ကျနော်
Windows 8 Consumer Preview ထွက်တဲ့နေ့မှာပဲ
64 bit ဒေါင်းပြီး DVD Drive ကလည်းမကောင်းတာနဲ့ USB Drive နဲ့တင်လိုက်တာ အဆင်ပြေပါတယ်။
Start Menu မပါတော့ သုံးရတာနည်းနည်း ကသိကအောက်ဖြစ်တယ်။
ပထမဆုံး
ထုံးစံအတိုင်း Antivirus တင်တာပေါ့။ ဒီမှာစလမ်း စတော့ဒါပဲ။ Kaspersky Internet
Security 2012 ကိုတင်တာ မရဘူး။ ဒါနဲ့ Bitdefender တင်တော့လည်းမရဘူး။
Windows
7 မှာတော့သွင်းလို့မရတဲ့ Software ကိုRight Click ထောက်၊Properties
>compactibility> compactiblity mode ကနေဒီလိုလေးသွားပြောင်းပြီးသွင်းလိုက်ရင်ရတယ်။
Windows
8 မှာကမရဘူးဗျ။ ဒါနဲ့Online မှာ လိုက်ရှာတော့ Kaspersky internet security 2013
Beta က Compactibility ဖြစ်တယ်ဆိုတာနဲ့ဒေါင်းပြီးသွင်းလိုက်တယ်။ (KIS 2013 လိုချင်ရင် ဒီမှာယူလိုက်ပါ။။ ) ၉၁ ရက် Trial ရပါတယ်။ ဒါပေမယ့် CPU တော်တော်တက်ပြီး စက်ကလေးသွားတာနဲ့
ပြန်ဖြုတ်ချပြီး ESET တင်လိုက်တော့မှ အဆင်ပြေသွားတယ်။
ဆက်ပြီး
Application Software တွေဆက်တင်တော့ Dimscreen , Galwaysidle , virtual
router , connectify တို့တင်တာမရဘူးဗျာ။ Printer Epson,HP လည်းတင်လို့မရဘူးဗျာ။
Devices
and Printers ထဲက setting မှာ သွားပြီး Driver ရှိတဲ့File ကိုသွားေ၇ွှးပေးလိုက်တော့မှပဲ
ထုတ်လို့ရတော့တယ်။
ကျနော်မသုံးတတ်လို့ထင်တယ်။
အဆင်မပြေဘူး။ Tablet နဲ့တော့သုံးလို့တော်တော်ကောင်းမယ်ထင်တယ်။ သူ့ Store မှာ
Application တွေဝယ်သုံးနိုင်ရင်ပေါ့လေ။ ငွေများများတာစုထားလိုက်တော့။
ကျနော်ကတော့
ခုဖြုတ်ချပြီး Windows 7 ပဲပြန်တင်တော့မယ်။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment