Account Activity ဟုခေါ်သော အသုံးပြုသူများအတွက် Google account နှင့်ပတ်သက်သည့် အစီရင်ခံစာများကိုဖော်ပြပေးနိုင်မည့် feature သစ်ကို Google ကမိတ်ဆက်ပေးခဲ့သည်။ Opt-in feature သစ်ဖြစ်သည့် Account Activity သည် Google user များအား ကွဲပြားခြားနားသည့် Google ထုတ်ကုန်များပေါ်တွင် လုပ်ဆောင်မှုများအား ဖော်ပြပေးမည်ဖြစ်သည်။ Account Activity အစီရင်ခံစာတွင် Google ထုတ်ကုန် အသုံးပြုမှုနှင့်ပတ်သက်သည့် လေ့လာဆန်းစစ်ချက်များအားလုံး ပါဝင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် အီးမေးလ်အသုံးပြုမှု၊ ဆက်သွယ်မှုအများဆုံး အီးမေးလ်လိပ်စာများနှင့် တခြားအချက်အလက်များ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် user များအနေဖြင့် ၎င်းတို့၏ account များကို sign-in ပြုလုပ်သည့်တည်နေရာများ၊ sign-in ပြုလုပ်သည့် browser များနှင့်အသုံးပြုသည့် operating system တို့ကိုပါ ကြည့်ရှုနိုင်မည်ဖြစ်သည်။ Google ၏အဆိုအရ account နှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို သိထားခြင်းဖြင့် အသုံးပြုသူများ၏ Google account များကို ကာကွယ်ရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် အသုံးပြုသူ၏ Google account ကိုအသုံးပြုသူ မရောက်ဖူးသည့်နိုင်ငံမှ အသုံးပြုထားသည်ကိုတွေ့ရှိပါက တစ်စုံတစ်ခုလွဲမှား နေသည်ဟုဆိုနိုင်ကြောင်း၊ ထို့အပြင် Google Account ကို ပိုမိုလုံခြုံစေရန်အတွက် Google ၏ two-step verification ဖြင့် sign up လုပ်နိုင်ကြောင်းသိရသည်။ အဆိုပါ Account Activity report feature ကို Google ကုမ္ပဏီက ထုတ်ကုန်အားလုံးအတွက် privacy policy ကိုသတ်မှတ်ပေးခဲ့ပြီး တစ်လအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၎င်း feature ကိုအသုံးပြုလိုသူများသည် https://www.google.com/settings /activity ထံသို့သွားရောက်ပြီး အသုံးပြုနိုင်သည်။ ရေးသားသူ -နောင်နောင် Ref: DigitalTrends Source:Internet Journal |
April 04, 2012
Account Activity report feature ကို Google မိတ်ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment