPad အတွက်သီးသန့်ပါ။
ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ မှာ ရောက်နေတဲ့ ကျွန်တော်တို့မြန်မာ လူမျိုးတွေ အတွက် Dictionary စာအုပ်ကိုလှန်ပြီး ဘာသာစကား ကိုရှာဖွေနေရတဲ့
အခက်အခဲကို တတ်နိုင်သလောက် ဖြေရှင်းပေးချင်လို့ပဲဖြစ်ပါတယ်။
အခု app လေးကိုသုံးလိုက်ရင် Dictionary စာအုပ်ကိုလှန်ပြီး လိုက်ရှာနေစရာမလိုတော့ပဲနဲ့. ကိုယ်သိချင်တဲ့ စကားလုံးတွေကို လျှင်လျှင်မြန်မြန် နဲ့အလွယ်တကူ
ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဒီတစ်ခါ ရွှေရိုးရဲ့ Features အသစ်တွေကတော့ ဘာသာစကားငါးမျိုးကို ရှာဖွေနိုင်ခြင်းဘဲဖြစ်ပါတယ်။
ဘယ်လိုလဲဆိုတော့
English To Myanmar
Russia To Myanmar
Korea To Myanmar
Japan To Myanmar
Thai To Myanmar
အထက်ပါ ငါးမျိုးမှ မြန်မာဘာသာ သို့ရှာဖွေနိုင်ပါတယ်။
ဒါတင်မကဘဲ
Myanmar To English
Myanmar To Russia
Myanmar To Korea
Myanmar To Japan
Myanmar To Thai
သို့လဲရှာဖွေနိုင်ပါတယ်။
အင်္ဂလိပ်.ရုရှား.ကိုရီးယား.ထိုင်း စကားလုံးများကို ရိုက်ထည့်ပြီး သိလိုသော မြန်မာ စာလုံးကို လျှင်မြန်စွာ ရှာဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။
မြန်မာ မှလည်း ထို ဘာသာစကား ငါးမျိုးကို တိုက်ရိုက် လျှင်မြန်လွယ်ကူစွာ ရှာဖွေနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။
နောက်ထပ် တစ်မျိုးကတော့ ဇော်ဂျီ ၊ ယူနီကုတ် နဲ့ရိုက်ထားတဲ့ မြန်မာဖောင့်တွေဟာ.. Jailbreak မလုပ်ထားတဲ့အခါမှာ မြင်ရမှာမဟုတ်ပါဘူး။
အဲ့ဒီအတွက် အဲ့ဒီ လေးထောင့် အတုံးလေးတွေကို Copy ကူးပြီးတော့ ကျွန်တော့်ရဲ့ Myanmar-Text-Reader လုပ်ဆောင်ချက်ထဲမှာ Paste လုပ်ပြီးရင်
လွယ်လွယ်ကူကူ ဖတ်လို့ရနိုင်မှာဖြစ်ပါတယ်။
တစ်ခါတစ်လေ.သူများပို့တဲ့စာကို ကိုယ်က အရေးကြီးနေတဲ့အချိန်မှာ ဖတ်လို့မရဘူးဆိုရင် .. အဆင်ပြေပြေ ဖတ်လို့ရအောင် ထည့်သွင်းပေးထားတဲ့
လုပ်ဆောင်ချက်တစ်ခု သာဖြစ်ပါတယ်။
အင်္ဂလိပ်.ရုရှား.ကိုရီးယား.ထိုင်း တွေအတွက် Keyboard တော့ iOS ထဲမှာ တစ်ခါတည်း ပါဝင်ပြီးသားဖြစ်တဲ့ Keyboard များကို အသုံးပြုပြီးရှာဖွေနိုင်ပါတယ်။
ဒါဆိုရင် မြန်မာကီးဘုတ် အတွက်ကတော့ ဘယ်လိုလုပ်မလဲ?
မြန်မာ ကီးဘုတ် အတွက်ကတော့ Jailbreak လုပ်မှရတဲ့ မြန်မာ ကီးဘုတ် မလိုအောင် ကျွန်တော် မြန်မာကီးဘုတ် ကို ကျွန်တော့် အခု ရွှေရိုး iOS app
ထဲမှာဘဲတစ်ခါတည်း ထည့်သွင်းပေးထားပါတယ်။
ဒါကြောင့် မြန်မာ မှ တခြားဘာသာ စကား ငါးမျိုးကိုရှာဖွေတဲ့ နေရာမှာ သီးသန့် မြန်မာ ကီးဘုတ် သွင်းစရာမလိုပါဘူး.
သီးသန့် ဇော်ဂျီဖောင့်သွင်းစရာမလိုပါဘူး။
အားလုံးကို ကျွန်တော် အဆင်ပြေလွယ်ကူအောင် တစ်ခါတည်း စီစဉ်ပေးလိုက်ပါတယ်။အခုသွင်း အခုသုံးလို့ရအောင် ရေးပေးထားပါတယ်။
တစ်ခု ရှိတာက ကျွန်တော်က အရင်တုန်းက တစ်ခါမှ မြန်မာ ကီးဘုတ် ကို ကိုစေတန်တို့…ကိုသန့်သက် တို့လိုမလုပ်ဖူးခဲ့တော့ လိုအပ်ချက်လေးတွေကတော့
ရှိနေနိုင်ပါတယ်။
သူ့ရဲ့ Mogok Browser ရဲ့ မြန်မာ ကီးဘုတ် ဆိုရင် လုပ်ထားတာ အရမ်းကောင်းပါတယ်။
အခု ကျွန်တော့် app ထဲမှာတော့ မြန်မာ ကီးဘုတ်ကို အသေ အနေနဲ့ ထည့်ထားပါတယ်။
ကီးဘုတ်ကတော့ သူတို့ကိုမမှီပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပေးထားပါတယ်။
နောက်ပိုင်းမှာ Slide လေးတွေနဲ့ပြနိုင်အောင် ကြိုးစားပါ့မယ်။
စျေးနှုန်းကလည်း Free ပေးထားတဲ့အတွက် ကြောင့် အားလုံးနဲ့အဆင်ပြေမယ်ဆိုမျှော်လင့်ပါတယ်။
အခု ရွှေရိုး iOS အတွက် Dictionary Data တွေကတော့ Tara Team ရဲ့ တကောင်း Project မှ Data များကို အသုံးပြုထားပါတယ်။
Tara Team ကိုလည်း အခုလို အများပြည်သူ အသုံးပြုလို့ရအောင် စီစဉ်ဖန်တီးပေးခဲ့တဲ့အတွက်ကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။
Searching ပိုင်းမှာ ပိုမိုမြန်ဆန်လာအောင် ကူညီပေးခဲ့တဲ့ Gusto မှ ကျွန်တော့် ဆရာ တင်မောင်မောင် ရင်ကိုလည်း ကျေးဇူးတင်ပါတယ်။
MyanmarTutorials မှ ဆရာသီဟ ကိုလည်း ကျေးဇူးတင်ပါတယ်။
အရမ်းကောင်းတဲ့ ကျွန်တော့်အိမ်က 8kb CDMA Internet လိုင်းနဲ့ Apple Store ပေါ်ကို Upload တင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီအတွက် ကျွန်တော့်ကို လိုင်းအမြန် တစ်လိုင်း သီးသန့်ပေးခဲ့တဲ့ (West Point Multimedia) အလုံမှ ပိုင်ရှင် ကိုဘို ကိုလည်း ကျေးဇူးတင်ပါတယ်။
သူသာ အဲ့ဒီလိုမပေးရင် ကျွန်တော် တင်လို့ရမှာ ကိုမဟုတ်ပါဘူး။
ထို့ကြောင့် ဤ ရွှေရိုး iOS app ပြီးမြောက် ရေးအတွက် အဖက်ဖက် မှ ဝိုင်းဝန်း ကူညီပေးခဲ့ကြသူ များအားလုံးကို ကျေးဇူးတင်ပါတယ်။
အခု iOS app ကတစ်ယောက်ထဲရေး..တစ်ယောက်ထဲ စမ်း.. တစ်ယောက်တည်း Design ဆွဲဆိုတော့… တစ်နေရာရာမှာ အဆင်မပြေမှု လိုအပ်ချက် ရှိခဲ့လျှင် ၊
မြန်မာကီးဘုတ် နဲ့ပက်သက်လို့ အဆင်မပြေမှုဖြစ်လာခဲ့ရင် နားလည် ခွင့်လွှတ်ပေးပါလို့ ကြိုတင်တောင်းပန်ပါရစေ။
မြန်မာကီးဘုတ်ကို နောက်ထပ် Update တွေမှာ ပိုကောင်းအောင် ကြိုးစားသွားပါ့မယ်။
ကောင်းသည်ထက် ပိုကောင်းအောင် အစဉ်အမြဲကြိုးစားနေသောကြောင့် အကြံပြုချင် သည်များ ရှိပါက dk92ster@gmail.com ကိုဆက်သွယ် ၍
အကြံပြုနိုင်ပါတယ်။
အခု ရွှေရိုးကို ကြိုက်နှစ်သက်ပါက ကျွန်တော့်ရဲ့ iOS Studio လေးဖြစ်တဲ့ Initial Studio ကို facebook မှာ LIKE လေးတစ်ချက်လောက် ပြုလုပ်ပေးစေချင်ပါတယ်။
LIKE နှိပ်ထားခြင်းကြောင့် ကျွန်တော် နောက်ထပ် ထုတ်မဲ့ Product တွေ.. Update လုပ်လိုက်တဲ့ Product တွေအကြောင်းကို
အချိန်နဲ့တပြေးညီသိနိုင်မှာဖြစ်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ဆုတောင်းရင်းနဲ့
လေးစားစွာဖြင့်
Zaw Min Soe (Initial)
အောက်မှာကတော့ ပုံလေး နဲ့ iTunes download link ကို ပြပေးထားပါတယ်။
App Name : Shweyoe Dictionary
Platform : iOS
Price : Free
Company : Initial Studio
Developer : Zaw Min Soe (Initial)
Official Page : https://www.facebook.com/pages/Initial-Studio/118328954969832
Download links :
For iPhone / iPod Touch : http://itunes.apple.com/us/ app/shweyoe/id524981986?ls=1& mt=8
For iPad only : http://itunes.apple.com/us/app/shweyoe-hd/id525416810?ls=1&mt=8
iPhone and iPod Touch Screenshot
iPad Screenshot
ကျေးဇူးတင်ပါတယ်။
Shared from myanmartutorials
အခုတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ အရင်တုန်းက အားလုံးလဲ သိပြီးသားဖြစ်တဲ့ ကျွန်တော့်ရဲ့ အဘိဓာန် ဖြစ်တဲ့ ရွှေရိုးကို အခု တစ်ခါမှာ iOS ပေါ်မှာ
သူကတော့ iPad အတွက်သီးသန့်ပါ။
အခု app လေးကိုသုံးလိုက်ရင် Dictionary စာအုပ်ကိုလှန်ပြီး လိုက်ရှာနေစရာမလိုတော့ပဲနဲ့. ကိုယ်သိချင်တဲ့ စကားလုံးတွေကို လျှင်လျှင်မြန်မြန် နဲ့အလွယ်တကူ
ဘယ်လိုလဲဆိုတော့
Russia To Myanmar
Korea To Myanmar
Japan To Myanmar
Thai To Myanmar
ဒါတင်မကဘဲ
Myanmar To Russia
Myanmar To Korea
Myanmar To Japan
Myanmar To Thai
အင်္ဂလိပ်.ရုရှား.ကိုရီးယား.ထိုင်း စကားလုံးများကို ရိုက်ထည့်ပြီး သိလိုသော မြန်မာ စာလုံးကို လျှင်မြန်စွာ ရှာဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။
မြန်မာ မှလည်း ထို ဘာသာစကား ငါးမျိုးကို တိုက်ရိုက် လျှင်မြန်လွယ်ကူစွာ ရှာဖွေနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။
အဲ့ဒီအတွက် အဲ့ဒီ လေးထောင့် အတုံးလေးတွေကို Copy ကူးပြီးတော့ ကျွန်တော့်ရဲ့ Myanmar-Text-Reader လုပ်ဆောင်ချက်ထဲမှာ Paste လုပ်ပြီးရင်
တစ်ခါတစ်လေ.သူများပို့တဲ့စာကို ကိုယ်က အရေးကြီးနေတဲ့အချိန်မှာ ဖတ်လို့မရဘူးဆိုရင် .. အဆင်ပြေပြေ ဖတ်လို့ရအောင် ထည့်သွင်းပေးထားတဲ့
ဒါဆိုရင် မြန်မာကီးဘုတ် အတွက်ကတော့ ဘယ်လိုလုပ်မလဲ?
သီးသန့် ဇော်ဂျီဖောင့်သွင်းစရာမလိုပါဘူး။
တစ်ခု ရှိတာက ကျွန်တော်က အရင်တုန်းက တစ်ခါမှ မြန်မာ ကီးဘုတ် ကို ကိုစေတန်တို့…ကိုသန့်သက် တို့လိုမလုပ်ဖူးခဲ့တော့ လိုအပ်ချက်လေးတွေကတော့
သူ့ရဲ့ Mogok Browser ရဲ့ မြန်မာ ကီးဘုတ် ဆိုရင် လုပ်ထားတာ အရမ်းကောင်းပါတယ်။
ကီးဘုတ်ကတော့ သူတို့ကိုမမှီပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပေးထားပါတယ်။
နောက်ပိုင်းမှာ Slide လေးတွေနဲ့ပြနိုင်အောင် ကြိုးစားပါ့မယ်။
Tara Team ကိုလည်း အခုလို အများပြည်သူ အသုံးပြုလို့ရအောင် စီစဉ်ဖန်တီးပေးခဲ့တဲ့အတွက်ကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။
MyanmarTutorials မှ ဆရာသီဟ ကိုလည်း ကျေးဇူးတင်ပါတယ်။
ဒီအတွက် ကျွန်တော့်ကို လိုင်းအမြန် တစ်လိုင်း သီးသန့်ပေးခဲ့တဲ့ (West Point Multimedia) အလုံမှ ပိုင်ရှင် ကိုဘို ကိုလည်း ကျေးဇူးတင်ပါတယ်။
သူသာ အဲ့ဒီလိုမပေးရင် ကျွန်တော် တင်လို့ရမှာ ကိုမဟုတ်ပါဘူး။
မြန်မာကီးဘုတ်ကို နောက်ထပ် Update တွေမှာ ပိုကောင်းအောင် ကြိုးစားသွားပါ့မယ်။
LIKE နှိပ်ထားခြင်းကြောင့် ကျွန်တော် နောက်ထပ် ထုတ်မဲ့ Product တွေ.. Update လုပ်လိုက်တဲ့ Product တွေအကြောင်းကို
Platform : iOS
Price : Free
Company : Initial Studio
Developer : Zaw Min Soe (Initial)
Download links :
For iPad only : http://itunes.apple.com/us/app/shweyoe-hd/id525416810?ls=1&mt=8
No comments:
Post a Comment