April 22, 2012

Facebook တွင် သူ ငယ် ချင်း ၃၅၄ ဦး ထက် မ ပို သင့်

ကိုယ်ရည် ကိုယ်သွေး နှင့် လူမှု စိတ် ပညာ အဖွဲ့ အစည်း တစ်ခု၏  လတ် တလော လေ့လာမှုတစ်ခုအရ Facebook တွင် သူငယ်ချင်း ၃၅၄ ဦးထက် မပိုသင့်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ သုတေသီများဟာ အသက် ၁၈ နှစ်မှ ၆၅ နှစ်င်္ကြား Facebook သုံးစွဲသူ များပါဝင်တဲ့ အုပ်စုတစ်စုကို သူတို့ရဲ့ Facebook ထဲမှာ မိတ်ဆွေများ တင် ထားတဲ့ Status Updates များကို ဦးစွာဖတ်ကြည့်စေတဲ့အခါ သူငယ် ချင်းတွေရဲ့ Status Updates တွေ မဖတ်ကြည့်တဲ့သူများထက် ဘဝကို ကျေနပ်မှုနည်းလာကြောင်း တွေ့ရ တယ်။

Status Updates ကို ဖတ် တဲ့သူတွေထဲမှာတောင်မှ သူငယ်ချင်း ၃၅၄ ဦးထက်ပိုသူများဟာ ဘဝမှာ ပိုပြီး မပျော်မရွှင်ဖြစ်လာသလို ခံ စားလာရကြောင်း တွေ့ခဲ့ရတယ်။ ဘာကြောင့်ပါလဲ။ Facebook ရဲ့ Status Updates မှာတင်တဲ့ အ ကြောင်းအရာ အများစုမှာ သူတို့ရဲ့ အမြင်သဘောထားတွေဟာ အမှန် တရားနဲ့ ကင်းကွာတဲ့ အပြုသဘော ဆောင်မှု(Unrealistically Positive) တွေ ဖြစ်နေတယ်။ ကျရှုံးမှု၊ ဆုံးရှုံး မှုတွေထက် အောင်မြင်ပျော်ရွှင်မှု တွေကိုတင်ကြတာများတယ်။ ဥပမာ- ခမ်းနားတဲ့ အားလပ်ရက်ခရီးရှည်၊ ရည်း စားအသစ်၊ ရာထူးတိုးမြှင့်ခြင်း စသဖြင့်။
လူတွေရဲ့ မသိစိတ်မှာ မိမိရဲ့ အောင်မြင်မှုကိုအခြားသူများရဲ့ အောင် မြင်မှုအပေါ်အခြေခံပြီး နှိုင်းယှဉ်ဆုံးဖြတ် လေ့ရှိတယ်။ ဘဝတူသူငယ်ချင်းတွေ ထဲမှာ မိမိက ဘယ်လောက်ထိုးထွက် နိုင်သလဲဆိုတာနဲ့ ဆုံးဖြတ်လေ့ရှိတယ်။ ပြဿနာကတော့ Facebook မှာ တင်တဲ့ မိတ်ဆွေတွေရဲ့ Status တွေ ဟာ ကန့်သတ်ထားတဲ့ အမြင်များသာ ဖြစ်ပြီး ကောင်းမွန်တဲ့ ဘဝရဲ့ အစိတ် အပိုင်းတွေကိုသာ ဖော်ပြထားမှုများ တဲ့ အပေါင်းလက္ခဏာများသာ ဖြစ် နေခြင်းကြောင့် ဖတ်မိတဲ့သူဟာ မိမိ ကိုယ်မိမိ မကျေနပ်မှုတွေ မသိစိတ်မှာ ကိန်းအောင်းလာခြင်းပါပဲ။ (စကားမစပ် အကယ်၍ သင်ဟာ တစ်နေ့အတွင်း မှာ Status၂ ကြိမ်ထက်မနည်း တင်လေ့ရှိသူဆိုရင်တော့ မိမိကိုယ်မိမိ ဂရုစိုက်မှုလွန်ကဲတဲ့ စိတ်ရောဂါရှိသူ Narcissist ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်)။ Ref : Internet
ခိုင်မွန်ကျော်
Health Digest

No comments:

Post a Comment