ငလျင်မလှုပ်မီ
- စာအုပ်စင်၊ ပန်းကန်စင် စတဲ့စင်တွေ ကို နံရံ နဲ့
အသေအချာတွဲ ၍ချည်နှောင် ထားရန်။ လေးလံတဲ့ အရာဝတ္တုတွေကို စင်တွေရဲ့ အောက်အဆင့်
မှာရွှေ့ထားရန်။
- ကွဲစေတတ်တဲ့ အရာဝတ္ထုတွေကို ဘီရို သို့မဟုတ် အံဆွဲ
အောက်ဆုံး အဆင့်တွေမှာ ထားပြီး အသေအခြာပိတ်ထားရန်။
- မှန်၊ ပန်းချီကား၊ ဓါတ်ပုံ စတဲ့ နံရံမှာ
ချိတ်ထားတဲ့ အရာတွေကို အိပ်ယာ၊ လူထိုင်လေ့ရှိတဲ့ နေရာတွေက နေ အဝေးကို
ရွှေ့ထားရန်။
- မျက်နှာကျက်၊ နံရံ စသည်တို့မှ မီးအိမ်၊
မီးချောင်းများ ကို အသေအချာ တင်းကျပ်စွာ ချည်နှောင်ထားရန်၊ ချုပ်တန်း
(ဘရက်ကက်) စသည်တို့ဖြင့် မရွေ့ နိုင်စေရန် ပြင်ဆင် ဆောင်ရွက်ထားရန်။
- အန္တရာယ်ရှိ စေနိုင်တဲ့ လျှပ်စစ်မီးကြိုး ၊
ဂတ်စ်ပိုက်လိုင်း ယိုစိမ့် မှု့ စသည်တို့ ကို ကြိုတင် ပြုပြင်ထားရန်။
- ရေပူပေးတဲ့ စက်ကို နံရံမှာ သေခြာ ကပ်နေစေပြီး
ကြမ်းပြင် အထိ မူလီ စသည်တို့ဖြင့် ပြုတ်မကျစေရန် ဆောင်ရွက်ထားရန်။
- နံရံ၊ ကြမ်းပြင် စသည့် နေရာများ တွင် အက်ကွဲကြောင်း
များရှိနေပါက ကြိုတင် ပြုပြင်ထားရန်။
- အဆိပ်အတောက် ဖြစ်စေတတ် သောအရည် နဲ့
ပေါက်ကွဲစေတတ်တဲ့ အရည် တွေ ထည့်ထားတဲ့ ပုလင်း၊ ဗူး စသည် တို့ကို
သော့တတ်ထားတဲ့ သေတ္တာ များအတွင်း ထည့်၍ ဘေးကင်းရာ ကြမ်းပြင် မှာ သိမ်းဆည်းရန်။
- အခန်းတိုင်း မှာ ဘယ်နေရာ အလုံခြုံ ဆုံးလဲ သေချာ
လေ့လာသတ်မှတ် ထားရန်။
- မိသားစု ၀င်အားလုံး ကို လျှပ်စစ် မိန်းခလုပ်၊
ရေပိုက်၊ ဂတ်စ် အ၀င် ပိုက်လိုင်း စသည်တို့ ကို မည်သို့ ပိတ်ရမည် ကို
သိရှိနေစေရန်။
- မိသားစု ၀င် ကလေးငယ်များ ကိုပါ ၉၁၁ စသည့် အရေးပေါ်
ဖုန်းနံပါတ်များ ကို မည်သို့ ခေါ်ဆိုရမည် ကို သင်ကြားထားရန်။
- သဘာဝ ဘေးအန္တရာယ် အတွင်း အထောက်အပံ့ ဖြစ်စေမည့်
(ဓါတ်မီး နှင့် အပို ဘထ္ထရီများ၊ ဘထ္ထရီ ဖြင့် ဖွင့်သည့် ရေဒီယို၊
အရေးပေါ်သူနာပြု သေတ္တာ နှုင့် အသုံးပြုပုံ စာအုပ်၊ ရေ နှင့် အရေးပေါ်
အစားအသောက်၊ သံဗူးဖောက်တံ၊ လိုအပ်လျှင်အသုံးပြုရန် ပိုက်ဆံ၊ ခိုင်မာ ထူထဲသည့်
ဖိနပ်) စသည် တို့ ကို ပြင်ဆင်ထားရန်။
- အကယ်ဤ မိသားစုဝင် များ တကွဲတပြားစီ ဖြစ် နေလျှင်
အရေးပေါ် အချင်းချင်း ပြန်လည် ဆက်သွယ်ရမည့် အစီအစဉ် များ
ချမှတ်တိုင်ပင်ထားရန်။
ငလျှင် လှုပ်နေချိန် (အဆောက်အဦအတွင်း)
- မရွေ့လျား နိုင်သည့် ဘီရိုကြီး များ၊ နံရံများ
အောက်ခြေ မှာ အကာအကွယ်ယူပါ။ ကွဲစေနိုင်သော မှန်ပြူတင်း ပေါက်များ၊ မှန်အကာအရံ
များ အဝေး သို့တိမ်းရှောင် နေပါ။
- အဆောက်အဦ အတွင်းမှာပဲ ဆက်လက်နေပါ။ ငလျှင် လှုပ်စဉ်
အတွင်း အန္တရာယ် အရှိဆုံး လုပ်ဆောင်မှု့ ကတော့ အဆောက်အဦ အတွင်းက ထွက်ခွာဖို့
ကြိုးစားခြင်း ပဲဖြစ်တယ်။
ငလျှင် လှုပ်နေချိန် (အဆောက်အဦပြင်ပ)
- ကွင်းပြင် ကျယ် သို့မဟုတ် နေရာ ကျယ်ကျယ် ရှိတဲ့
နေရာ ကိုသွားနေပါ။ ပြိုကျနှိုင်တဲ့ အဆောက်အဦတွေ၊ လမ်းမီးတိုင်တွေ၊
သွယ်တန်းထားတဲ့ မီးကြိုး တွေ နဲ့ဝေးရာမှာ နေပါ။ အဲဒီနေရာမှာပဲ ငလျှင်
လှုပ်ခြင်း ရပ်တန့်ပြီးသည် အထိ နေပါ။
ငလျှင် လှုပ်နေချိန် (မော်တော်ကား မောင်းနှင်နေစဉ်)
- အဆောက်အဦ၊ သစ်ပင်၊ ဂုံးကျော်တံတား၊ လျှပ်စစ်မီး
ကြိုးများ နဲ့ ကင်းလွတ်ရာ နေရာကို ရှာဖွေပါ။
- >မော်တော်ကား ကို အလျှင် အမြန်ရပ်တန့်၍
မော်တော်ယဉ် မတွင်းမှာပဲ ဆက်လက်နေရန်။
- ငလျှင် ရပ်တန့် သည့် အခါတွင်မှ သတိပေးချက်
အတိုင်းလိုက်နာဆောင်ရွက်ရန်။ တံတားများ ၊ ဆင်ခြေလျှော များ ငလျှင် လှုပ်နေစဉ်
အတွင်း ပျက်စီး ပြီး ဖြစ်နိုင်တယ်။
အိမ်မွေး တိရိစ္ဆာန် များနှင့် ထိတွေ့ဆက်ဆံခြင်း
- ငလျှင် လှုပ်ပြီးစ အချိန်တွင် အိမ်မွေး
တိရိစ္ဆာန်များ ဧ။် အပြုအမူ များ ပြောင်းလဲကောင်း ပြောင်းလဲနေနှိုင်တယ်။
ရန်လိုပြီး တိုက်ခိုက် နိုင်တဲ့ အခြေအနေဖြစ်ကောင်း ဖြစ်နေနိုင်တယ်။
- >ခွေးများ ကို ကြိုးချည်ထားပါ သို့မဟုတ် လှောင်အိမ်၊
ခြံဝန်း အတွင်း ပိတ်လှောင်ထားရန်။
- အိမ်မွေး တိရိစ္ဆာန်များ ကို အရေးပေါ် ကယ်ဆယ်ရေးစခန်း
များ မှ လက်ခံ ထိမ်းသိမ်း မည် မဟုတ်သည့် အတွက် ၄င်း တို့ အတွက် အစာခြောက်၊ ရေ
စသည် တို့ ကို ရက်အနည်းငယ် စာ ပြင်ဆင်ပေး ထားရန်။
ငလျှင်လှုပ်ပြီးချိန်
- ငလျှင် အသေးကလေး များ နောက်ဆက် တွက်
လှုပ်တတ်ခြင်းအတွက်ပြင်ဆင်ထားရန်။ အဆိုပါ ငလျှင် အသေးစား ကလေးများ ကြောင့်
အပျက် အစီး များထပ်မံ ဖြစ်ပေါ်တတ်ပြီ နာရီပိုင်း မှ လနှင့်ချီ ၍ကြာ
မြင့်တတ်ပါသည်။
- ထိခိုက် ဒဏ်ရာရရှိသူများ၊ အပျက်အစီးများအောက် တွင်
ပိတ်မိနေသူများ ကို မိမိတတ် နိုင်သလောက် ကူညီ ပေးရန်။
- ဘတ္ထရီ ဖြင့် ဖွင့်ရသည့် ရေဒီယို၊ ရုပ်မြင်သံကြား
စသည်တို့မှ အရေးပေါ် သတင်းထုတ်ပြန်မှု့ကို နားထောင်ပါ။
- အကူ အညီလိုအပ်မည့် သက်ကြီးရွယ် အိုများ၊
မသန်မစွမ်းများ နှင့် ကလေးသူငယ်များ ရှိမရှိ ကြည့်ပါ။
- ပျက်စီး နေသည့် အဆောက်အဦ အတွင်းမှ ထွက်ပါ။
- တယ်လီဖုန်း ကို အရေးပေါ် အခြေအနေမှသာ အသုံးပြုပါ။
- >ရေ များ စိုစွတ် နေသည့် အရာ များ အား ခြောက်
သွေ့စေရန် ရှင်းလင်း ဆောင်ရွက်ရန်။
- ဘီရိုများ၊ အံဆွဲ များ အား သတိထား ၍ဖွင့် ရန်။
- အပျက်အစီး များ အား စစ်ဆေးပါ။ မီးခိုးထွက်
နေသည်များ ကိုအထူး သတိထားပါ။ အပျက် အစီးများ မှ မီးအချိန်မရွေး တောက်လောင်
နိုင်သည် ကို သတိပြုပါ။
- ဂတ်စ် ပိုက်လိုင်းများ ယိုစိမ့် နေမှု့ ရှိမရှိ
စစ်ဆေးပါ၊ အကယ်ဤ ဂတ်စ် အနံ့ရပါက ပိုက်လိုင်း ကို ပိတ်ပါ။ မီးဖိုခြင်း၊
လျှပ်စစ်ပစ္စည်းများ အသုံး ပြုခြင်း ကို ရှောင်ကျဉ်ပါ။ မိုဘိုင်း ဖုန်း များ
ကိုပင် အသုံးမပြုနှင့်။ (မိုဘိုင်းဖုန်း လှိုင်းများ မှ မီးတောက်လောင်စေရန်
အထောက်အပံ့ ဖြစ်နိုင်သည် ကို သတိချပ်ပါ)။ ပေါက်ပြဲ နေသည့်
လျှပ်စစ်မီးကြိုးများ အဝေး မှ နေပါ။ မိန်းခလုပ် သို့မဟုတ် ဆားကစ် ဘရိတ်ကာ ကို
ပိတ်လိုက်ပါ။ အကယ်၍ ရေပိုက် လိုင်းများ ပေါက်နေပါက အိမ်သာ ကို အသုံးမပြုပါ
နှင့်၊ ဘုံဘိုင် မှရေ ကို သောက်ခြင်း မှ ရှောင်ကျဉ်ပါ။ အရေးပေါ်အခြေအနေ အတွက်
သိမ်းထားတဲ့ ရေကို သောက်ပါ၊ ရေခဲများ မှ အပိုသောက်ရေ အတွက် အသုံးပြုပါ။
မှတ်ချက်။ ။ Federal Emergency Management Agency (FEMA) မှ ထုတ်ပြန်သည့်What can I do to prepare for an earthquake? (Created by Bill Haneberg) ကို ဆီလျော် အောင် ပြန်ဆိုပါ သည်။ သဘာဝ ဘေးအန္တရာယ် နှင့် ရင်ဆိုင် သည့်အခါတွင် အထောက်အပံ့ အနည်းငယ်မျှ ဖြစ်သည်ဆိုလျှင်ပင် အားထုတ်ရကျိုး နပ်ပါပြီ။
Source တော့ မမှတ်မိတော့ဘူး။ ဖြန့်ဝေ ပေးစေချင်ပါတယ်။
No comments:
Post a Comment