အက်ပဲလ်၏ iPhone နှင့် အဓိက ယှဉ်ပြိုင်ဘက်ဖြစ်သော ဆမ်ဆောင်း၏ Galaxy S ဖုန်း တတိယ မျိုးဆက် S3 ကို မေလ ၃ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
အသံဖြင့် ထိန်းချုပ်ညွှန်ကြားနိုင်ပြီး မျက်လုံးအကြည့်ကို သိရှိတုံ့ပြန်နိုင်သော S3 မှာ ဂူးဂဲလ်၏ အန်းဒရွိုက် မိုဘိုင်းမောင်းနှင်စနစ် နောက်ဆုံးအမျိုးအစားကို အသုံးပြုထားပြီး အက်ပဲလ်ကို မနှစ်ခြိုက်သူများအတွက် အကောင်းဆုံးရွေးချယ် စရာ ဖြစ်လာမည်ဖြစ်သည်။ စမတ်ဖုန်းအားလုံးနီးပါးမှာ မသုံးသည့်အချိန်တွင် အားမကုန်စေရန်အတွက် ဖန်သားပြင်ကို မတို့ထိဘဲ ထားသည့်အချိန်(သို့မဟုတ်)ဖုန်းမဆက်နေသည့်အချိန်တွင် မှောင်ကျသွားလေ့ရှိသည်။ ယင်းမှာ ဖုန်းဖြင့် စာဖတ်နေချိန်ကဲ့သို့ ဖုန်းဖန်သားပြင်ကို အချိန်ကြာမြင့်စွာ လက်ဖြင့် မထိသော်လည်း ဖန်သားပြင်ကို ကြည့်နေသည့်အချိန်များတွင် ကသိကအောက်ဖြစ်စေပြီး ဖန်သားပြင်ကို လက်ဖြင့်ပြန်ထိမှ လင်းလာလေ့ရှိသည်။ ယခုဆမ်ဆောင်း၏ S3 မှာ ဖန်သားပြင်ကို မျက်လုံးဖြင့် ကြည့် နေ၊မနေကို သိနိုင်ပြီး ကြည့်နေချိန်အတွင်း လုံးဝမှောင်ကျသွားမည် မဟုတ်ဘဲ၊ မျက်စိလွှဲလိုက်ချိန်၊ မျက်လုံးပိတ်လိုက်ချိန်တွင်မှ မှောင်သွားမည်ဖြစ်သည်။ S Voice ဟုခေါ်သော အသံဖြင့် ထိန်းချုပ်သည့်စနစ်မှာမူ Apple ၏ Siri စနစ်နှင့် တူညီပြီး ဘာသာစကားရှစ်မျိုးဖြင့် ဖုန်းကို ညွှန်ကြားနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ဓာတ်ပုံရိုက်မယ်ဟု အင်္ဂလိပ်လိုပြောလိုက်ပါက ဓာတ်ပုံ Application ပွင့်သွားမည်ဖြစ်သည်။ ဖန်သားပြင်မှာ S2 ထက် ပိုကျယ်လာပြီး ၄ ဒသမ ၈ လက်မမျှ ရှိလာမည်ဖြစ်သလို ရုပ်ထွက်မှာလည်း 1280x720 pixels မျှရှိပြီး iPhone များထက် ကြည်လင်ပြတ်သားမည်ဖြစ်သည်။ နောက်ဆုံးထွက်သည့် quadcore ပရောဆက်ဆာ သုံးထားသလို ကြိုးမဲ့ အားသွင်းသည့်စနစ်လည်း ပါရှိမည်ဖြစ်သည်။ အနီးတစ်ဝိုက် ဆက်သွယ်မှုစနစ် (NFC) ချစ်ပ်ပြား ပါရှိမည်ဖြစ်ပြီး အကြွေးဝယ်ကတ် အစားတို့ထိ ငွေချေစနစ်အတွက် သုံးနိုင်မည်ဖြစ်သလို ပတ်ဝန်း ကျင်ရှိဖုန်းများနှင့် ဖိုင်မျှဝေခြင်းကိုလည်း ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ မေလ ၂၉ ရက်နေ့တွင် ဥရောပ၌ စဖြန့်မည်ဖြစ်သည်။
shared from;eleven media group
|
May 06, 2012
အက်ပဲလ်၏ iPhone ကိုယှဉ်မည့် ဆမ်ဆောင်း၏ Galaxy S3 စတင်ပြသ အသံညွှန်ကြားမှုနှင့် မျက်လုံးအကြည့်ကို သိရှိတုံ့ပြန်နိုင်သော စွမ်းဆောင်ရည် ပါရှိလာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment